ခရီးသွားလုပ်ငန်းရန်ပုံငွေ ပဒေသာကပွဲ ကျင်းပမည်

ခရီးသွားလုပ်ငန်းရန်ပုံငွေ ပဒေသာကပွဲ ကျင်းပမည်

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဈေးကွက် မြှင့်တင်ရေးကော်မတီ(အမ်အမ်စီ)သည် ခရီးသွားလုပ်ငန်း
ဆိုင်ရာ ဈေးကွက်ဖွံ့ဖြိုး ရေးဆောင်ရွက်ချက်များ အကောင်အထည်ဖော်ရန်အတွက် ဘဏ္ဍာငွေရှာ
ဖွေရေး အစီအစဉ်အရ ရန်ပုံငွေပဒေသာ ကပွဲကျင်းပရန် စီစဉ်နေသည်။

ရန်ပုံငွေပဒေသာကပွဲအဖြစ် ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)၏ 'နှင်းဆီ ခရီးသည်' မော်ဒန်
အငြိမ့်ကို လာမည့် ဖေဖော်ဝါရီလ ၈ ရက်နေ့နှင့် ၉ ရက်နေ့ တို့တွင် ပြည်သူ့ဥယျာဉ်၌ ညနေ ၆ နာရီ
မှ ည ၁၁ နာရီအထိ စည်ကားစွာကျင်းပရန် စီစဉ်နေကြောင်း အမ်အမ်စီအလုပ် အမှုဆောင်
ဦးကျော်စွာမင်းက ပြောသည်။

"အခုဆို မြန်မာနိုင်ငံကို နိုင်ငံခြားခရီးသည်အဝင်လည်း ပိုများလာပါတယ်။ အခုလိုအချိန်မှာ ရုတ်တ
ရက် ကြည့်ရင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းက အောင်မြင်တယ်ပေါ့။ အောင်မြင်နေလျက်သားနဲ့
ဒီလိုမျိုး ဘာလို့လုပ်နေရသလဲဆို အောင်မြင်နေတဲ့အခါ အစက ထက်ပိုလုပ်ရပါတယ်။ ဒါကြောင့်
ဒီလို ဘဏ္ဍာငွေရှာဖွေရေးအစီအစဉ်တွေကို ကျွန်တော်တို့လုပ်ရခြင်း ဖြစ်ပါတယ်"ဟု ဦးကျော်စွာမင်း
က ပြောသည်။

'နှင်းဆီခရီးသည်' အငြိမ့်တွင် လူရွှင် တော်အဖြစ် နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ ရဲလေးနှင့် မိုးမိုး
တို့က လည်းကောင်း၊ မင်းသမီးများအဖြစ် ဖူးစုံ၊ မေကဗျာနှင့် မိုးယုစံတို့ ကလည်းကောင်း ပါ၀င်ကြ
မည်ဖြစ်သည်။

ပဒေသာကပွဲနှင့်အတူ ခရီးသွားလုပ်ငန်းပြခန်းများနှင့် ဈေးဆိုင်ခန်းများလည်း ပါ၀င်မည်ဖြစ်သည်။

"ကျွန်တော်တို့ ပထမဆုံးကပြခဲ့တာ ၂၀၀၆ ခုနှစ်ကနေ အခုအထိဆို နှင်းဆီအဖွဲ့က ခုနစ်နှစ်ထဲ
ရောက်သွားပါပြီ။ ဒီနှစ်မှာတော့ ကျွန်တော်တို့ မကြံုစဖူး ဒီပွဲမှာ ကျွန်တော်တို့ အစီအစဉ်အသစ်
တစ်ခုလည်း ရှိပါတယ်။ အဲဒါကတော့ မြန်မာအချင်းချင်းသာမက ကမ္ဘာလှည့်ခရီးသည်တွေကိုပါ
ရယ်အောင်လုပ်ပြမယ်လို့ ကြွေးကြော်ထားပါတယ်။ နောက် နိုင်ငံခြားဧည့်သည်တွေကိုလည်း ဖိတ်
ခေါ်ထားတာရှိပါတယ်။ မြန်မာသီချင်းကို တစ်ပိုဒ်လောက်ဆိုပြတာမျိုး၊ မြန်မာအကကို တစ်ပိုဒ်လိုက်
၀င်ကသလိုမျိုး တင်ဆက်သွားမှာဖြစ်ပါတယ်"ဟု မောင်မျိုးမင်း(ရင်တွင်းဖြစ်)က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး