အလုပ်အကိုင်ရှာဖွေရေးအတွက် အထောက်အပံ့ရစေရန် လုပ်ငန်းသုံး ဂျပန်ဘာသာစကားကို
J-SAT မှ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းတွင် စာသင်ချိန်နာရီပေါင်း ၂၀ ပို့ချပေးသွားမည်ဖြစ်ပြီး လက်တွေ့လုပ်ငန်းသုံး ဂျပန်
ဘာသာစကားကို ၀ါရင့် ဂျပန်ဆရာ၊ ဆရာမများက သင်ကြား ပေးသွားမည်ဖြစ်ကြောင်း J-SAT မှ
မန်နေဂျာ တာကာရှီမမီနက ပြောသည်။
"ဂျပန်ကုမ္ပဏီတွေက ဂျပန်ဘာသာ ကျွမ်းကျင်တဲ့လုပ်သားလိုချင်တယ်။ ဂျပန်ဘာသာတတ်မြောက်
ထားသူတွေကလည်း ဂျပန်ကုမ္ပဏီမှာ အလုပ်လုပ် ချင်ပေမဲ့ ဘယ်လိုချိတ်ဆက်ရမှန်းမသိ ဖြစ်နေ
ကြတယ်။ အခု J-SAT က လုပ်သားလိုတဲ့ ဂျပန်ကုမ္ပဏီတွေနဲ့ အလုပ်လုပ်ချင်တဲ့ လုပ်သားတွေကို
အရင်ဆုံး ချိတ်ဆက်ဆောင်ရွက်ပေးသွားမယ်။ လုပ်ငန်းသုံးဘာသာစကားဟာလည်း တကယ်လို
အပ်တဲ့အတွက် ဘာသာစကားကိုလည်း သင်ပေးသွားမှာပါ" ဟု မန်နေဂျာ တာကာရှီမမီနက
ပြောသည်။
သင်တန်းတွင် လုပ်ငန်းခွင်နှင့် ကိုက်ညီသော လုပ်ငန်းအတွင်း စာရွက်စာတမ်း ၊ သတင်းစာ စသည်
များကို သင်ထောက် ကူပစ္စည်းများအဖြစ်အသုံးပြု၍ ဂျပန်တို့၏ လုပ်ငန်းခွင်ယဉ်ကျေးမှု၊ ပြောဆို
ဆက်ဆံရေးအတွက် လိုအပ်သောစွမ်းရည်ကို အလေးပေးလေ့ကျင့် ပေးသွားမည်။
စကားလုံးသိရုံသာမက လုပ်ငန်းသုံးဝါကျများကို အသုံးချမှုစွမ်းရည်၊ သတင်းအချက်အလက်စီမံခန့်ခွဲ
ခြင်းများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။















