လွန်ခဲ့သော ဒီဇင်ဘာလ ၂၅ ရက်နေ့က ဟဲဟိုးလေဆိပ်၌ အဲပုဂံလေယာဉ် ပျက်ကျမှုဖြစ်ပေါ်ရခြင်း
အကြောင်းရင်းမှန် ဖော်ထုတ်ရန် လေယာဉ်ပါ Black Box ခေါ် အနက်ရောင် သေတ္တာ (လေယာဉ်ပျံ
သန်းမှု မှတ်တမ်းတင်ကိရိယာ)အား မူလ က စင်ကာပူနိုင်ငံသို့ ပေးပို့ကာ စုံစမ်း စစ်ဆေးရန် စီစဉ်ခဲ့
သော်လည်း ယခုအခါ စင်ကာပူနိုင်ငံမှ ဆောင်ရွက်ပေးနိုင် ခြင်းမရှိသဖြင့် ဩစတြေးလျနိုင်ငံသို့
ပေးပို့စစ်ဆေးနေသည်ဟု စုံစမ်းစစ်ဆေးရေး အဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ လေကြောင်းပို့
ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ဒု-ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက မြန်မာတိုင်း(မ်)ကို
ပြောသည်။
"သက်သေအဖြစ်ရထားတဲ့ Black Box ကို ကနဦး စင်ကာပူသို့ပို့ပြီး စုံစမ်းစစ်ဆေးဖို့ လုပ်ခဲ့ပါတယ်။
ဒါပေမယ့် လေယာဉ်တစ်စီးလုံး မီးလောင်ထားတဲ့ အခြေအနေအရ စင်ကာပူက ဒီလောက် အနေ
အထားနဲ့ဆို သူတို့လုပ်ပေးလို့မရဘူးလို့ ပြောပါတယ်။ ဒါ့ကြောင့်အခု စင်ကာပူထက် နည်းပညာပိုင်း
ပိုအားသာတဲ့ ဩစတြေးလျကိုပို့ပြီး စုံစမ်းစစ် ဆေးနေပါတယ်။ လေယာဉ်ပျက်ကျရ ခြင်း အကြောင်း
ရင်းမှန်သိဖို့တော့ အချိန်အတိုင်းအတာတစ်ခုအထိတော့ စောင့်ရပါလိမ့်မယ်။ အဖြေထွက်လာရင်
တော့ သတင်းထုတ်ပြန်မှာပါ"ဟု ဦးဝင်းဆွေထွန်းက ပြောသည်။
အဆိုပါ အဲပုဂံလေယာဉ်မှ အနက်ရောင်သေတ္တာအား Australian Transport Safety Bureau မှ
လက်ခံကာ လက်ရှိစုံစမ်းနေဆဲဖြစ်သည်။
"အဲဒီအနက်ရောင်သေတ္တာက အသံဖမ်းစက်တွေဖြစ်တဲ့ Flight Data Recorder နဲ့ Cockpit Voice
Recorder တွေကို ပြန်နားထောင်ရပါမယ်။ ကျွန်တော်တို့ စုံစမ်းရေးကော်မတီကလည်း ကိုယ်တိုင်
သွားရောက် နားထောင်ပြီး မှတ်ချက်ယူရမှာပါ။ ဒီစုံစမ်းစစ်ဆေးမှုအတွက် အဲပုဂံရဲ့ထောက်ခံအား
ပေးမှုကလည်း ကောင်းပါတယ်"ဟု ဦးဝင်းဆွေထွန်းက ပြောသည်။
အဆိုပါလေယာဉ်မှာ ရန်ကုန်-မန္တလေး-ဟဲဟိုး-ရန်ကုန် ခရီးစဉ် ပျံသန်း ပြေးဆွဲသော အဲပုဂံ၏
ဖော်ကာ လေယာဉ် XY-AGC လေယာဉ်အမျိုး အစားဖြစ်ပြီး လေယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်း
ခြောက်ဦး၊ နိုင်ငံခြား ခရီးသွားဧည့်သည့် ၄၈ ဦးနှင့် ပြည်တွင်း ခရီးသွားဧည့်သည် ၁၇ ဦး၊ စုစုပေါင်း
ရ၁ ဦး စီးနင်းလိုက်ပါလာခဲ့သည်။
လေယာဉ်သည် အဆိုပါနေ့ နံနက် ၈ နာရီ ၅၁ မိနစ်ခန့်တွင် ဟဲဟိုးလေဆိပ်သို့ တောင်ဘက်မှ
မြောက်ဘက်သို့ ချဉ်းကပ်ဆင်းသက်စဉ် လေယာဉ်ပြေးလမ်းထိပ်မှ တစ်မိုင်ခန့်အကွာရှိ အရှေ့
အနောက် သွယ်တန်းထားသော ကလော-အောင် သပြေ ၆၆ ကေဗီအေ ဓာတ်အားလိုင်း နှင့်
လေယာဉ်အောက်ပိုင်း စတင်တိုက်မိပြီး တစ်ဖန် တောင်ကြီး-မိတ္ထီလာ ကားလမ်းဘေးရှိ သစ်ပင်
တန်းအား ဆက်လက်တိုက်မိကာ အနီးရှိ လယ်ကွင်းထဲ၌ လျှောတိုက် ရပ်တန့်သွားသည်။
ထို့ နောက် ခရီးသည်များ လေယာဉ်မှ အမြန်ဆုံးပြင်ပသို့ထွက်ပြီး နှစ်မိနစ်ခန့်အကြာတွင် မီးစတင်
လောင်ကျွမ်းခဲ့သည်။
အဆိုဖြစ်စဉ်ကြောင့် ရပ်စောက်မြို့နေ ခရီးသွား ဧည့်လမ်းညွှန်ဖြစ်သူ မနွယ်လင်းရှိန်နှင့် လေယာဉ်
ဆင်းသက်စဉ် ထိခိုက်မှုကြောင့် ကားလမ်းပေါ်တွင် သွားလာနေသော မော်တော်ဆိုင်ကယ်တစ်စီး
မီးလောင်ပျက်စီးခဲ့သဖြင့် မော်တော်ဆိုင်ကယ်စီးနင်းလာသူ ဦးပြား ဆိုသူလည်း သေဆုံးခဲ့ရသည်။
ထို့ပြင် နိုင်ငံခြားသားခရီးသည်အချို့၊ လေယာဉ်မှူးနှစ်ဦး၊ ဧည့်လမ်းညွှန်နှစ်ဦး နှင့် မော်တော်ဆိုင်
ကယ်စီးနင်းလာသူ တစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြသည်။
















