အစိုးရနှင့် ပူးပေါင်းရန် အသင့်ရှိကြောင်း ABSDF ဥက္ကဋ္ဌ ပြော

အစိုးရနှင့် ပူးပေါင်းရန် အသင့်ရှိကြောင်း ABSDF ဥက္ကဋ္ဌ ပြော

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) အနေဖြင့် တိုင်းရင်းသား
များ၏ အခွင့်အရေးနှင့် တန်းတူညီမျှရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ နှင့်
ပူးပေါင်း တိုက်ပွဲဝင်နေသည့် နည်းတူ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး
အတွက် အစိုးရ နှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိ ကြောင်း ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက
ယခုလ ၃ ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေးစင်တာ၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌
ပြောသည်။

ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲဦး ဆောင်သော အဖွဲ့ဝင်ကိုးဦးပါ ကိုယ်စားလှယ်အဖွဲ့သည် သမ္မတရုံး
၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ၏ သဘောတူခွင့်ပြုချက်ဖြင့် နှစ် ၂၀ ကျော်အတွင်း
ပထမဆုံးအကြိမ်လာ ရောက်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

"ငြိမ်းချမ်းရေးဆိုတာ မြန်မာပြည်ရဲ့ ပင်မရေးစီးကြောင်းတစ်ခုပဲ။ တစ်တိုင်း ပြည်လုံးငြိမ်းချမ်းရေး
အတွက် အားလုံးပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ အင်အားစုအသီးသီးက ၀ုိင်းဝန်းစုပေါင်းပြီး
အပြောင်းအလဲကို သယ်ဆောင်ကြမယ်ဆိုရင် လိုချင်တဲ့ပန်းတိုင်ကို မြန်မြန် ရောက်မယ်လို
ယုံကြည်ပါတယ်"ဟု ရဲဘော်သံခဲက ပြောသည်။

ABSDF အနေဖြင့် အစိုးရနှင့် အပစ် အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးထား ခြင်း မရှိသောကြောင့်
ယခုကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များတွင် ပါ၀င်တိုက်ပွဲဝင်နေခြင်းဖြစ်သော်လည်း
လက်ရှိကေအိုင်အေနှင့် အစိုးရ တပ်အကြား ဖြစ်ပွားနေသောတိုက်ပွဲများ ရပ်တန့်ကာ နိုင်ငံရေး
ဆွေးနွေးပွဲ အမြန်ဆုံးကျင်းပရန် နှစ်ဖက်စလုံးအား တောင်းဆိုသွားမည်ဖြစ်သည်။

"လက်ရှိ မြောက်ပိုင်း ကချင်ဒေသတိုက်ပွဲဖြစ်တဲ့နေရာမှာ ABSDF ရှိနေပါတယ်။ ဒါပေမယ့် အခုဒီမှာ
ဗဟိုကိုယ်စားလှယ်တွေ အစိုးရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးတွေမှာ ပူးပေါင်းပါ၀င်ဖို့လုပ်ဆောင်နေ
ခြင်းဟာ လက်နက်ကိုင်တိုက်ပွဲဝင်တာကို အားစိုက်လုပ်ဆောင်နေတာ မဟုတ်ဘဲ နိုင်ငံရေးပြဿနာ
တွေကို စကားဝိုင်းမှာ ဖြေရှင်းချင်တယ်ဆိုတာကို သက်သေပြနေပါတယ်"ဟု ABSDF ၏ အဖွဲ့ဝင်
ဖြစ်သူ မလေးလုံက ပြောသည်။

ABSDF အဖွဲ့ဝင်များသည် နှစ်ပတ်ကြာ ခရီးစဉ်အတွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ
ဦးအောင်မင်း အပါအဝင် အစိုးရတာဝန်ရှိသူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက်
ကျောင်းသားများ၊ တိုင်းရင်းသားအင်အားစုများ၊ ကျောင်းသားလူငယ်များ၊ ABSDF ရဲဘော်ဟောင်း
များနှင့် တွေ့ဆုံခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး