လျှပ်တစ်ပြက် ဂျာနယ်အမှု စာနယ်ဇင်းကောင်စီ ညှိနှိုင်းပေးမည်

လျှပ်တစ်ပြက် ဂျာနယ်အမှု စာနယ်ဇင်းကောင်စီ ညှိနှိုင်းပေးမည်

ရခိုင်ပြည်နယ် အရေးအခင်းနဲ့ ပတ်သက်၍ သတင်းဓာတ်ပုံ ဖော်ပြမှုအပေါ် လူမျိုးရေး လှုံ့ဆော်
သည်ဟူ၍ ရန်ကုန်တိုင်းဒေသကြီးမှ လျှပ်တစ်ပြက်ဂျာနယ်အပေါ် တရားစွဲဆိုထားသည့်အမှုအား
မြန်မာစာနယ်ဇင်းကောင်စီ(ယာယီ)မှ ကြားဝင် ညှိနှိုင်းဖြေရှင်းပေးမည်ဟု ကောင်စီအတွင်းရေးမှူး
ဦးကျော်မင်းဆွေက ပြောသည်။

"နှစ်ဖက်စလုံးအတွက် အဆင်ပြေတဲ့ win-win solution တစ်ခုရလိမ့်မယ်လို့ ကျွန်တော်တို့
မျှော်လင့်ပါတယ်"ဟု ၎င်းက ဇန်နဝါရီလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သော ကောင်စီ၏ ပထမဆုံး
သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

၂၀၁၂ ဇွန်လတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရာဇသတ်ကြီး ပုဒ်မ ၂၀၅(ခ) (ဂ)တို့ဖြင့်
တရားစွဲဆိုခဲ့ကာဂျာနယ်ထုတ်ဝေခွင့်ကိုလည်း ခေတ္တ ပိတ်ပင်ခဲ့သည်။

ကောင်စီ၏ဖွဲ့စည်းမှုတွင်အငြင်းပွားမှုနှင့် တိုင်ကြားမှုများညှိနှိုင်းဖြေရှင်းရေးကော်မတီလည်းပါ၀င်ကာ
နောင်တွင်သတင်း မီဒီယာများနှင့် သက်ဆိုင်သောအမှုအခင်းကိစ္စရပ်များအား ဖြေရှင်းပေးသွားမည်
ဟုလည်း ကော်မတီ၏တာဝန်ခံ ဦးသီဟစောက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး