စာချသံဃာနှင့် သီလရှင် ၄၈၅ ပါးအား ဗုဒ္ဓဂယာသို့ ပို့ဆောင်မည်

စာချသံဃာနှင့် သီလရှင် ၄၈၅ ပါးအား ဗုဒ္ဓဂယာသို့ ပို့ဆောင်မည်

မြန်မာနိုင်ငံအတွင်းရှိ ပရိယတ္တိစာသင်တိုက်ကြီးများ၌ စာပေပို့ချတာဝန်ယူနေသော စာချသံဃာ
တော်များနှင့် သီလရှင် စုစုပေါင်း ၄၈၅ ပါးအား ဗုဒ္ဓဂယာသို့ ဘုရားဖူးကာလအတွင်း ဓမ္မဒူတ ဆရာ
တော် ဒေါက်တာအရှင်ဆေကိန္ဒက အလှည့်ကျ ပင့်ဆောင်မည်ဖြစ်သည်။

"ပရိယတ္တိနဲ့ ပရိပတ္တိ၀န်ကိုဆောင်နေကြတဲ့ စာသင်တိုက်ကြီးတွေက စာချ သံဃာ၊ သီလရှင်တွေကို
အလှည့်ကျ ဘုရားဖူးပို့ဆောင်ပေးတာပါ" ဟု အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြု
တက္ကသိုလ် ပရိယတ္တိဌာနမှုး ပါမောက္ခ ဒေါက်တာအရှင်ဆေကိန္ဒက မိန့်သည်။

"ပြီးခဲ့တဲ့ဘုရားဖူးရာသီမှာ စာချဆရာတော် အပါး ၁၈၀ ကို ပင့်ဆောင်ပေးနိုင်ခဲ့တယ်။ အခုနှစ်မှာ
တော့ စာချသံဃာ ၃၆၅ ပါးအပြင် စာချသီလရှင်အပါး ၁၂၀ ကိုပါ စတင်တိုးမြှင့်ပင့်ဆောင်ဖို့ စီစဉ်နေ
တယ်"ဟု ခရီးစဉ်များအားစီစဉ်နေသည့် ကမ္ဘာအေးတိပိဋက မဟာဂန္ဓရုံကျောင်း တိုက်မှ တိုက်အုပ်
ဆရာတော် ဦးဉာဏိ ဿရက မိန့်သည်။

ဗုဒ္ဓဂယာ ဘုရားဖူးခရီးစဉ်သို့ လိုက်ပါလိုသော သံဃာတော်များနှင့် သီလရှင်များသည် ပရိယတ္တိ
စာသင်တိုက်ကြီးများတွင် ပရိယတ္တိစာပေများကို သင်ကြားပို့ ချနေသူများဖြစ်၍ အိန္ဒိယသို့ ဘုရားဖူး
မကြွဖူးသေးသော နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများဖြစ်ရမည်။

သတ်မှတ်ချက်များနှင့်ပြည့်မီသူများသည် ကမ္ဘာအေးတိပိဋက မဟာဂန္ဓရုံ ကျောင်းတိုက်မှ
တိုက်အုပ်ဆရာတော် ဦးဉာဏိဿရထံသို့ ဆက်သွယ်စာရင်း ပေးသွင်းနိုင်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး