ကိုကာကိုလာ စက်ရုံတည်ဆောက်ရန် အပြီးမသတ်ရသေး

ကိုကာကိုလာ စက်ရုံတည်ဆောက်ရန် အပြီးမသတ်ရသေး

ကိုကာကိုလာကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ပုလင်းသွင်းစက်ရုံ တည်ဆောက်ခွင့်ရသွားပြီဟု ပြည်
တွင်း မီဒီယာများတွင် ဖော်ပြနေကြသော်လည်း အဆိုပါ ကုမ္ပဏီကမူ အပေးအယူ သဘောတူညီ
ချက်ကို အပြီးသတ် မချုပ်ဆိုရသေးဟု မြန်မာတိုင်း(မ်)ကို ပြောသည်။

"ကိုကာကိုလာ ကုမ္ပဏီအနေနဲ့ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (အမ်အိုင်စီ)ကို နိုင်ငံခြားရင်းနှီး
မြှုပ်နှံမှု လိုင်စင် လျှောက်ထားပါတယ်။ အမ်အိုင်စီနဲ့ဆွေး နွေးမှုတွေ ဆက်လုပ်နေပါတယ်။ သဘော
တူညီမှုရဖို့ အဆင့်တချို့ကျန်ပါ သေးတယ်"ဟု ကိုကာကိုလာကုမ္ပဏီ (မြန်မာ)၏ ပြည်သူ့ဆက်ဆံ
ရေးနှင့် ဆက်သွယ်ရေး ဒါရိုက်တာ Karen Thompson က ပြောကြားခဲ့သည်။

ကိုကာကိုလာကုမ္ပဏီသည် မြန်မာ နိုင်ငံသို့ ၎င်း၏ ဖျော်ရည်တင်ပို့မှုကို နှစ် ၆၀ အတွင်း ပထမဦးဆုံး
အနေဖြင့် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက် နေ့တွင် စတင်ရရှိခဲ့သည်။

ကိုကာကိုလာကုမ္ပဏီ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Muthar Kent သည် သနပ်ခါးအဖွေးသား
လိမ်းထားသည့် မြန်မာဆိုင်ရှင်နှင့် ကိုကာကိုလာဘူးများ စီရီထားသည့်စင်ကို ရိုက်ပြထားသည့်
ကိုကာကိုလာ မြန်မာနိုင်ငံ၌ စတင် ရောင်းချသည့် အခမ်းအနားသို့ တက် ရောက်ခဲ့သည်။

မြန်မာအခြေစိုက် ပင်းယကုမ္ပဏီနှင့် အတူ ၎င်း၏ အချိုရည်ပုလင်းစက်ရုံကို မြန်မာနိုင်ငံ၌ တည်
ဆောက်မည်ဟု အဆိုပါ အခမ်းအနားတွင် ၎င်းက ပြောကြားခဲ့သည်။

ပင်းယကုမ္ပဏီသည် မက်စ်အချိုရည်နှင့် မက်စ်ပလပ် အချိုရည်မျိုးစုံ ကိုထုတ်လုပ်ပြီး မြန်မာနိုင်ငံ
တစ်ဝန်း ဖြန့်ဖြူးရောင်းချနေသည်။

ဖျော်ရည်ပုလင်း စက်ရုံတည်ဆောက်ရေး သဘောတူညီမှုနှင့် ပတ်သက်ပြီး ပင်းယကုမ္ပဏီကို
မေးမြန်းခဲ့ရာ အဆိုပါ ကုမ္ပဏီ၏ တာဝန်ရှိသူက တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်းမပြုခဲ့ပေ။

"မြန်မာကုမ္ပဏီနဲ့ ပူးပေါင်းဖို့ ရည်ရွယ်ထားတာကတော့ ကိုကာကိုလာကုမ္ပဏီရဲ့ ကမ္ဘာအနှံ့ ဖြန့်ဖြူး
ရောင်းချနေတဲ့ အကောင်းဆုံးလုပ်ငန်းစနစ်ကို မြန်မာ နိုင်ငံတွင်း ဆောင်ကြဉ်းပေးဖို့ပဲ ဖြစ်ပါတယ်။
ပြီးတော့ ဒေသခံ စီးပွားရေးနဲ့ ဈေးကွက်အမြင်ရှိသူတွေကို အရည် အသွေး မြှင့်တင်ပေးဖို့လည်း
ရည်ရွယ်ပါတယ်။ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို နိုင်ငံ တစ်ဝန်း အလျင်အမြန် ဖြန့်ဖြူး ပေးနိုင်ဖို့ ပင်းယ
ကုမ္ပဏီနဲ့ ကနဦး ဖြန့်ဖြူးရေး သဘောတူညီမှုတည်ဆောက်ပြီး ပြည်တွင်းထုတ်လုပ်မှုကို မြန်နိုင်သမျှ
မြန်မြန် စတင်ဖို့လည်း ရည်ရွယ်ပါတယ်"ဟု စက် တင်ဘာလ ၁၀ ရက်နေ့တွင်ပြုလုပ်ခဲ့သည့်
သတင်းစာရှင်းလင်းပွဲ၌ ကိုကာ ကိုလာကုမ္ပဏီက သတင်းထုတ်ပြန်ခဲ့သည်။

ကိုကာကိုလာကုမ္ပဏီ၏ ကိုယ်စားလှယ်က ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုကို အတိအကျ မဖော်ပြခဲ့ချေ။
သို့သော် "အလုပ်အကိုင်အခွင့်အလမ်း ထောင်ပေါင်းများစွာကို ပေါ်ပေါက်စေမယ့် ရင်းနှီး မြှုပ်နှံမှုကြီး
တစ်ခုကို လာမယ့်နှစ်မှာစတင်ဖို့ ကျွန်တော်တို့ ရည်ရွယ်ထားပါတယ်"ဟု ၎င်းက ပြောကြားခဲ့သည်။

တင်မ်မက်လောက်ဖ်လင်း



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး