စပစ်ဖိုင်းယား တိုက်လေယာဉ် ရှာဖွေရေး
၁၉၄၅ ခုနှစ်နှင့် ၁၉၄၆ ခုနှစ်များ အတွင်းက ဗြိတိန်နိုင်ငံမှ ထုတ်လုပ်သည့် စပစ်ဖိုင်းယားတိုက်လေ
ယာဉ်များကို မင်္ဂလာဒုံလေဆိပ်အနီး၊ မြစ်ကြီးနားနှင့် မိတ္ထီလာမြို့များအနီးတွင် မြှုပ်နှံထားခဲ့သည်ဟု
၎င်းတို့ ရရှိထားသော အချက်အလက်များအရ တူးဖော်ရန် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလခန့်မှ
စတင်၍ ဗြိတိန်နိုင်ငံမှ ဒေးဗစ်ကင်ဒယ်နှင့်အဖွဲ့က ကြိုးပမ်းနေသည်။
















