မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များအသင်းချုပ် ဖွဲ့စည်းပြီး အမှုဆောင်များကို ရွေးချယ်ခန့်အပ်

မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များအသင်းချုပ် ဖွဲ့စည်းပြီး အမှုဆောင်များကို ရွေးချယ်ခန့်အပ်

မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များအသင်းချုပ် ဖွဲ့စည်းတည်ထောင်ခြင်းနှင့် အမှုဆောင်များ ရွေးချယ်
တင်မြှောက်ခြင်းကို ယခုလ ၁၅ ရက်နေ့က နေပြည်တော် သတ္တုတွင်းဝန်ကြီးဌာနရုံး၌ ကျင်းပခဲ့ရာ
ပွင့်လင်းမြင်သာမှုရှိသည့် ရွေးချယ်တင်မြောက်ပွဲဖြင့် ဒုတိယဥက္ကဋ္ဌသုံးဦး ကို ဖိတ်ခေါ်အဖွဲ့ဝင်များနှင့်
အလုပ်အမှုဆောင်များရှေ့မှောက်တွင် ရွေးချယ် ကြေညာပေးခဲ့သည်။

ဗဟိုအလုပ်အမှုဆောင်ရွေးချယ်ပွဲသို့ မြန်မာနိုင်ငံအနှံ့ရှိ လုပ်ငန်းရှင် ၃၀၀ ကျော် တက်ရောက်ခဲ့
သည်။

အလုပ်အမှုဆောင် ၁၀၀ တွင် အဖွဲ့ဝင် ၈၄ ဦးက အလုပ်အမှုဆောင် ၃၅ ဦးကို စတင် မဲထည့်ရွေး
ချယ်ပေးခဲ့သည်။

အဆင့်ဆင့်ရွေးချယ်မှုများဖြင့် အလုပ်အမှုဆောင် ၃၅ ဦးက ဒုဥက္ကဋ္ဌ ၃ နေရာ၊ အတွင်းရေးမှူး ရှစ်နေ
ရာတို့ကို ရွေးချယ် ပေးခဲ့သည်။

ဒုတိယဥက္ကဋ္ဌ သုံးနေရာတွင် မဲအရေအတွက်ဖြင့် ဒုဥက္ကဋ္ဌ ၁၊ ၂၊ ၃ တို့ကို ထပ်မံရွေးချယ်ခဲ့ပြီး ၎င်းတို့
၏ သက်တမ်း မှာ သုံးနှစ်ဖြစ်သည်။

"ခုတော့ အဖွဲ့ဝင်စာရင်းမသွင်းရသေးလို့ မဲထည့်ခွင့်မရဘူး။ နောင်တစ်ကြိမ်အတွက် အတွေ့အကြံု
ရတာပေါ့။ ခုပွဲကိုလည်း ကျေနပ်အားရပါ တယ်"ဟု ပွဲတက်ရောက်လာသည့် တာချီလိတ်မြို့နယ်မှ
လုပ်ငန်းရှင် ဒေါ်လီလီမြင့်က ပြောသည်။

"အသင်းဖြစ်မြောက်ဖို့က အရေးကြီးတယ်။ ခုပွဲကလည်း စိုးရိမ်စရာမရှိပါဘူး" ဟု ဆန္ဒမဲထည့်ဝင်ခဲ့
သည့် အလုပ်အမှု ဆောင်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

"ပြည်တွင်းလုပ်ငန်းရှင်တွေရော၊ ပြည်ပလုပ်ငန်းရှင်တွေပါ နိုင်ငံတော်နဲ့ အကျိုးတူ ဒီလုပ်ငန်းကိုလုပ်
ကိုင်ပြီး ဖွံ့ဖြိုး တိုးတက်နေပါပြီ။ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေးအတွက်လည်း အလေးပြုဖို့
လိုပါတယ်"ဟု သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဦးမောင်မြင့်က ပြောသည်။

မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များ အသင်းချုပ် ဦးစီးနာယကအဖြစ် သတ္တုတွင်းဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး၊ လုပ်ငန်းရှင်များအသင်းချုပ် ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌအဖြစ်
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကို၊ အမျိုးသားလွှတ်တော် သတ္တုနှင့် သယံဇာတ
ရေးရာကော်မတီဥက္ကဋ္ဌ ဦးနေဝင်းထွန်းနှင့် အငြိမ်းစားသတ္တုတွင်း ဒုတိယဝန်ကြီးဟောင်းများကို
အကြီးအမှူးထား၍ ကျန်ရှိသည့် ဒုတိယဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်အတွင်းရေးမှူးများကို
ရွေးချယ်ခဲ့ကြသည်။

"ကိုယ်တွေက ရှမ်းပြည်နယ်ဘက် အဝေးကြီးကလာခဲ့တာ အသင်းဝင်မဖြစ် သေးလို့ မဲမပေးခဲ့ရဘူး။
ပင်ပန်းတာပေါ့။ အသင်းဝင်ဖြစ်သွားတဲ့အဆင့်ပဲ ဆောင်ရွက်ရတာပေါ့"ဟု ရှမ်းပြည်နယ်မှ လုပ်ငန်း
ရှင်တစ်ဦးက ပြောသည်။

မြန်မာ့ ဓာတ်သတ္တုလုပ်ငန်းများ ဥပဒေကို ၁၉၉၄ ခုနှစ်၊ နည်းဥပဒေကို ၁၉၉၆ ခုနှစ်တွင် ရေးဆွဲခဲ့
သည်။

မြန်မာနိုင်ငံ၌ ၂၀၀၂ ခုနှစ်တွင် ရွှေ လုပ်ငန်းရှင်အသင်းနှင့် ၂၀၀၅ ခုနှစ်တွင် ဓာတ်သတ္တုလုပ်ငန်းကို
တည်ထောင်ခဲ့ သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည်မဖော်နိုင်ခဲ့ကြောင်း
သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး