စင်ကာပူနိုင်ငံ အခြေစိုက် Sphere Conferences နှင့် ပြည်ထောင်စု မြန်မာ နိုင်ငံကုန်သည်များနှင့်
စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တို့ ပူးပေါင်းလက်တွဲပြီး လုပ်ငန်းကဏ္ဍတစ်ခုချင်းစီအလိုက်
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညှိနှိုင်း ဆွေးနွေးပွဲများ ကျင်းပရန် ဇန်နဝါရီလ ၁၁ ရက်နေ့က နှစ်ဖက်သဘော
တူစာချုပ်ကို ချုပ်ဆိုခဲ့သည်။
စာချုပ်အရ လာမည့် မေလ ၆ ရက်နေ့ မှ ၈ ရက်နေ့အထိ မြန်မာမြို့ပြ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ
ညှိနှိုင်းဆွေးနွေးပွဲ၊ မေလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ မြန်မာဘဏ်နှင့် ငွေကြေးကဏ္ဍဆိုင်ရာ
ညှိနှိုင်းဆွေးနွေးပွဲနှင့် မြန်မာ Logistic and Supply Chain ဆိုင်ရာ ညှိနှိုင်းဆွေး နွေးပွဲတို့အား
စက်တင်ဘာလ ၁၆ ရက်နေ့ မှ ၁၈ ရက်အထိကျင်းပမည်ဖြစ်သည်။
"မြန်မာနိုင်ငံဟာ ခေတ်မီနိုင်ငံတော်အဖြစ် ကူးပြောင်းနေတဲ့ကာလမှာ ဒီကဏ္ဍအသီးသီးမှာ နိုင်ငံ
တကာကပါ ပါ၀င် စေချင်ပါတယ်။ အခုလိုလာမယ့် ညှိနှိုင်းဆွေးနွေးပွဲတွေအတွက် Sphere
Conferences နဲ့ ပူးပေါင်းဆောင်ရွက် ရတာကိုလည်း ၀မ်းသာပါတယ်။ ဒီလို ပူးပေါင်းလိုက်တဲ့
အတွက် ကျွန်တော်တို့ နိုင်ငံရဲ့ မြို့ပြအစီအစဉ်တွေ၊ ဘဏ် လုပ်ငန်းနဲ့ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍ
တွေကို ထုတ်ဖော်ပြသလိုက်ရာ ဖြစ်ပါ တယ်"ဟု ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု
လက်မှုလုပ်ငန်း ရှင်များအသင်းချုပ် ဒု-ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။
"ပြည်တွင်းနဲ့ နိုင်ငံတကာစီးပွားရေး လုပ်ငန်းရှင်တွေအကြား တန်ဖိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ
ဖြစ်ပေါ်ဖို့ အတွက် ဒီဆွေးနွေးပွဲတွေက အထောက် အကူဖြစ်ပါလိမ့်မယ်။ အခုဆို ကျွန်တော် တို့နိုင်ငံ
ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းတွေနဲ့ တစ်ဖန်ပြန်လည်သင့်မြတ်လာတဲ့အတွက် ကျွန်တော်တို့နိုင်ငံ
ကို လူမှုရေး နဲ့ စီးပွားရေးအရ ဆွဲဆောင်မှုရှိတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် နိုင်ငံတကာ စီးပွားရေးလုပ်ငန်း
ရှင်တွေ လက်ခံလာတဲ့အထိ ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်"ဟု ၎င်းကပြောသည်။
ထို့ပြင် မြန်မာအစိုးရက ၂၀၁၅-၁၆ ခုနှစ်တွင် ပျမ်းမျှ ဂျီဒီပီ ရ ဒသမ ရ ရာခိုင် နှုန်း တိုးတက်မည်ဟု
ခန့်မှန်းထားရာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများအတွက် အခွင့်အလမ်းကောင်းနှင့် အလားအလာ
ကောင်းများရှိသည်ဟု ယုံကြည်ကြောင်း Sphere Conferences ၏ဥက္ကဋ္ဌ ဖြစ်သူ Chua Wee
Phong ကပြောသည်။
"ကျွန်တော်တို့ နှစ်ဖက်အကျိုးတူ သဘောတူညီချက်အရ မြန်မာနိုင်ငံရဲ့ အစိုးရ-ပုဂ္ဂလိက ကဏ္ဍတွေ
နဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဆက်သွယ်လက်တွဲ လုပ်ကိုင်နိုင်စေဖို့နဲ့ ဆက်သွယ်နိုင်မယ့် အခွင့်
အလမ်းတွေရရှိစေဖို့ ဒီလို ဆွေးနွေးပွဲတွေ ကျင်းပဖို့စီစဉ်ရ ခြင်းဖြစ်ပါတယ်" ဟု ၎င်းကပြောသည်။
ထို့ပြင်၎င်းက နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်များ စိတ်ဝင်စားသည့် မြန်မာ့စီးပွားရေးကဏ္ဍများ
အပေါ်မူတည်ပြီးမှသာ ဆွေးနွေးပွဲ ခေါင်းစဉ်များ ဖြင့် Sphere Conferences မှ ဆုံးဖြတ်ကြောင်း
၎င်းကပြောသည်။
"ကျွန်တော်တို့ရဲ့ ပထမဆုံး မြန်မာ နိုင်ငံက မိတ်ဖက်အဖွဲ့အစည်းက မြန်မာခရီးသွားလုပ်ငန်းအဖွဲ့
ချုပ်ပဲဖြစ်ပါတယ်။ သူတို့နဲ့ လာမယ့်ဖေဖော်ဝါရီလမှာ ခရီးသွားလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲကို
ပြုလုပ်မှာဖြစ်ပါတယ်။ကျွန်တော်တို့ ပွဲတစ်ခုကျင်းပတယ်ဆို အဲဒီပွဲက နိုင်ငံတကာ အဖွဲ့အစည်းကြီး
တွေ၊ ရင်းနှီး မြှုပ်နှံသူတွေ ဘာလုပ်ချင်တယ်။ ဘယ်အပိုင်းက ပိုပြီးစိတ်ဝင်စားမှု ပိုများလဲ ဆိုတဲ့
အချက်တွေပေါ်မူတည်ပြီးမှ လုပ် တာပါ။ လိုအပ်ချက်တွေ တစ်ခုချင်းစီမှာ မေးခွန်းများစွာရှိပါတယ်။
မြန်မာနိုင်ငံကို ဘယ်လိုလာပြီး ဘယ်လိုစီးပွားရေးလုပ်ရ မှာလဲ။ ဘယ်သူနဲ့ ချိတ်ဆက်ဆောင်ရွက်ရ
မှာလဲ စသဖြင့်ပေါ့။ အခုဆို မြန်မာနိုင်ငံက ဘဏ်လုပ်ငန်း၊ ထောက်ပံ့ပို့ဆောင်ရေး၊ မြို့ပြနဲ့ တည်
ဆောက်ရေးကဏ္ဍတွေ ကို နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင် တွေက မျက်စိကျနေကြပါတယ်။
ဆိုတော့ ဒီလိုဆွေးနွေးပွဲတွေ ကျင်းပလိုက်တဲ့အတွက် ပြည်တွင်းနဲ့ နိုင်ငံတကာက စိတ်ဝင်စားတဲ့
ရင်းနှီးမြှုပ်နှံမယ့်သူတွေ တိုက်ရိုက်တွေ့ဆုံပြီး လုပ်ငန်းတွေကို အကျိုးတူပူးပေါင်းလုပ်ကိုင်ဖို့ အလား
အလာရှိတဲ့အတွက် အခုလို နှစ်ဖက် သဘောတူစာချုပ် ချုပ်ဆိုပြီး ဆွေးနွေးပွဲ တွေ စီစဉ်ရခြင်းသာ
ဖြစ်ပါတယ်"ဟု Chua Wee Phong က ပြောသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးများနှင့် သက်ဆိုင်သည့် လုပ်ငန်းကဏ္ဍများသည် ၂၁ ရာစုအတွင်း
မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ အဓိကလိုအပ်သော
ကဏ္ဍများဖြစ်သည်။
Sphere Conferences သည် စင်ကာပူနိုင်ငံမှ နာမည်ကြီး စထရိတ်တိုင်း(မ်) သတင်းစာကြီး ပုံနှိပ်
ထုတ်ဝေသည့် စင်ကာပူ Press Holding ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည်။















