ကချင်အရေးကြောင့် အီးယူက စီးပွားရေးပိတ်ဆို့မှု ပြန်စတင်နိုင်ဖွယ်ရှိဟု အင်္ဂလန်ဒုတိယဝန်ကြီး ပြောကြား

ကချင်အရေးကြောင့် အီးယူက စီးပွားရေးပိတ်ဆို့မှု ပြန်စတင်နိုင်ဖွယ်ရှိဟု အင်္ဂလန်ဒုတိယဝန်ကြီး ပြောကြား

ကချင်ပြည်နယ်၌ တိုက်ပွဲများပြင်းထန်လာခြင်းနှင့် မြန်မာ့တပ်မတော်မှ လေကြောင်းများဖြင့် တိုးမြှင့်
တိုက်ခိုက်ခြင်းအပါအဝင် အပြစ်မဲ့ အရပ်သားများအား သေကျေပျက်စီးစေခဲ့မှုများကြောင့် ဥရောပ
သမဂ္ဂမှ စီးပွားရေးပိတ်ဆို့မှုများ ကို ရပ်တန့်ထားမှုကို ပြန်ရုပ်သိမ်းကာ လုံးဝပိတ်ဆို့မှုများ ပြန်စတင်
နိုင်ဖွယ်ရှိ ကြောင်း အင်္ဂလန် ဒု-၀န်ကြီးတစ်ဦးက အင်္ဂလန်နိုင်ငံ၏ House of Commons တွင်
ပါလီမန်အမတ်များ၏ မေးခွန်းများ ကို ဖြေကြားရာ၌ ဇန်နဝါရီလ ၁၄ ရက်နေ့ က ထည့်သွင်းပြော
ကြားခဲ့သည်။

"ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့တစ်တွေရဲ့ ရပ်တည်မှုက သိပ်ကို ရှင်းပါတယ်။ မြန်မာ
ပြည်အပေါ် ကျွန်တော်တို့ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ကို ခဏဆိုင်းင့ံထားတာပါ။ လုံးဝရုပ်သိမ်းလိုက်
တာမဟုတ်သေးပါဘူး။ ပိတ်ဆို့မှုတွေ ပြန်ဖြစ်နိုင်သလားဆိုရင် သိပ်ဖြစ် နိုင်ပါတယ်။ လာမယ့်ဧပြီလ
မှာ ပိတ်ဆို့မှုတွေကို ဆိုင်းငံ့မလား၊ လုံးဝရုပ်သိမ်း မလားဆိုတာ မြန်မာအစိုးရရဲ့ တိုင်းရင်းသားအရေး
တွေအပေါ် ဘယ်လိုဖြေရှင်းတယ်ဆိုတာနဲ့ နိုင်ငံရေးဖြစ်စဉ်တွေ အပေါ်လုံးဝကို မူတည်နေပါတယ်"
ဟု ယူကေ၏ Foreign and Common Wealth Affairs ဒု-၀န်ကြီးဖြစ်သော Mr Alistair Burt က
ပြောသည်။

ထိုနေ့က အင်္ဂလန်နိုင်ငံ၏ ၎င်းပါလီ မန်တွင် ကချင်အရေးနှင့် ပတ်သက်၍ အရေးပေါ် မေးမြန်း
ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုနှင့်အတူ နှစ်နိုင်ငံဆက်ဆံမှုများ
ပုံမှန်ပြန်လည်ဖြစ်မြောက်ရေးမှာ မြန်မာအစိုးရ၏ လက်ရှိအနေအထားအပေါ်၊ တာဝန်ယူမှုများအပေါ်
မူတည် နေသည်ဟူ၍လည်း ၎င်းက ပြောဆိုခဲ့ ကြောင်း ပါလီမန်၏ တရားဝင် ၀က်ဘ်ဆိုက်တွင်
ဖော်ပြထားသည်။

"တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာ နိုင်ငံအတွင်းမှာ အကြမ်း
ဖက်မှုတွေ မြင့်မားလာတာနဲ့ပတ်သက်ပြီး အရမ်းကို စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ဒီကချင်
-မြန်မာ အစိုးရအရေးနှင့်ပတ်သက်ပြီး ဘက်ပေါင်းစုံမှာလည်း မကျေနပ်မှုတွေ ရှိနေတယ်ဆိုတာ
သိပါတယ်။ ဒါပေမဲ့ ဘယ်လိုအခက်အခဲတွေပဲ ရှိရှိ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ဖြေရှင်းလို့မရပါ
ဘူး"ဟု ၎င်းကပြောသည်။

ကုလသမဂ္ဂအတွင်းရေးမှူး၏ အထူးအကြံပေးအရာရှိဖြစ်သော မစ္စတာ နမ်ဘီးယားအား ယူကေ၏
ကချင်အရေး နှင့်ပတ်သက်၍ စိုးရိမ်မှုများအပေါ် အသိပေးသွားမည်ဖြစ်ကာ မစ္စတာ နမ်ဘီးယားမှ
UN လုံခြံုရေးကောင်စီနှင့် ညှိနှိုင်းတိုင်ပင်မှုများ အမြန်ဆုံးပြုလုပ်ရန် မျှော်လင့်ကြောင်းလည်း ၎င်းက
ပြောသည်။

၎င်းကဆက်လက်၍အင်္ဂလန်နိုင်ငံ၏ နိုင်ငံခြားရေးရုံး၏ ၀န်ကြီးနှင့် ပါလီမန်အဖွဲ့ဝင်တစ်ဦးဖြစ်သော
Mr Hon Hugo မြန်မာနိုင်ငံသို့ ဒီဇင်ဘာလက လာရောက်ခဲ့ရာတွင် အပစ်အခတ်ရပ်စဲရန်၊ တိုက်ပွဲ
ဖြစ်ပွားရာနေရာများရှိ ဒုက္ခသည်များအား အဟန့်အတားမရှိ ကူညီ ထောက်ပံ့ခွင့်ပေးရန်နှင့် နှစ်ဖက်
စလုံးမှ ရေရှည်ငြိမ်းချမ်းရေး အတွက် စားပွဲတင်ဆွေးနွေးမှုများပြုလုပ်ရန် အချက်သုံးချက်အား
တောင်းဆိုခဲ့ပြီး ၎င်းအချက်များမှာ လက်ရှိအချိန်ထိ အကျုံးဝင်နေဆဲ ဖြစ်ကြောင်း Mr Burt က
ပြောသည်။

"တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာ အရေးကြီးဆုံးဖြစ်ပြီး ဦးစားပေးလုပ်ဆောင်ဖို့ လိုတယ်ဆို
တာကို ကျွန်တော်တို့ ရှင်းရှင်း လင်းလင်း ပြောထားပြီးပါပြီ"ဟု ၎င်းကပြောသည်။

ယူကေနိုင်ငံသည် ၂၀၁၁ ဇွန်လက စတင်ဖြစ်ပွားခဲ့သော မြန်မာအစိုးရနှင့် ကချင်တပ် ပဋိပက္ခဖြစ်ပွား
ပြီး ဒုက္ခသည်များအတွက် ယခုချိန်အထိ ပေါင် ၃ ဒသမ ၅ သန်းခန့် ထောက်ပံ့ထားပြီးဖြစ်ကာ
အကြီးဆုံး အလှူရှင်နိုင်ငံလည်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး