အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ ဟောပြောပွဲ

အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ ဟောပြောပွဲ

စင်ကာပူနိုင်ငံရှိ PSB Academy တွင် BE (Electrical and Electronic) ဘာသာရပ်ကို အင်္ဂလန်
နိုင်ငံရှိ Manchester Metropolitan University နှင့် ချိတ်ဆက်ထားပြီး တက်ရောက် နိုင်ပြီဖြစ်
သည်။

ယင်းဘာသာရပ်သည် Institute of Mechanical Engineers နှင့် The Institution of
Engineering and Technology(UK) တို့က အသိအမှတ်ပြု ခံထားရပြီး၊ Diploma in Electrical/
Mechnical ဘာသာရပ်မှာ ယူကေတက္ကသိုလ် ပထမနှစ်နှင့် ညီမျှပြီး BE အတွက်အချိန် ၁၆ လခန့်
သာ ကြာမြင့်မည်ဖြစ်သည်။

စင်ကာပူ၌ ယင်းဘာသာရပ်ကို သုံးနှစ်အတွင်း တက်ရောက်နိုင်ပြီး နောက်ဆုံးကျန်သော ရှစ်လကို
အင်္ဂလန်တွင်Exchange Program ဖြင့် တက်ရောက်နိုင်မည် ဖြစ်သည်။

ယင်းနှင့်ပတ်သက်ပြီး ဇန်နဝါရီ ၂၅ ရက်၊ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ Summit Parkview
Hotel တွင် ဟောပြောမည်ဖြစ်ကာ အသေးစိတ်သိရှိလိုပါက Crown  Education အမှတ်၂၇၀၊
ပထမထပ်၊ ပြည်လမ်း၊ မြေနီကုန်း၊ ဖုန်း ၀၉၇၃၂၇၃၂၇၇ သို့ မေးမြန်းနိုင်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး