အစိုးရ၏ မော်တော်ယာဉ်တင်သွင်းသည့်မူဝါဒ အပြောင်းအလဲကြား ကားတင်သွင်းရောင်းချသည့် လုပ်ငန်းရှင်များ ဦးမမော့နိုင်ဟုဆို

အစိုးရ၏ မော်တော်ယာဉ်တင်သွင်းသည့်မူဝါဒ အပြောင်းအလဲကြား ကားတင်သွင်းရောင်းချသည့် လုပ်ငန်းရှင်များ ဦးမမော့နိုင်ဟုဆို

မော်တော်ယာဉ် တင်သွင်းထုတ်လုပ်သူ ပိုင်ရှင်နှင့် လုပ်ငန်းရှင်များအနေဖြင့် ဆိပ်ကမ်းသို့ ဆိုက်
ရောက်လာသော မော်တော်ယာဉ်များကို ထုတ်ယူရာတွင် အစိုးရ၏ မူဝါဒအပြောင်းအလဲများ
မြန်ဆန်နေမှုကြောင့် ကားတင်သွင်းရာတွင် အခက်အခဲနှင့် နစ်နာမှုများ ဖြစ်ပေါ် နေသည်ဟု
ကားပြခန်း ပိုင်ရှင်များနှင့် ကားတင်သွင်းသော လုပ်ငန်းရှင်များဦးစီးပြီး လွန်ခဲ့သည့် ရက်သတ္တပတ်
ကပြုလုပ်သည့် သတင်းထောက်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။

"CIF (ဆိပ်ကမ်းအရောက်တန်ဖိုး) တန်ဖိုးတွေကို ပြီးခဲ့လက ပြောင်းလဲသတ်မှတ်ပေးခဲ့တယ်။
ပြောင်းလဲသတ်မှတ်ခဲ့တဲ့အထဲမှာ မြင်းကောင်ရေ ၃၈၀ အထိပဲ ဈေးနှုန်းကန့်သတ်ပေးထားတော့
၃၈၀ မြင်းကောင်ရေအထက် အင်ဂျင်နဲ့ ကားတွေကို ဆိပ်ကမ်းက ထုတ်မရဘူးဖြစ်နေတယ်။
ဆိပ်ကမ်းမှာထားတော့ ဆိပ်ကမ်းခ တွေတက်တယ်။ အဲဒီ ဆိပ်ကမ်းခတွေကို ဘယ်သူတွေကပေး
မှာလဲ"ဟု Sarkura car show room ပိုင်ရှင်ဦးဌေးအောင်က အဆိုပါတွေ့ဆုံပွဲတွင် ပြောခဲ့သည်။

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ခါ တင်သွင်းလာသောကားများ ၏ CIF တန်ဖိုးကိုပြောင်း
လဲသတ်မှတ်ခဲ့ပြီး အဆိုပါ ကား CIF တန်ဖိုးအပြောင်း အလဲတွင် ကားတင်သွင်းသူအချို့ ဈေးနှုန်း
အဆမတန် ကျဆင်းသွားမှု ကြောင့် ဂျပန်မှတင်သွင်းပြီးသော ကားများအား ဆိပ်ကမ်းမှမထုတ်ယူ
တော့ဘဲ အဆုံးခံလိုက်သည်များနှင့် မူဝါဒ အပြောင်းအလဲနှင့် ငြိစွန်းနေသဖြင့် ဆိပ်ကမ်းမှထုတ်မယူ
နိုင်ဘဲ ဖြစ်နေသည်ဟု ပြည်တွင်းကားတင်သွင်းသူများ နှင့် လုပ်ငန်းရှင်များက ပြောသည်။

"၂၀၁၂ ခုနှစ်၊ ၁၁ လပိုင်းလောက် ကတည်းက ကိစ္စတွေပါ။ ကားတင်သွင်းတယ်ဆိုတာ နေ့ချင်းည
ချင်း တင်သွင်းလို့ရတာမဟုတ်ဘူး။ ဂျပန်ဘက်က ကားတင်ပို့မယ့်သူကိုလည်း ငွေကြိုချေရတယ်။
တင်ပို့မယ့်သင်္ဘောကအစအားလုံး ကြိုတင်စီစဉ်ရတယ်။ အခုလို ရုတ်တရက် မူဝါဒပြောင်းလဲတဲ့
အခါမှာ ကျွန်တော်တို့မှာ အများကြီး နစ်နာပါတယ်"ဟု ဦးဌေးအောင်ကပြောသည်။

ဆိပ်ကမ်းသို့ရောက်ရှိလာပြီးသော ကားများအား ရက်ပေါင်း ၆၀ အတွင်း လာရောက်ထုတ်ယူခြင်း
မရှိပါက လေလံတင်ရောင်းချနိုင်ကြောင်း၊ အချို့ကားများ မှာ ဆိပ်ကမ်းသို့ရောက်ရှိလာပြီး မော်ဒယ်
အနိမ့်အမြင့်၊ ဈေးနှုန်းကွာဟချက်၊ သတ် မှတ်ချက်စံနှုန်းများ မပြည့်မီခြင်း၊ လိုအပ် သော စာရွက်
စာတမ်းများမပြည့်စုံခြင်း တို့ကြောင့် ဆိပ်ကမ်းမှထုတ်ယူရန် ကြာ မြင့်သောအခါတွင် ကားအစိတ်
အပိုင်းများ ပျက်စီးပျောက်ဆုံးမှုများရှိသည်ဟု လည်း လုပ်ငန်းရှင်များက ပြောသည်။

"မော်ဒယ် တစ်နှစ်ဒေါင်းရင် (၂၀၀၈ ခုနှစ်အထက် မော်ဒယ်ကားများအား တင်သွင်းခွင့်ပြုထား)
Free tax လို့ ပြောခဲ့တယ်။ အဲဒါကြောင့်လည်း လုပ်ငန်းရှင် တွေက မော်ဒယ် တစ်နှစ်ဒေါင်းတာ
တွေ တင်သွင်းလာတယ်။ ဒါ စီးပွားရေး လုပ်ငန်းရှင်တွေအပြစ် မဟုတ်ဘူး။ မူဝါဒ ကိုက အဲလိုမျိုး
ဖြစ်အောင် လမ်းကြောင်း ပေါ်တင်ပေးခဲ့တာ။ အခုမှ ရုတ်တရက် မော်ဒယ်ဒေါင်းတဲ့ကားတွေ အခွန်
ဆောင်ရမယ်ဆိုတော့ မှာပြီးသားကား တွေကို ဘယ်လိုလုပ်ရမလဲ"ဟု ဦးဌေးအောင်က ပြောသည်။

ဟံသာဝတီကားဝင်းအတွင်း ကား အရောင်းဝယ်လုပ်နေသူများ၏ ပြောကြားချက်အရ ၂၀၁၂ ခုနှစ်
နှစ်ကုန်ပိုင်း နှင့် ၂၀၁၃ ခုနှစ် ဇန်နဝါရီလအတွင်း ကား ဈေးနှုန်းများ ကျဆင်းလာခဲ့သည်။

"CIF ဈေးတွေ ပြောင်းလဲသတ်မှတ်မယ်ဆိုတုန်းက ဦးဌေးအောင်တို့အဖွဲ့ကို ခေါ်ယူဆွေးနွေးပြီးမှ
ဈေးသတ်မှတ်တာလို့ သိရပါတယ်။ ကားမှာပြီးသားလူတွေ ကလည်း ကားဈေးနှုန်းအပြောင်းအလဲ
ကို စောင့်ကြည့်တဲ့သဘောနဲ့ ၁၁ လပိုင်း ကတည်းက ရောက်နေတဲ့ကားတွေကို မထုတ်ခဲ့ကြဘူး၊
CIF ဈေးထွက်လာတဲ့ အချိန်မှာ Surf ကား တစ်စီးကို သိန်း ၃၅၀ ၀န်းကျင်က နေ ၂၈၀ အထိ
ရုတ်တရက် ဈေးကျသွားတယ်။ ဆိပ်ကမ်းမှာ ရောက် နေတဲ့ကားတွေက အခွန်အဆင့်ဆင့်
ဆောင်ပြီး ထုတ်လာမယ်ဆိုရင်တော့ စရိတ်က သိန်း ၃၂၀ လောက်ရှိတယ်။ အဲဒီတော့ သွားထုတ်
လည်း ရှုံးမယ့် အတူတူ ဆိုပြီး မထုတ်ကြတော့ဘူး။ အခု ဆို ဈေးကွက်ထဲမှာ သိန်း ၁၀၀ ၀န်းကျင်
က နေ ၃၀၀ ၀န်းကျင်ကားလောက်ပဲ အရောင်းအဝယ်ဖြစ်တယ်။ ကျန်တာ တွေက သိပ်မထိရဲကြ
ဘူး။ ပြီးခဲ့တဲ့လက ဆို အရောင်းအဝယ်မရှိသလောက်ပဲ။ CIF ဈေးအသစ်ထွက်လာမှာကို စောင့်ကြ
တာ။ ထွက်လာတော့လည်း တချို့ ကားမော်ဒယ်တွေအတွက် ဃှုင်္ ဈေးကျသွားပေမယ့် တချို့
မော်ဒယ်တွေအတွက်လည်း ဈေးကမြင့်သွားတယ်"ဟု ဟံသာဝတီ ကားဝင်းအတွင်း ကားဝယ်
ရောင်း ဦးဇာထက်မြင့်က ပြောသည်။

"ကားသွင်းခွင့်မူဝါဒ စပြောင်းလဲခါစ ကတော့ ကားအရောင်းပြခန်းတွေနဲ့ ကာတင်သွင်းတဲ့လူတွေ
အမြတ်အစွန်းရခဲ့ပေမယ့် နောက်ပိုင်းမှာ တောက်လျှောက် မူဝါဒပြောင်းလဲမှုတွေက ကားတင်သွင်း
တဲ့သူတွေ ဦးမမေ့ာနိုင်အောင် ကို ဖြစ်နေတယ်။ မူဝါဒအပြောင်းအလဲ တွေက ငွေအလုံးအရင်းနဲ့ဝင်
တဲ့လူတွေ ကို အလုံးအရင်းနဲ့ ထိစေတယ်"ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး