မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ၊ လူသားချင်းစာနာသည့် အကူအညီ၊ ပြန်လည်ထူထောင်ရေးနှင့်
တည်ဆောက် ရေးလုပ်ငန်းစဉ်များကို လာရောက် လေ့လာသော အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး
မစ္စတာမာတီနာတာလီဂါ၀ါ သည် ၎င်း၏နှစ်ရက်တာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း လူသားချင်းစာနာ
သည့် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ တစ်သန်းအား အင်ဒိုနီးရှားအစိုးရက ထပ်လောင်း ပေးအပ်
ခဲ့သည်။
"နှစ်နိုင်ငံချစ်ကြည်ရေးနဲ့ စည်းလုံညီ ညွတ်ရေးအထိမ်းအမှတ်အနေနဲ့လူသား ချင်းစာနာမှုအကူအညီ
အမေရိကန် ဒေါ်လာတစ်သန်းကို အမျိုးသားပြန် လည်သင့်မြတ်ရေးလုပ်ဆောင်ချက်တွေ ဖြစ်တဲ့
ဒေသခံအသင်းတိုက်၊ ကျောင်း၊ လူငယ်ရေးရာနှင့် အားကစားစင်တာများ တည်ဆောက်ပေးခြင်းဖြင့်
သဘောထားကွဲလွဲနေသော တိုင်းရင်းသားလူမျိုးစုများအကြား ပြန်လည်သင့်မြတ်ရေးကို ဆောင်
ရွက်ပေးရာကျပါတယ်" ဟု နာတာလီဂါ၀ါက ပြောသည်။
မစ္စတာ နာတာလီဂါ၀ါ၏ ယခု မြန်မာနိုင်ငံ ခရီးစဉ်သည် လွန်ခဲ့သော နိုဝင်ဘာလကဖနွမ်းပင်မြို့၌
ကျင်းပခဲ့သည့် အာဆီယံထိပ်သီး ညီလာခံအတွင်း နှစ်နိုင်ငံသမ္မတ တွေ့ဆုံဆွေးနွေးမှု၏ နောက်
ဆက်တွဲခရီးစဉ်အဖြစ် လာရောက်ခြင်းဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအား အနီးကပ်လေ့လာ နေကြောင်း၊ အထူး
သဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များ ဖြစ်ကြောင်း အင်ဒိုနီးရှားသံရုံးမှ
ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အင်ဒိုနီးရှား အစိုးရအနေ ဖြင့် မြန်မာအစိုးရမှ လူမျိုးစုများပဋိပက္ခ ရပ်တန့်စေရန် ဆောင်ရွက်
နေသည်များ ကိုလည်း အသိအမှတ်ပြု ကူညီထောက် ပေးမည်ဟု ပြောကြားသည်။
မစ္စတာ နာတာလီဂါ၀ါသည် ယခု ဇန်နဝါရီလ ရ ရက်နေ့မှ ၈ ရက်နေ့အထိ နှစ်ရက်ကြာခရီးစဉ်
အဖြစ် လာရောက်ခဲ့ ခြင်းဖြစ်ပြီး အဓိကအားဖြင့် ရခိုင်ပြည်နယ်သို့ သွားရောက်ကာ လက်ရှိအခြေ
အနေအား လေ့လာခဲ့သည်။
ထို့ပြင် ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်ဝန်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီးနှင့်ပါ တွေ့ဆုံခဲ့ပြီး ပဋိပက္ခဖြစ်
ပေါ်ရခြင်း အကြောင်းရင်းအား ဆွေးနွေးဖလှယ်ခဲ့ကြောင်း သိရှိရသည်။
သို့ဖြစ်၍ အင်ဒိုနီးရှားအစိုးရသည် မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူး ပြောင်းမှု ကူညီထောက်ပံ့ရန်၊
ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ၌ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်ပြီး
၂၀၁၃ ခုနှစ် စွမ်းဆောင်ရည် မြှင့်တင်ရေး ပူးတွဲလုပ်ဆောင်ချက်အဖြစ် လူမှုစီးပွားရေး၊ ဒီမိုကရေစီ၊
အသေးစား နှင့် အလတ်စားစီးပွာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်းလမ်းပို့ဆောင်ရေးစီမံကိန်း
လေးခုအား အကောင်အထည်ဖော်မည်ဟု ၎င်းကပြောသည်။
















