သန်းကြွယ်သူဌေး ဂျော့ဆိုးရော့စ် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကို စိတ်ဝင်စားနေ

သန်းကြွယ်သူဌေး ဂျော့ဆိုးရော့စ် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကို စိတ်ဝင်စားနေ

မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်ရောက်ရှိ နေသော သန်းကြွယ်သူဌေး ဂျော့ဆိုးရော့စ်က မြန်မာနိုင်ငံ၏
ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်သည်များကို စိတ်ဝင်စားလျက်ရှိနေသဖြင့် ပြည်တွင်းငြိမ်းချမ်း
ရေး ဖော်ဆောင်မှုနှင့် ပတ်သက် နေသည့်အဖွဲ့များနှင့် ဇန်နဝါရီလ ပထမပတ်အတွင်းက တွေ့ဆုံခဲ့
သည်။

Open Society Foundations၏ တည်ထောင်သူလည်းဖြစ်သူ ဂျော့ဆိုးရော့စ်သည် ဇန်နဝါရီလ
ပထမပတ်အတွင်းမှာပင် မြန်မာငြိမ်းချမ်းရေး စင်တာမှ တာဝန်ရှိသူများနှင့်လည်း ကောင်း၊ ရှမ်းအမျိုး
သားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဝင် များနှင့်
လည်းကောင်း တွေ့ဆုံကာ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်များကို တွေ့ဆုံ မေးမြန်းခဲ့သည်။

"ကျွန်တော်နဲ့တွေ့တာကတော့ လက်ရှိ ရှမ်းပြည်နယ်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေလုပ်နေတဲ့
အခြေအနေကိုမေးပါတယ်။ အခု ရှမ်းပြည်မှာ အကုန်ပါ၀င်နိုင်မယ့် ငြိမ်းချမ်းရေးညီလာခံနဲ့ ပတ်သက်
ပြီးတော့လည်း မေးမြန်းခဲ့ပါတယ်။ ဒီညီလာခံလုပ်ဖို့ သူဘာတွေ ထောက်ပံ့ ပေးမယ်ဆိုတာမျိုးတော့
ကတိပြုခဲ့တာ မရှိပါဘူး။ သူက ငြိမ်းချမ်းရေး အခြေအနေကို သိချင်တာပါ"ဟု ဦးခွန်ထွန်းဦး က ဆို
သည်။

ဂျော့ဆိုးရော့စ်သည် မြန်မာနိုင်ငံ၌ အမျိုးသားပြန်လည်စည်းလုံးညီညွတ် ရေးအတွက်များစွာစိတ်
အားထက်သန်ပြီး ယခုအခေါက်တွင် ထိုအချက်ကို အခြေခံပြီး တွေ့ဆုံမေးမြန်းခဲ့သည်။

"အခု ပြည်တွင်းအမျိုးသား ပြန်လည်သင့်မြတ်ရေးမှာ အဖုအထစ်တွေ ရှိနေတယ်ဆိုတာကို သူသိ
တယ်"ဟု ဦးခွန်ထွန်းဦးက ပြောသည်။

ထို့ပြင် ဦးခွန်ထွန်းဦး ဦးဆောင်လုပ် နေသည့် ရှမ်းပြည်ငြိမ်းချမ်းရေး ညီလာခံ နှင့် ပတ်သက်ပြီးလည်း
လိုအပ်နေကြောင်း ၎င်းကို ပြောဆိုခဲ့သည်။

ဇန်နဝါရီလ ၈ ရက်နေ့က ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်တွင်လည်း
ငြိမ်းချမ်းရေး ကိစ္စရပ်များကို ထိရောက်စွာ ပိုမိုပါ၀င် ဆောင်ရွက်နိုင်ရန် အလားအလာများကိုလည်း
၎င်းနှင့်တွေ့ဆုံဆွေးနွေးခဲ့ ကြောင်းသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး