ပြည်ထောင်စုအစိုးရနှင့် ညီညွတ်သော တိုင်းရင်းသားများ၊ လူမျိုးများ ဖက်ဒရယ်ကောင်စီတို့ နိုင်ငံရေးဆွေးနွေးပွဲ ယခုလအတွင်း ကျင်းပနိုင်ဖွယ်ရှိ

ပြည်ထောင်စုအစိုးရနှင့် ညီညွတ်သော တိုင်းရင်းသားများ၊ လူမျိုးများ ဖက်ဒရယ်ကောင်စီတို့ နိုင်ငံရေးဆွေးနွေးပွဲ ယခုလအတွင်း ကျင်းပနိုင်ဖွယ်ရှိ

ထိုင်းနိုင်းငံ၊ ချင်းမိုင်မြို့အခြေစိုက် ညီညွတ်သော တိုင်းရင်းသားများ၊ လူမျိုးများ ဖက်ဒရယ် ကောင်စီ
(UNFC)သည် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု
၀န်ကြီး ဦးအောင်မင်းနှင့် ယခုလလယ်တွင် တွေ့ဆုံကာ နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ဖွယ်ရှိကြောင်း
ငြိမ်းချမ်းရေးအကျိုးဆောင် ဦလှမောင်ရွှေက သတင်းမီဒီယာအား ယခုလ ၃ ရက်နေ့ ရန်ကုန်မြို့ရှိ
မြန်မာငြိမ်းချမ်းရေးစင်တာတွင် တွေ့ဆုံစဉ် ပြောသည်။

"ဦးအောင်မင်းအနေနဲ့ နိုင်ငံရေးအရ ဆွေးနွေးဖို့ အားလုံးနဲ့သဘောတူထားတယ်။ UNFC ခေါင်း
ဆောင်တွေနဲ့ အောက်တိုဘာ ၁၉၊ ၂၀ နဲ့ တွေ့တုန်းက ဦးအောင်မင်းက လာလည်ဖို့ ကမ်းလှမ်းထား
တယ်။ အခု မကြာခင်ရက်ပိုင်းက UNFC က နိုင်ငံရေးဆွေးနွေးပွဲ တစ်ခုကို တတိယနိုင်ငံမှာလုပ်မယ်
လို့ အကြောင်းပြန်တယ်။ ဦးအောင်မင်းကလည်း လက်ခံတယ်။ UNFC ဘက်ကလည်း ချိန်ဆနေ
တယ်လို့ ကျွန်တော်တို့ ယူဆတယ်။ တကယ်လို့ အဆင်ပြေမယ်ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲကို
ဇန်နဝါရီလလယ်လောက်မှာ လုပ်နိုင်မယ့် အနေအထားရှိတယ်"ဟု ဦးလှမောင်ရွှေ က ပြောသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း
၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော UNFC အား ၂၀၁၀ နို၀င်ဘာလမှ စတင်ဖွဲ့စည်းခဲ့ပြီး အနာဂတ်တွင်
စစ်မှန်သော ပြည်ထောင်စု စနစ်နှင့် နိုင်ငံတော်နှင့် ပြည်သူလူထုအား ကာကွယ်စောင့်ရှောက်ရန်၊
ပြည်ထောင်စု စစ်တပ်အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာရန် ဖွဲ့စည်းခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းသည် UNFC နှင့် ၂၀၁၁ နှောင်းပိုင်းမှ စတင်၍ ငြိမ်းချမ်းရေးကိစ္စ
ရပ်များ ဆွေးနွေးရန် အလွတ်သဘော နှစ်ကြိမ်ခန့်တွေ့ဆုံပြီးဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး