မြန်မာနိုင်ငံသားများအတွက် ထိုင်းနိုင်ငံ ရှိ Asian Institute of Technology (AIT) က ဘာသာ
ရပ်သုံးခုအတွက် ပညာသင်ဆုများ ပေးအပ်မည်ဖြစ်သည်။
ဘွဲ့လွန်ဘာသာရပ်များဖြစ်သော School of Management(SOM), School of Environment,
Resources and Development (SERD) နှင့် School of Engineering and Technoloyg
(SET) ဘာသာရပ်များကို လျှောက်ထားနိုင်ပြီဖြစ်ပြီး သတ်မှတ်အရည်အသွေးပြည့်မီသူ ၄၀ ဦးကို
နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာနမှ လျှောက်လွှာစရိတ်၊ ရန်ကုန်တွင် အကြိုတက်ရောက်မည့်
သင်ကြားစရိတ်နှင့် မာစတာဘွဲ့အတွက်စရိတ်၊ နေထိုင်စားစရိတ်၊ ဗီဇာစရိတ်နှင့် ရန်ကုန်အပြန်
စရိတ်များထောက်ပ့ံပေးမည်ဖြစ်သည်။
လျှောက်ထားလိုသူများ သည် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားရန် လိုအပ်ပြီး၊ GPA အနိမ့်ဆုံး
၂ ဒသမ ရ၅ မှ ၄ အတွင်း ရှိရန်လိုအပ်ပြီး အင်္ဂလိပ်စာ ကျွမ်းကျင်မှုမှာ IELTS 4.5၊ အသက် ၄၀
အောက်ဖြစ်ရန် လိုအပ်သည်။
လျှောက်ထားရန်အတွက် NFMA/ AIT ပညာသင်ဆုဖောင်တွင် ဖြည့်စွက်ရန်၊ ပညာသင်မှတ်တမ်း၊
အင်္ဂလိပ်လိုရေး ကိုယ်ရေးဖော်ပြချက် စာလုံးရေ ၄၀၀ ခန့် နှင့် ထောက်ခံပေးသူနှစ်ဦးလိုအပ်ပြီး
ဖေဖော်ဝါရီလ ၁၅ ရက် နောက်ဆုံးထား [email protected] သို့ ပေးပို့ရန် လိုအပ်ပြီး၊ Myanmar
Egress ၊ အင်္ဂလိပ်စာဌာန နံပါတ် ၃၅၊ ကျိုက်ဝိုင်းဘုရားလမ်း နှင့် မင်းဓမ္မလမ်းထောင့်၊ မရမ်းကုန်းမြို့
နယ်သို့ လျှောက်ထားနိုင်သည်။
ဖောင်များကို www.ait.ac.th/news-and-events/2013/news/NMFA.2013.doc/ တွင်
ရယူနိုင်သည်။















