မိုဘိုင်းဖုန်းများကို လက်ရှိဈေးနှုန်းများထက် လျော့ကျသည့် ဈေးနှုန်းများ ဖြင့် ရောင်းချပေးသွားရန်
အစီအစဉ်ရှိသော်လည်း မည်သည့်ကာလတွင် မည်သည့်ဈေးနှုန်းဖြင့် ရောင်းချသွားမည်ကို မသိရ
သေးကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ယခုလ ၁၅ ရက်နေ့
က မြန်မာတိုင်း(မ်)ကို ပြောကြားသည်။
လက်ရှိတွင် ကျပ်နှစ်သိန်းဖြင့်ရောင်းချ နေသော ဂျီအက်စ်အမ်ဖုန်းများကို ကျပ်တစ်သိန်းဖြင့်လည်း
ကောင်း၊ ကျပ်နှစ်သိန်းခွဲဖြင့် ရောင်းချနေသည့် WCDMA ဖုန်းများကို ကျပ်တစ်သိန်း နှစ်သောင်းဖြင့်
လည်းကောင်း ယခု ဇန်နဝါရီလအတွင်း ရောင်းချပေးတော့မည်ဟု ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင်
သတင်းများထွက်ပေါ်ခဲ့သော်လည်း လက်ရှိအချိန်အထိ တရားဝင် ထုတ်ပြန်ချက် တစ်စုံတစ်ရာ
မရှိသေးသည်ကို တွေ့ရသည်။
ထို့ပြင် မိုဘိုင်းဖုန်းများကို သမ္မတ၏ ညွှန်ကြားချက်အရ ကျပ်ငါးသောင်းဖြင့် ဇန်နဝါရီလ ၁၄ ရက်နေ့
တွင် ရောင်းချ ပေးမည်ဟူသည့်သတင်းများ ဇန်နဝါရီ လ ဒုတိယပတ်အတွင်း ထပ်မံပေါ်ထွက်လာ
ခဲ့သည်။
"အခု အပြင်မှာကြားနေတဲ့ ဈေးနှုန်း တွေက အတည်ပြုလို့ မရသေးပါဘူး၊ ဘာကြောင့်လဲဆိုတော့
ဒီထက်ကောင်းတဲ့ အစီအစဉ်ရှိပါတယ်"ဟု ဦးဌေးဝင်း ကပြောကြားသည်။
လာမည့် ၂၀၁၅ ခုနှစ် အကုန်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ မိုဘိုင်းဖုန်းအသုံးပြုနိုင်မှုမှာ ၈၀
ရာခိုင် နှုန်းအထိ ဖြစ်လာနိုင်သည်ဟု ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ရာထူးမှ မိမိဆန္ဒအလျှောက်
နုတ်ထွက်သွားခဲ့ သော ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက ဇန်နဝါရီလ ၁၀ ရက်နေ့က ပြောကြားခဲ့သည်။
"၂၀၁၅ ခုနှစ် အကုန်မှာ တယ်လီဖုန်း အသုံးပြုနိုင်မှုကို ရ၅ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ
ဖြစ်နိုင်အောင် ဆောင်ရွက်သွားမယ်"ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်း အသုံးပြု နိုင်မှုသည် ယခုနှစ်အကုန်တွင် ၁၀ ရာခိုင်နှုန်းပြည့်မီခဲ့ပြီး အမှန်
တကယ်လိုအပ်သည့် ကျေးရွာများကို မိုဘိုင်းတယ်လီဖုန်းစခန်းများ အမြန်ဆုံး တည်ဆောက်ပေး
မည်ဟုလည်း ဦးသိန်းထွန်း က ပြောကြားသည်။
ကျေးလက်ဒေသများတွင် နေထိုင်သူ ဦးရေမှာ နိုင်ငံ့လူဦးရေ၏ ရ၀ ရာခိုင်နှုန်း ခန့်ရှိသည့်အနက်
၁ ဒသမ ၂ သန်း ကျော် သည် မိုဘိုင်းဖုန်းသုံးစွဲနေကြပြီဖြစ်သည်။















