ဂျနီဗာစာချုပ်ပါ အချက်များအား မြန်မာနိုင်ငံ လိုက်နာ ဆောင်ရွက်လျက်ရှိဟု သမ္မတ ပြော

ဂျနီဗာစာချုပ်ပါ အချက်များအား မြန်မာနိုင်ငံ လိုက်နာ ဆောင်ရွက်လျက်ရှိဟု သမ္မတ ပြော

မြန်မာနိုင်ငံသည် နိုင်ငံတကာလူ့အခွင့် အရေးဥပဒေ၏ အဓိကကျောရိုးဖြစ် သော ဂျနီဗာစာချုပ်အား
လက်မှတ်ရေးထိုးထားကာ ၎င်းအချက်အလက်များအား လိုက်နာဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံ
တော်သမ္မတ ဦးသိန်းစိန်က ဇန်နဝါရီ ၁၄ ရက်နေ့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သည့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ (ICRC) ၏
ဥက္ကဋ္ဌနှင့် တွေ့ဆုံပြီးနောက် ပြောကြားခဲ့ခြင်းဖြစ်သည်။

Mr Peter Maurer က မြန်မာနိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးချဲ့ရန် အတွက် လာရောက်ခဲ့
ခြင်းဖြစ်ကာ အိမ်ရှင်အစိုးရနှင့် ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်လျက် ရှိသည့်အပြင် မြန်မာ
နိုင်ငံ ကြက်ခြေနီအသင်းနှင့် လည်း ညှိနှိုင်းဆောက်ရွက်လျက်ရှိသည် ဟု ပြောကြားခဲ့ကြောင်း
ဇန်နဝါရီလ ၁၅ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

သမ္မတဦးသိန်းစိန်က ICRC ၏ နိုင်ငံရေးစွက်ဖက်မှုမရှိဘဲ ဘက်လိုက်မှုကင်းသည့်အတွက် ဂုဏ်ယူ
ကြောင်းပြောဆိုခဲ့ကာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အကျဉ်းထောင်များအတွင်း လျှပ်စစ်၊ ရေ၊ မိလ္လာကိစ္စရပ်များအပြင် လူသားချင်းစာနာမှုအကူအညီ
များနှင့် ဆေးဝါး၊ ကျန်းမာရေး၊ သောက်သုံးရေကိစ္စရပ်များ ကူညီပံ့ပိုးရေးတို့အား ဆက်လက်ဆောင်
ရွက်သွားမည်ဟုလည်း ဆွေးနွေးခဲ့ကြကြောင်း သတင်းစာတွင် ဖော်ပြထားသည်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ၁၉၄၉ ခုနှစ်တွင် စတင်ပြဋ္ဌာန်းခဲ့သော ဂျနီဗာ သဘာတူညီမှုစာတမ်း
သည် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေ၏ အဓိကမဏ္ဍိုင် ဖြစ်ကာ ပဋိပက္ခကာလများအတွင်း
ထိခိုက်သူများနှင့် ထောင်သားများအတွက် အဓိကရည်ရွယ်ကာကွယ်ပေးသော အပြည်ပြည်ဆိုင်ရာ
သဘော တူညီမှုတစ်ရပ် ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး