သီရိလင်္ကာရှိ ရှေးဟောင်းသမိုင်းဝင်စေတီသို့ မြန်မာနိုင်ငံမှ စိန်ဖူးတော်မြတ် လှူဒါန်း

သီရိလင်္ကာရှိ ရှေးဟောင်းသမိုင်းဝင်စေတီသို့ မြန်မာနိုင်ငံမှ စိန်ဖူးတော်မြတ် လှူဒါန်း

သီရိလင်္ကာနိုင်ငံ အနုရာဓပူရမြို့ မဟိန္ဒ လေတောင်ပေါ်ရှိ ရှေးဟောင်းသမိုင်းဝင် အမ္ဗသ္ထလဓါဂဗ
စေတီတော်တွင် အလိုတော်ပြည့်ဆရာတော် ဦးဆောင် သော အလှူရှင်များ၏ စိန်ဖူးတော်ကို
ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ဆက်ကပ်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

ပုဂံညောင်ဦးနယ်စပ်ဒေသ ပြည်တွင်း၊ ပြည်ပသာသနာပြု အလိုတော်ပြည့် ကျောင်းတိုက်များ၏
အဓိပတိ အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမဇောတိကဓဇ အမှူးပြုသော တပည့် ဒါယကာ ဒါယိ
ကာမ မိသားစုတို့မှ စုပေါင်း၍ စေတီတော်တွင် တင်လှူပူဇော်ရန်အတွက် ကျပ် သိန်း ၂၀၀ တန်ဖိုးရှိ
သော စိန်ဖူးတော်ကို မြန်မာနိုင်ငံမှ လှူဒါန်းခဲ့ကြသည်။

အလိုတော်ပြည့် ဆရာတော်ဦးဆောင်သော အမေရိကန်၊ ထိုင်း၊ စင်ကာပူနှင့် မြန်မာနိုင်ငံမှ အလှူရှင်
များသည် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် သီရိလင်္ကာနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ပြီး ဇန်နဝါရီလ ၁၉ ရက်
နေ့တွင် အဆိုပါ စေတီတော်၌ ထီးတော်တင်အခမ်း အနားကို ကျင်းပသွားမည်ဖြစ်ကြောင်း တာမွေ
မြို့နယ်ရှိ အောင်မြေဗောဓိ ဓမ္မရိပ်သာ အလိုတော် ပြည့်ကျောင်းတိုက် ဆရာတော်အရှင်ကုမာရက
မိန့်သည်။

"သီရိလင်္ကာနိုင်ငံဟာ ဗုဒ္ဓအမွေအနှစ် ပစ္စည်းတွေဖြစ်တဲ့ စွယ်တော်တိုက်၊ ခြေတော်ရာ၊ မဟာစေတီ၊
ဗောဓိပင်စတဲ့ ဗုဒ္ဓ သက်ရှိထင်ရှားရှိသကဲ့သို့ ထိန်းသိမ်း စောင့်ရှောက်ထားတာ ဗုဒ္ဓဘာသာဝင်တို့
အတွက် အဖိုးမဖြတ်နိုင်ပါဘူး။ ဒီလို သမိုင်းဝင်စေတီတော် အားလုံးစုပေါင်းပြီး လှူဒါန်းခွင့်ရတာ
တကယ်ကုသိုလ်ထူးပါ"ဟု အလိုတော်ပြည့်ဆရာတော် အဂ္ဂ မဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမဇောတိ
က ဓဇက စိန်ဖူးတော်လှူဒါန်းပွဲအခမ်းအနား တွင် မိန့်ကြားသည်။

အနုရာပူရမြို့သည် အရှင်မဟိန္ဒ ရဟန္တာမြတ် ကြွရောက်ပြီး ပထမဆုံးဗုဒ္ဓ ဘာသာ စတင်အခြေ
တည်ပေးခဲ့သည့် နေရာဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး