ကေအိုင်အို၊ ကေအိုင်အေကို နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါ၀င်လာဖို့ သမ္မတကြီးက နောက်ဆုံး သဘောထားအဖြစ် ပြောထားပြီးဖြစ်

ကေအိုင်အို၊ ကေအိုင်အေကို နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါ၀င်လာဖို့ သမ္မတကြီးက နောက်ဆုံး သဘောထားအဖြစ် ပြောထားပြီးဖြစ်

ဇန်နဝါရီလ ဒုတိယပတ်အတွင်းက နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ပထမဆုံးခန့်အပ်
ခြင်းခံရသည့် ပြန်ကြားရေးဝန်ကြီးဌာန၏ ဒုတိယ ၀န်ကြီး ဦးရဲထွဋ်ကို မြန်မာတိုင်း(မ်)၏ ဒုသတင်း
စာတည်း ကျော်ဆုမွန်က မေးခွန်းတချို့ မေးမြန်းထားပါသည်။

* အစိုးရရဲ့ ပြန်ကြားရေးဒုတိယဝန်ကြီးက သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သွားတော့
သမ္မတကြီး
နဲ့ အမြဲတစေလိုက်ပါသွားလာနေရပါ သလားရှင့်။ သမ္မတကြီးရဲ့ သဘောထားတွေကို
အချိန်နဲ့
တစ်ပြေးညီ ပြည်သူကို ဘယ်လိုတင်ပြသွားဖို့ ရှိပါသလဲ။

သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦး အနေနဲ့ ခရီးစဉ်အမျိုးအစားနဲ့ သမ္မတကြီး ရဲ့ လုပ်ငန်းလိုအပ်
ချက်အပေါ် မူတည်ပြီး လိုက်ပါရမှာဖြစ်ပါတယ်။

သမ္မတကြီး ရဲ့ မူဝါဒတွေ၊ သဘောထားတွေဟာ မိန့်ခွန်းတွေနဲ့ တွေ့ဆုံမေးမြန်းခန်းတွေမှာ ပါရှိပြီး
ဖြစ်ပါတယ်။ ကျွန်တော်က တော့ အဲဒီမူဝါဒတွေ၊ တွေ့ဆုံမေးမြန်း ချက်တွေအပေါ်မှာ ထပ်မံသိရှိလို
တာ တွေရှိရင်၊ မှတ်ချက်တောင်းခံလာတာ တွေရှိရင် ဖြေကြားပေးမှာဖြစ်ပါတယ်။

* အရင်ကာလတွေတုန်းကဆိုရင် သမ္မတမှာ ပြောရေးဆိုခွင့်ပုဂ္ဂိုလ်ဆိုတာ မရှိခဲ့တော့
အခုဘယ်လို
မူဝါဒနဲ့ သွားဖို့ ရှိပါသလဲရှင့်။

သမ္မတကြီးရဲ့ မိန့်ခွန်းတွေ၊ သဝဏ်လွှာတွေ၊ အစိုးရအဖွဲ့ရဲ့ထုတ်ပြန်ချက်တွေကို ၂၀၁၂၊ နိုဝင်ဘာလ
၁၅ ရက်နေ့မှာ ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုအစိုးရ သတင်းထုတ် ပြန်ရေးအဖွဲ့က ထုတ်ပြန်သွားမှာဖြစ်
ပါတယ်။

အလားတူပဲ နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်နဲ့ နိုင်ငံပိုင် သတင်းမီဒီယာတွေကနေလည်း ထုတ်ပြန်
ပေးသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်ကတော့ အဲဒီ သတင်းများအပေါ်၊ မှတ်ချက်၊ အတည်ပြုချက် တောင်းခံခြင်းများကို
ရှင်းလင်း ဖြေကြားပေးသွားမှာဖြစ်ပါတယ်။ အဲဒီလို ဖြေကြားတဲ့အခါမှာ သမ္မတကြီးနဲ့ အစိုးရအဖွဲ့ရဲ့
မူဝါဒတွေ လွဲချော်မှုမရှိဖို့ ကတော့ အကြီးအကဲတွေဆီကနေ လမ် ညွှန်မှုယူသွားရမှာ ဖြစ်ပါတယ်။
လိုအပ်ရင် မီဒီယာတွေနဲ့ သက်ဆိုင်ရာဝန်ကြီး ဌာနတွေကို ဆက်သွယ်ပေးသွားမှာ ဖြစ်ပါတယ်။

* သမ္မတကြီးနဲ့သက်ဆိုင်တဲ့ အချက်အလက်တိုင်းကို ထုတ်ပြန်သွားမယ်ဆိုတော့ အချိန်နဲ့တစ်ပြေး
ညီ အင်တာနက်စာမျက်နှာကနေ တရားဝင်ထုတ်ပြန်သွားဖို့ကောရှိပါသလား။

ဖုန်းနဲ့ဖြစ်စေ၊ အီးမေးလ်နဲ့ဖြစ်စေ၊ ဖြေ ကြားမှာဖြစ်သလို ကြိုတင်အသိပေးချင်တဲ့ကိစ္စရှိရင်တော့
ကျွန်တော့် ဖေ့စ်ဘွတ် စာမျက်နှာကနေ ဖော်ပြပေးမှာပါ။

* သမ္မတကြီးက တိုင်းရင်းသားတွေနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ပြောထားတာ အများကြီးရှိပါ
တယ်။ အခု လတ်တလော ကချင်နဲ့ ဖြစ်ပွားနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သမ္မတကြီးရဲ့ နောက်ဆုံး
သဘောထား ဘယ်လိုရှိ နေပါသလဲ။

ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ခဲ့ တဲ့ သမ္မတကြီးရဲ့ နှစ်သစ်ကူးသဝဏ်လွှာ မှာ ၂၀၁၂ ခုနှစ်
အတွင်းမှာလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များဟာ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်
မှုမှာ အထူးတင်ရှား အရေးပါတဲ့ ဖြစ်စဉ်တွေဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နဲ့
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အချို့ ရရှိခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။

အဲဒီ သဝဏ်လွှာမှာပဲ သမ္မတကြီးက အပစ်အခတ်ရပ်စဲရေး ရရှိထားပေမဲ့လို့ ထာဝရငြိမ်းချမ်းရေးရရှိ
ဖို့အတွက် လက်နက်ကိုင် ပဋိပက္ခတွေကို အဖြေရှာနိုင်ဖို့၊ နိုင်ငံရေးဆွေးနွေးမှုတွေပြုလုပ်ဖို့ လိုအပ်
ကြောင်း၊ လိုအပ်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲပုံစံ Framework for Political Dialogue ကို ပြင်ဆင်ထား
ပြီး တော့ လက်ရှိအပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့တွေအပြင် ကေအိုင်အေ၊ ကေအိုင်အိုအဖွဲ့ကိုလည်း
အပစ်အခတ်ရပ်စဲရေးသာမကဘဲ နိုင်ငံရေးဆွေးနွေးပွဲတွေမှာလည်း ပါ၀င်လာနိုင်အောင် တံခါးဖွင့်
ထားကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါဟာ သမ္မတကြီးရဲ့နောက်ဆုံး သဘောထားပဲဖြစ်ပါ
တယ်။

* လက်ရှိမှာ ကချင်ဒေသက သတင်းအချက်အလက်တွေကို လူတိုင်း စိတ်ဝင်စားနေပါတယ်။
ကေအိုင်အေ လက်ထဲ ရောက်သွားတဲ့အစိုးရဘက်က စစ်သုံ့ပန်းတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံး
အချက်အလက် ဘာများရနိုင်ပါမလဲရှင့်။

ကြားဝင်ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေဆဲဖြစ်ပါတယ်။

* ဒါကတော့ ပြန်ကြားရေးဝန်ကြီးဌာန နဲ့ဆိုင်တာပါ။ အခုလက်ရှိ ပြန်ကြားရေးဝန်ကြီးဌာနမှာ ပြုပြင်
ပြောင်းလဲရေးတွေ ဖြစ်ပေါ်နေပြီဆိုပြီး သတင်းတွေ ထွက်နေချိန်မှာ စည်းကမ်းမလိုက်နာတဲ့ ညှို့ဆို
တဲ့ မဂ္ဂဇင်းနဲ့ အပတ်စဉ်ထုတ်ဂျာနယ် ခြောက်စောင်ကို ခေါ်ယူသတိပေးတာတွေ ကြားရတော့
မီဒီယာလောကမှာ ပွင့်လင်းလာတာ ဟုတ်ရဲ့လားလို့ တချို့က မေးခွန်းထုတ်ပါတယ်။ ဒီအပေါ်၊
အမြင်လေးပြောပေးပါဦး။

ညှို့မဂ္ဂဇင်းကို ထုတ်ဝေသူလိုင်စင်သိမ်းလိုက်တာဟာ စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ ဘာမှမပတ်သက်
ပါဘူး။ ထုတ်ဝေခွင့်လျှောက်လွှာပါအချက်များနဲ့ ကွဲလွဲတဲ့အတွက် ထုတ်ဝေခွင့် ရုပ်သိမ်း ခြင်းသာ
ဖြစ်ပါတယ်။

* နေ့စဉ်ထုတ်သတင်းစာတွေ ပုဂ္ဂလိကပိုင်းကပေါ်လာရင် အစိုးရပိုင်သတင်း စာတွေအနေအထား
ဘယ်လိုဖြစ်လာနိုင်ပါသလဲ။ သတင်းထုတ်ပြန်တဲ့အခါ အစိုးရပိုင်မို့လို့ သတင်းဦး ထုတ်ပြန်ပေးတာ
မျိုး၊ ပုဂ္ဂလိကပိုင် တွေကို ဦးစားပေးဖို့ ရှိပါသလား။

နိုင်ငံပိုင်သတင်းစာတွေကို အများပြည်သူဝန်ဆောင်မှု သတင်းစာများအဖြစ် ပြောင်းလဲနေတာဟာ
ဒီမိုကရေစီ စနစ်နဲ့ရော၊ ပိုပြီးလွတ်လပ်ပွင့်လင်းလာ တဲ့အခြေအနေနဲ့ရော ကိုက်ညီအောင် ဆောင်
ရွက်နေတာ ဖြစ်ပါတယ်။

အများ ပြည်သူဝန်ဆောင်မှု မီဒီယာဖြစ်သွားတဲ့အတွက် ကွဲပြားခြားနားတဲ့လူမျိုး၊ ပထဝီအခြေအနေ၊
ယဉ်ကျေးမှု၊ လူနေမှုပုံစံများအတွက် လိုအပ်တဲ့ သတင်းအချက် အလက်များကိုဖော်ပြရမှာ ဖြစ်ပါ
တယ်။

ဒါ့ပြင် ပရိသတ်ကို စားသုံးသူအဖြစ် လည်းကောင်း၊ မဲဆွယ်စည်းရုံးရမဲ့သူ အဖြစ်လည်းကောင်း၊
ရှုမြင်ခြင်းမပြုဘဲ နိုင်ငံသားအဖြစ်သာ ရှုမြင်ခြင်းပြုပြီး တော့ သတင်းအချက်အလက်များ ဖြန့်ချိခြင်း
ပြုလုပ်ပေးမှာ ဖြစ်တဲ့အပြင် လူ့အဖွဲ့အစည်းအတွင်းက ကွဲပြားခြားနားတဲ့ အမြင်များကိုထင်ဟပ်ခြင်း၊
အရည်အသွေးပြည့်ဝသော အစီအစဉ်များ တင်ဆက်ခြင်း၊ ဂုဏ်သိက္ခာရှိသော၊ တိကျခိုင်မာသော၊
မျှတသော၊ ဓမ္မဓိဋ္ဌာန်ကျတဲ့ သတင်းရေးသားမှုများဖြစ်ခြင်းစတဲ့ အင်္ဂါရပ်တွေနဲ့ကိုက်ညီအောင်
ဆောင်ရွက်ရမှာဖြစ်ပါတယ်။

အဲလို ဆောင်ရွက်နိုင်ဖို့အတွက် လိုအပ်တဲ့ အယ်ဒီတာ လွတ်လပ်ခွင့်ရှိခြင်း၊ ဘဏ္ဍာရေးအရ
လွတ်လပ်စွာ ရပ်တည်နိုင်ခွင့်ရှိခြင်းတို့ကို အကောင်အထည်ဖော်ပေး နိုင်ဖို့အတွက် လိုအပ်တဲ့
အကောင်အထည်ဖော်မှုတွေကို စတင်နေပြီ ဖြစ်ပါတယ်။

အများပြည်သူဝန်ဆောင်မှု သတင်းစာတွေဟာ သတင်းစာတွေထဲက သတင်းစာပုံစံတစ်မျိုးသာဖြစ်
တဲ့ အတွက် သတင်းထုတ်ပြန်ရာမှာ ပိုပြီး ဦးစားပေးခံရမှာတော့ မဟုတ်ပါဘူး။

* ပုဂ္ဂလိက တီဗီချန်နယ်တွေများ ထပ်ချပေးဖို့ ရှိပါသေးလား။

ဒါကတော့ အခုမူကြမ်းရေးဆွဲနေတဲ့ ရုပ်သံလွှင့်မီဒီယာဥပဒေ ပေါ်ပေါက်လာမှပဲ သိနိုင်မှာဖြစ်ပါ
တယ်။

* ပြောရေးဆိုခွင့်ပုဂ္ဂိုလ် စဖြစ်ဖြစ်ချင်း မှာ ကြံုရတဲ့အခက်အခဲနဲ့ မီဒီယာတွေ ကို ပြောလိုတာရှိရင်
ပြောပါဦး။

နိုင်ငံတော်သမ္မတကြီးအနေနဲ့ စာနယ်ဇင်းများ၊ ရုပ်သံလွှင့်ဌာနများရဲ့ အခန်း ကဏ္ဍကို အလေးထား
တဲ့အကြောင်း အကြိမ်ကြိမ် ထုတ်ဖော်ပြောကြားခဲ့သလို သူကိုယ်တိုင်လည်း မီဒီယာများရဲ့ တွေ့ဆုံ
မေးမြန်းမှုများကို အလေးထား ဖြေကြားခဲ့ဖူးပါတယ်။

ပြည်ထောင်စု အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိ သူအဖြစ်
တာဝန်ပေးခြင်းတွေဟာ သမ္မတကြီးရဲ့ ပွင့်လင်းမြင်သာမှုနဲ့ မီဒီယာ တွေရဲ့ အခန်းကဏ္ဍကို အလေး
ထားတာ ဖြစ်တယ်လို့ ထပ်ပြီး သက်သေပြလိုက်တာပါ။

ဒါကြောင့် ဒီတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်သွားမှာပါ။ ဒီ အတွေ့အကြံုမျိုး မရှိခဲ့တဲ့အတွက်
အခက်အခဲတွေရှိနိုင်ပေမဲ့ ဒီအခြေအနေကို မီဒီယာတွေက နားလည်ပြီး ပူးပေါင်း ကူညီဆောင်ရွက်
ပေးကြမယ် လို့ မျှော်လင့်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး