ခွေးရူးဟု သံသယရှိသည့်ခွေးများ၏ ဦးနှောက်ကို မြန်မာနိုင်ငံ မွေးမြူရေးနှင့် ဆေးကုသရေးဦးစီးဌာန
က ဓာတ်ခွဲစမ်းသပ်ရာခဲ့တွင် ရ၅ ရာခိုင်နှုန်းသည် ခွေးရူးရောဂါပိုးရှိနေသည်ကို စမ်းသပ်တွေ့ရှိခဲ့
သည်ဟု သိရသည်။
ခွေးရူးရောဂါပိုးကို မြန်မာနိုင်ငံ မွေးမြူရေးနှင့် ဆေးကုသရေးဌာနမှ စစ်ဆေးပေးလျက်ရှိနေရာ ပြီးခဲ့
သည့်နှစ်တွင် ခွေးကိုက်ခံရသည့်လူများမှ ယူဆောင်လာသည့် ခွေးအကောင်၂၀ တွင် ရ၅ ရာခိုင်နှုန်း
(၁၅ ကောင်ခန့်)တွင် Negri Bodies ခေါ် ခွေးရူးရောဂါပိုးကို တွေ့ရှိသည်ဟု အဆိုပါဌာနမှ ဒုတိယ
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်ကြီးက မြန်မာတိုင်း(မ်)ကို လွန်ခဲ့ သည့် ရက်သတ္တပတ်က
ပြောသည်။
"ဒီပိုးရှိတဲ့ခွေး အကိုက်ခံရမယ်ဆိုရင် တစ်ပတ်အတွင်း ဖျားလာမယ်၊ ကိုယ်လက်တွေ ကိုက်ခဲလာ
မယ်။ ပြီးတော့ အသက်အန္တရာယ် ထိခိုက်နိုင်တယ်" ဟု ဒေါက်တာအောင်ကြီးက ပြောသည်။
အဆိုပါပိုးကို လူ့ခန္ခာကိုယ်ထဲတွင် စစ်ဆေးတွေ့ရှိသည့်အချိန်၌ ပျောက်ကင်းအောင်ကုသရန်
ဆေးဝါး ယနေ့ မရှိဘဲ အဆိုပါရောဂါကြောင့် လူအများ အသက်ဆုံးရှုံးရသည်ဟု ဒေါက်တာ
အောင်ကြီးက ပြောသည်။
"ဒါပေမဲ့ ခွေးကိုက်ခံရပြီး ချက်ချင်း ကာကွယ်ဆေးထိုးမယ်ဆိုရင်တော့ ဒီ ရောဂါကို ကာကွယ်လို့ရပါ
တယ်။ ခွေးကိုလည်း ကြိုတင်ကာကွယ်ဆေးထိုးပေးလို့ရပါတယ်"ဟု ၎င်းကပြောသည်။
မွေးမြူရေးနှင့် ကုသရေးဌာနအနေ ဖြင့် ခွေးရူးရောဂါကာကွယ်ဆေးကို တစ်နှစ်လျှင် တစ်ကြိမ်သာ
အိမ်မွေးခွေး အချို့ကိုသာ အခမဲ့ထိုးပေးနိုင်ပြီး ခွေးလေခွေးလွင့်များကို ခွေးရူးရောဂါ ကာကွယ်မှုများ
မပြုလုပ်နိုင်ကြောင်း ဒေါက်တာအောင်ကြီးက ပြောသည်။
သို့ရာတွင် လာရောက်စစ်ဆေးကြသည့် ခွေးအများစုသည် အိမ်မွေးခွေးများထက် ခွေးလေခွေးလွင့်
များ များပြီး ခွေးလေခွေးလွင့်များတွင်ရှိသည့် ခွေးရူး ရောဂါပိုးကို ထိန်းချုပ်ရန်ခက်သည်ဟု ၎င်းက
ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့တော်၌ ခွေးလေခွေးလွင့် ပေါက်ဖွားမှုများကို ရန်ကုန်မြို့တော်စည်ပင်မှ
ထိန်းချုပ်လျက်ရှိရာ ၂၀၁၂ ခုနှစ်တွင် ခွေးလေ ခွေးလွင့် အကောင်နှစ်သောင်းကျော် သုတ်သင်ခဲ့
သည်ဟု ရန်ကုန်မြို့တော် စည်ပင် တိရစ္ဆာန်နှင့် သားသတ်ရုံများ ဌာနမှ စုံစမ်းသိရှိရသည်။















