ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းနှင့် သူရဦးမြင့်မောင် တို့နှစ်ဦး ရာထူးမှ နုတ်ထွက်

ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းနှင့် သူရဦးမြင့်မောင် တို့နှစ်ဦး ရာထူးမှ နုတ်ထွက်

ဆက်သွယ်ရေး သတင်းအချက်အလက် နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးသိန်းထွန်းနှင့် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးမြင့်မောင်တို့အား ၎င်းတို့၏
သဘောဆန္ဒအလျှောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း သမ္မတရုံးမှ ကြေညာခဲ့သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၅ ပုဒ်မခွဲ(ခ)နှင့်
ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၈၊ ပုဒ်မခွဲ (က)တို့ပါ ပြဋ္ဌာန်းချက်များအရ ၎င်းတို့အား
ရာထူးနုတ်ထွက်ခွင့် ပြုလိုက်ခြင်း ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးကာ ဇန်နဝါရီလ
၁၆ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

၎င်းတို့သည် ယခုအစိုးရ လက်ထက်တွင် ပထမဆုံး ပြည်ထောင်စုဝန်ကြီး ရာထူးမှ မိမိသဘောဆန္ဒ
အလျှောက် နုတ်ထွက်သွားသူများ ဖြစ်သည်။

လက်ရှိအချိန်တွင် မိုးဘိုင်ဖုန်းများကို လက်ရှိဈေးများထက် သက်သာသည့် နှုန်းထားများဖြင့် ရောင်း
ချပေးရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ပြည်သူများက တောင်းဆိုမှုများရှိနေပြီး လက်ရှိဖုန်းနှင့်
အင်တာနက်လိုင်းများ ကောင်းမွန်စေရန်လည်း ပြည်သူများက လိုလားလျက်ရှိနေကြသည်။

ပြင်ပတွင် ထွက်ပေါ်နေသည့် သတင်းများအရ မိုဘိုင်ဖုန်းလိုင်းများကို ကျပ်တစ်သိန်းအောက်ဈေးဖြင့်
ရောင်းချမည်ဟုဆိုသော်လည်း ရောင်းချမည့်အချိန်နှင့်ဈေးနှုန်းကို အတိအကျ သတင်းမထုတ်ပြန်
သေးပေ။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက လက်ပံတောင်းတောင် သပိတ်စခန်းများကို ရဲတပ်ဖွဲ့က ဖြိုခွင်း
ခဲ့ရာတွင် သံဃာတော်တချို့ ပြင်းပြင်းထန်ထန် ဒဏ်ရာအနာတရ ရရှိခဲ့မှုအပေါ် နိုင်ငံတကာနှင့်
မြန်မာပြည်သူများက ဝေဖန်မှုများရှိခဲ့ပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ အစိုးရမှလည်းသံဃာတော်
များကို တရားဝင် ပြန်လည်ဝန်းချ တောင်းပန်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး