'ညှို့' မဂ္ဂဇင်းထုတ်ဝေခွင့် ရုပ်သိမ်းခံရ
စက်တင်ဘာလတွင် ဖက်ရှင်ဦးစားပေးဖော်ပြသည့်မဂ္ဂဇင်းအဖြစ် ထုတ်ဝေခွင့်ရရှိခဲ့သည့် ၎င်းမဂ္ဂဇင်း
သည် ထွက်ရှိ လာချိန်တွင် အမှန်တကယ်ဖော်ပြချက်များမှာ လိင်အသားပေးဖော်ပြချက်များကို
တွေ့ရှိရသဖြင့် မူလထုတ်ဝေခွင့်လျှောက် ထားစဉ်ကနှင့် ရာနှုန်းပြည့် ကွဲလွဲမှုကြောင့် ပုံနှိပ်သူများ၊
ထုတ်ဝေသူများ၊ မှတ်ပုံတင်နှင့် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟို အဖွဲ့အစည်းအဝေး ၁/၂၀၁၃
ဆုံးဖြတ်ချက်အရ ၎င်းမဂ္ဂဇင်းထုတ်ဝေခွင့်ကို ရုပ်သိမ်းခဲ့သည်။
















