မြန်မာနိုင်ငံ၌ ကွမ်းငုံခြင်း အလေ့အထကြောင့် ပါးစောင်အမြှေးပါးသည် ခံတွင်း ကင်ဆာရောဂါဖြစ်
ပွားမှု အများဆုံး နေရာဖြစ်သည်ဟု သုတေသနပြုချက် တစ်ခုအရ သိရသည်။
သုတေသနအရ ခံတွင်းကင်ဆာ အမျိုးအစားတစ်မျိုး ဖြစ်သော Squamous Cell Carcinoma
အမျိုးအစားကြောင့် ဖြစ်ပွားမှုအများဆုံးဖြစ်သည်။
အဆိုပါသုတေသနကို ဇန်နဝါရီလ ရ ရက်မှ ၁၁ ရက်နေ့အထိ ပြုလုပ်ခဲ့သော မြန်မာနိုင်ငံ ကျန်းမာ
ရေးဆိုင်ရာ သုတေသနညီလာခံတွင် တင်သွင်းခဲ့သည်။
၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ပြုလုပ်ခဲ့သော အဆိုပါ သုတေသနကို သွားဘက်
ဆိုင်ရာ ဆေးတက္ကသိုလ်နှင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး မျက်နှာ၊ မေးရိုး၊ ခံတွင်းနှင့် အသားအစား
ထိုး ခွဲစိတ်ပြုပြင်မှုဌာနမှ ခံတွင်းကင်ဆာ လူနာ ၁၂၀ ၏ ရောဂါ ဖြစ်ပွားရခြင်းအကြောင်းရင်းနှင့်
ရောဂါ ဗေဒဆိုင်ရာ အချက်အလက်များကို လေ့လာခဲ့ခြင်းဖြစ်သည်။
ခံတွင်းကင်ဆာသည် အာဆီယံဒေသ၌ အဖြစ်အများဆုံးကင်ဆာရောဂါ ငါးခုထဲတွင် တစ်ခုအပါ
အဝင်ဖြစ်သည်။
မြန်မာနိုင်ငံသည် ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်း အလေ့အထများ အလွန်များပြားသဖြင့် ၎င်း
အလေ့အထများနှင့် ဆက်နွှယ်သော ခံတွင်းကင်ဆာ ရောဂါဖြစ်ပွားမှုအန္တရာယ် မြင့်မားသော နိုင်ငံ
များတွင် အပါအဝင်ဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြုလုပ်ခဲ့သည့် စစ်တမ်းများအရ ကမ္ဘာပေါ်၌ ဆေးရွက်ကြီးပါ၀င်သည့်
ကွမ်းယာစား သုံးမှုအများဆုံးနိုင်ငံ ရှစ်နိုင်ငံတွင် မြန်မာ နိုင်ငံရှိ အမျိုးသားများ၏ဆေးရွက်ကြီး ပါ၀င်
သော ကွမ်းယာစားသုံးသည့်နှုန်းသည် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ စသော နိုင်ငံများကို
ကျော်လွန်၍ ၅၁ ဒသမ ၄ ရာခိုင်နှုန်းဖြင့် စားသုံးမှုနှုန်း အမြင့်ဆုံးဖြစ်နေသည်။
"မြန်မာနိုင်ငံမှာ ကွမ်းစားတဲ့နှုန်းက အရမ်းတက်နေတယ်။ လူနှစ်ယောက်မှာ တစ်ယောက်နှုန်း
စားနေတာကို တွေ့ရတယ်"ဟု အရှေ့တောင်အာရှဒေသ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရုံးချုပ် ဆေးလိပ်
နှင့် ဆေးရွက်ကြီးကင်းဝေးရေးဆိုင်ရာ ဒေသဆိုင်ရာ အကြံပေးအရာရှိ ဒေါက်တာညိုညိုကြိုင်က
ပြောသည်။
"တချို့က ဆေးလိပ်ကို ကွမ်းနဲ့အစား ထိုးပြီး ဖြတ်ဖို့ကြိုးစားရင်း ကွမ်းကိုပါ စွဲသွားကြတယ်။ အဓိက
ကတော့ ကွမ်းစားတာက ဆေးလိပ်သောက်တာ လောက် အန္တရာယ်မများဘူးလို့ ထင်နေကြတယ်"
ဟု ၎င်းက ပြောသည်။
ဆေးသုတေသနဦးစီးဌာန (အောက် မြန်မာပြည်)နှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ မေးရိုးနှင့်
ခံတွင်း ဆေးပညာဌာနတို့မှ ပြုလုပ်သော သုတေသနအရ ခံတွင်းကင်ဆာကို ကွမ်းယာဝါးခြင်း
တစ်မျိုးတည်း အလေ့အထရှိသောသူများတွင် တွေ့ရကာ ၂၈ ဒသမ ၃၃ ရာခိုင် နှုန်း ရှိနေသည်။
ကွမ်းယာဝါးခြင်းနှင့် ဆေးလိပ်သောက်ခြင်း နှစ်မျိုးစလုံး အလေ့အထရှိသူ ၁၇ ဒသမ ၅ ရာခိုင်နှုန်း
နှင့် ဆေးလိပ်တစ်မျိုးတည်း သောက်သုံး သူ ၁၅ ဒသမ၈ ၃ ရာခိုင်နှုန်းတို့ အသီးသီးရှိကြောင်း
တွေ့ရှိရသည်။
ခံတွင်းကင်ဆာဝေဒနာရှင် အများစု မှာ ရောဂါနှင့်ပတ်သက်သော ဗဟုသုတ နည်းပါးခြင်းကြောင့်
ကုသမှုခံယူရာတွင် နောက်ကျကြောင်း တွေ့ရှိရသည်။
ဝေဒနာရှင်များ၏ ၆၀ ရာခိုင်နှုန်းသည် ခံတွင်းကင်ဆာအဆင့်(၄)သို့ ရောက်ရှိ နေကြသည်။
သုတေသနအရ ခံတွင်းကင်ဆာ ဝေဒနာရှင်များတွင် အမျိုးသား ၁ ဒသမ ၆ ဦးတွင် အမျိုးသား
တစ်ဦးမှာ ခံတွင်း ကင်ဆာရောဂါ တွေ့ရှိရကြောင်း သိရသည်။
ရောဂါအဖြစ်များဆုံး အသက် အုပ်စုမှာ ၄၅ နှစ်မှ ၆၅ နှစ်အတွင်းဖြစ်ပြီး ဖြစ်ပွားသူများ၏ ၅၄ ရာခိုင်
နှုန်း ကျော်တွင် တွေ့ရသည်။
မြန်မာနိုင်ငံ၌ ၂၀၀၉ နှင့် ၂၀၁၀ ပြည့်နှစ်က ဆောင်ရွက်ခဲ့သော ကူးစက် ရောဂါမဟုတ်သောရောဂါ
များ ဖြစ်ပွား စေသည့် အကြောင်းအချက်များဆိုင်ရာ အမျိုးသားအဆင့်လေ့လာခြင်း စစ်တမ်းအရ
အသက် ၁၅ နှစ်မှ ၆၄ နှစ်အတွင်း အမျိုးသားများတွင် နေ့စဉ်ပုံမှန် စားသုံး သူမှာ ၃၇ ဒသမ ရ
ရာခိုင်နှုန်း၊ ပုံမှန် မဟုတ်ဘဲ စားသုံးသူမှာ ၁၃ ဒသမ ရ ရာခိုင်နှုန်းနှင့် လုံးဝစားသုံးခြင်းမရှိသူ ၄၈
ဒသမ ၆ ရာခိုင်နှုန်းရှိပြီး အမျိုးသမီးများတွင် နေ့စဉ်ပုံမှန် စားသုံးသူ ၁၂ ဒသမ ၂ ရာခိုင်နှုန်း၊ ပုံမှန်
မဟုတ်ဘဲ စားသုံးသူ ၃ ဒသမ ၉ ရာခိုင်နှုန်းနှင့် လုံးဝ မစားသုံးသူ ၈၃ ဒသမ ၉ ရာခိုင်နှုန်းတို့ ဖြစ်
ကြောင်း သိရသည်။
စစ်တမ်းအရ အမျိုးသားများတွင် အသက် ၂၅ နှစ်မှ ၃၄ နှစ်အတွင်းနှင့် အမျိုးသမီးများတွင် အသက်
၄၅ နှစ်မှ ၅၄ နှစ်အတွင်းသည် ကွမ်းယာစားသုံးမှု အများဆုံးဖြစ်သည်ဟု သိရသည်။
















