လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တရားဝင် မှတ်ပုံတင်မည်

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တရားဝင် မှတ်ပုံတင်မည်

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီသည် လာမည့်ခြောက်လအတွင်း တရားဝင်မှတ်ပုံတင်နိုင်အောင်
ကြိုးပမ်းနေကြောင်း ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ပြုလုပ်သည့် ပါတီ၏ ပြည်တွင်းလေ့လာရေးခရီး
စဉ်နှင့် ပတ်သက်၍ စာနယ်ဇင်း ရှင်းလင်းပွဲတွင် အထွေထွေအတွင်းရေးမှူး ဦးငွေလင်းက ပြောသည်။

"မှတ်ပုံတင်ရတဲ့ အဓိကအကြောင်းအရာကတော့ ပါတီကို ၁၉၉၁ ခုနှစ်မှာ အစိုးရကနေ မတရား
ဖျက်သိမ်းခဲ့ပြီး ပါတီရဲဘော်တွေအားလုံး နယ်စပ် ရောက်သွားခဲ့ရတယ်။ လူထုနဲ့ ပါတီနဲ့က ၂၁ နှစ်
လောက် ဝေးကွာသွားရတယ်။ မြန်မာပြည်ရဲ့ အခု တစ်စုံတစ်ရာပြောင်း လဲလာတဲ့အောက်မှာ၊
ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ အစိုးရရဲ့သဘောထား တွေအောက်မှာ ကျွန်တော်တို့ပါတီက
တရားဝင်ပါတီတစ်ရပ်အနေနဲ့ ပြန်လည်ရပ်တည်လှုပ်ရှားခြင်းက ယနေ့ကာလ မှာ ကြံုတွေ့နေရတဲ့
လူထုတွေရဲ့ အခက်အခဲတွေ မပြီးဆုံးသေးတဲ့ စစ်မှန်တဲ့ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးတွေ၊ အမျိုးသား
ပြန်လည်သင့်မြတ်ရေး စတာတွေ လက်တွေ့ကျကျ လူထုနဲ့ အတူလုပ်ချင်တယ်ဆိုတာတွေကြောင့်
ပါတီ တရား ၀င်မှတ်ပုံတင်ဖို့ ဆုံးဖြတ်လိုက်ရတာပါ" ဟု ဗဟိုဦးဆောင်ကော်မတီဝင်တစ်ဦး ဖြစ်သူ
ကိုတိုးတိုးထွန်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

၎င်းတို့ပါတီအနေဖြင့် မှတ်ပုံတင်ပြီးနောက် မြန်မာပြည်ရှိ လတ်တလော ပြဿနာဖြစ်သည့် ငြိမ်းချမ်း
ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး စသည်တို့ကို ပါတီအနေဖြင့် အဓိကဖြစ်ရသည့် အကြောင်း
ရင်းကို ရှာဖွေကာ လူထုနှင့် အတူ အဖြေရရှိအောင် လုပ်မည်ဖြစ် ကြောင်း ၎င်းကပြောသည်။

ထို့ပြင် ပါတီအနေဖြင့် မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း အခြေစိုက်နိုင်မည်ဖြစ်ကြောင်း ၎င်းကပြော
သည်။

ထို့ပြင် ၎င်းတို့ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်သို့လာရောက်စဉ် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ
ပါတီဝင်များ တွေ့ဆုံပွဲဆွေးနွေးပွဲမှ သဘောတူညီချက် ရှစ်ချက်ရရှိခဲ့ရာ လူ့ဘောင်သစ် ဒီမိုကရက်
တစ်ပါတီကို ပါတီ၏ မူလအခြေခံမူများအပေါ် အခြေခံပြီး ပြည်သူကြားတွင် ပြန်လည်ရပ်တည်
လှုပ်ရှားနိုင် ရေးအတွက် စုပေါင်းဆောင်ရွက်ကြရန်၊ မဟာမိတ်များနှင့် ကျယ်ပြန့်စွာ လက်တွဲ
ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းကြရန်နှင့် လက်တွေ့ နိုင်ငံရေးဖြစ်စဉ်များတွင် ပြည်သူလူထု
ဘက်မှ ရပ်တည်ပါ၀င် ဆောင်ရွက်သွားကြရန်တို့ ပါ၀င်သည်။

လူ့ဘောင်သစ်ပါတီကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။

၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့ တွင် ပါတီကိုဖျက်သိမ်းကြောင်း အစိုးရ က ကြေညာခဲ့သည်။

၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင်
ဦးအောင်မင်း ဦးဆောင်သော အဖွဲ့နှင့် ပါတီကိုယ်စားလှယ်အဖွဲ့တို့ ပထမအကြိမ် စတင်ဆွေး
နွေးခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး