ပညာရေးပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ရက်၌ ပညာရေးနှင့်သက်ဆိုင်သူများ ပါ၀င်နိုင်

ပညာရေးပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ရက်၌ ပညာရေးနှင့်သက်ဆိုင်သူများ ပါ၀င်နိုင်

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးစီမံကိန်းနှင့် ဥပဒေဖော်ဆောင်ရန် ရည်ရွယ်ကာ ပညာရေးပြုပြင်
ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (National Network for Education Reform -NNER)
ကို ဖွဲ့ စည်းပြီး ယင်းကွန်ရက်တွင် ပညာရေးနှင့်ဆက်နွှယ်သူများ ပါ၀င် နိုင်ကြောင်း အမျိုးသားဒီမို
ကရေစီအဖွဲ့ ပညာရေးကွန်ရက်အဖွဲ့ဝင် ဒေါက်တာသိန်းလွင် က ဇန်နဝါရီလ ၁၁ ရက်နေ့က ပြော
ကြားသည်။

အဆိုပါကွန်ရက်ကို ပညာရေးနှင့် သက်ဆိုင်သူအားလုံးနှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ
ကျယ်ကျယ်ပြန့်ပြန့် ပါ၀င်လာစေရန်ရည်ရွယ်ပြီး ဇန်နဝါရီနှင့် မတ်လများတွင် ဒေသအသီးသီးရှိ
ပညာ ရေးအဖွဲ့အစည်းများနှင့်ဆက်သွယ်ကာ ပိုမိုကျယ်ပြန့်စွာ ဖွဲ့စည်းမည်ဖြစ်သည်။

ဧပြီနှင့်ဇွန်လများတွင် ဒေသဆိုင်ရာ ဆွေးနွေးပွဲများကိုကျင်းပကာ ပညာရေး မူဝါဒဆိုင်ရာ အကြံပြု
ချက်များရယူမည် ဖြစ်သည်။

အဓိကအားဖြင့် ပညာရေးဆိုင်ရာ အခြေ ခံမူများ၊ တာဝန်ခံမှု၊ စီမံခန့်ခွဲမှု၊ ရည်မှန်းချက်၊ အကြံပြုချက်၊
စာမေးပွဲဆိုင်ရာများ၊ ဘာသာစကားသင်ကြားမှု၊ မူလတန်း၊အထက်တန်း၊ အသက်မွေးဝမ်းကျောင်း၊
တက္ကသိုလ်ပညာရေးအပြင် အခြားလိုအပ်သောကဏ္ဍများကို ပါ အခြေခံဆွေးနွေးမည်ဖြစ်သည်။

ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပညာရေး
ကွန်ရက်၊ Thinking Classroom Foundation၊ Educationalist Network၊ ၈၈ မျိုးဆက်၊
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ Generation Wave၊ ဗ.က.သ၊ တ.က.သ၊ ဖောင်တော်ဦးနှင့်
ဘုန်းတော်ကြီးသင်ကျောင်းများ၊ ခရစ်ယာန် အခြေပြု တက္ကသိုလ်၊ ကျောင်းများ ကနဦး ပါ၀င်ဖွဲ့စည်း
ထားသည်။

"ဒီနှစ်ထဲမှာ ကွန်ရက်တွေအနေနဲ့ ဒေသအသီးသီးမှာရှိတဲ့ ပညာရေးအဖွဲ့ အစည်းပေါင်းစုံရဲ့ အကြံ
ဉာဏ်တွေ ရယူပြီး၊ ပညာရေးမူဝါဒတစ်ခု ချမှတ်နိုင်တဲ့ အထိ လုပ်ဆောင်ပါမယ်။

"တစ်နိုင်ငံလုံးမှာရှိတဲ့ အတိုင်းအတာ အထိ ကိုယ့်နယ်ပယ်အလိုက် ချိတ်ဆက်ပြီး ဆွေးနွေးကြမယ်။
နောက်နှစ်မှာလွှတ် တော်အထိတင်နိုင်အောင်ကြိုးစားသွား မယ်။ အခုတော့ အဖွဲ့ ၆၅ ဖွဲ့လောက်
အထိ ချိတ်ဆက်နိုင်တယ်။ အဓိက ဦးဆောင်ပြီးလုပ်နေတာက ၁၀ ဖွဲ့ လောက် ရှိပါတယ်။ ကိုယ်နဲ့
သက်ဆိုင်ရာ နယ်ပယ်ဒေသအသီးသီးမှာ ချိတ်ဆက်ပြီးလုပ်ဆောင်ကြမယ်"ဟု ၈၈ မျိုးဆက်အဖွဲ့မှ
ကိုစိုးထွန်းက မြန်မာတိုင်း(မ်)ကို ပြောကြားသည်။

ဇူလိုင်လတွင် NNER နှင့် ပညာရေးဝန်ကြီးဌာနမှ ဦးစီးပြီး ပြင်ပပညာရှင်များ နှင့် ဖွဲ့စည်းထားသော
CESR (Com-prehensive Education Sector Review) တို့ ပူးပေါင်းကာ နိုင်ငံလုံးဆိုင်ရာ ပညာ
ရေးဆွေးနွေးမည်ဖြစ်ကာ ယင်းမှနိုင်ငံလုံးဆိုင်ရာ ပညာရေးမူဝါဒ ပထမမူကြမ်းရရှိရန် အကောင်
အထည် ဖော်ပြီး ပြည်သူလူထုထံမှ အကြံပြုချက်များ ရယူမည်ဖြစ်သည်။

ထိုမှ ဒုတိယ မူကြမ်းရရှိမည်ဖြစ်ကာ ပြည်သူ့လွှတ်တော်သို့ တင်ပြဆွေးနွေးမည်ဖြစ်သည်။

"၂၀၁၄ မကုန်ခင် အမျိုးသားပညာရေး အက်ဥပဒေရေးဆွဲဖို့အတွက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
က ဒေါက်တာသိန်းလွင်က ဦးဆောင်ပြီး စိတ်ဝင်စားသူ တွေကိုဖိတ်ခေါ်ပြီး ကွန်ရက်ဖွဲ့တာပါ။
အကြမ်းဖျင်းပေါ့။ ပြည်နယ်နဲ့တိုင်း အလိုက် ဆွေးနွေးပွဲလေးတွေ လုပ်မယ်။ ပြည်နယ်နဲ့တိုင်း ၁၄ ခု
ကနေပြီး အကြို ဆွေးနွေးပွဲတွေလုပ်ပြီးတော့မှ အားလုံးပါ၀င်တဲ့ ပညာရေးဆွေးနွေးပွဲကြီးလုပ်မယ်။
ဥပဒေကြမ်းအတွက် လိုအပ်မယ်ထင်တဲ့ အချက်အလက်တွေကို ပြန်ပြီးဆွဲတဲ့အထဲမှာထည့်မယ်"
ဟု ဗ.က.သမှ NNER တာဝန်ခံ ကိုဖြိုးတင်ဦးက ပြောကြားသည်။

ကွန်ရက်သို့ချိတ်ဆက်ကာ ဆက်သွယ်လိုသူများသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
၀၉၇၃၂ ၅၅၅၆၉၊ ၀၉၅၀ ရ၇၄၅၇ နှင့် ၈၈ မျိုးဆက် ဖုန်း ၀၉၇၃ ၄၉၄၃၆၇၊ ၀၉၇၃၀ ၃၇၀၇၇ တို့သို့
ဆက်သွယ်နိုင်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး