နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) က တိုက်ပွဲများမြင့်တက်လာကာ ခန့်မှန်းခြေ စာရင်း
များအရ စစ်ပြေးဒုက္ခသည်ပေါင်း တစ်သိန်းကျော်ရှိသော ကချင်ပြည်နယ်၌ လူသားချင်း စာနာ
ထောက်ထားသည့် အကူအညီများပေး နိုင်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ တင်ပြထား
ကာ ခွင့်ပြုချက်အား စောင့်ဆိုင်းနေသည်ဟု ကော်မတီ၏ဥက္ကဋ္ဌက ပြောသည်။
"ကချင်ဟာ ပဋိပက္ခတွေကို စည်းမျဉ်းစည်းကမ်းနဲ့ ကူညီပေးတတ်တဲ့ ICRC လိုအဖွဲ့အစည်းတစ်ခု
အတွက် လုပ်ကိုင်ဆောင်ရွက်ခွင့်ပေးဖို့ သင့်တော်တဲ့နေရာ တစ်ခုပါ"ဟု မစ္စတာ Peter Maurer
က ဇန်နဝါရီလ ၁၇ ရက်နေ့က ရန်ကုန်၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
အကူအညီပေးရာတွင်လည်း ပဋိပက္ခ အခြေအနေများတွင် ကြားနေနှင့် ဘက်မလိုက်ရေးမူကို
ကိုင်စွဲသောမူအရ အစိုးရနှင့် ကေအိုင်အိုထိန်းချုပ်သည့် နယ်မြေနှစ်ခုစလုံး ပါ၀င်သောနေရာတွင်
စတင်လုပ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
"ကျွန်တော်တို့ရဲ့ စိတ်ဝင်စားမှုက ပဋိပက္ခရဲ့ အပေါ်ယံမဟုတ်ဘဲ ပဋိပက္ခဇာစ်မြစ်ပါ။ အဲဒီနေရာဋ္ဌ
တွေကို ကျွန်တော်တို့ ရောက်တာနဲ့ ဘာလုပ်ချင်တယ်ဆိုတာ၊ ကျွန်တော်တို့ ဘာလုပ်မယ်ဆိုတဲ့
တိကျတဲ့စိတ်ကူး ကျွန်တော်တို့ဆီမှာရှိပါတယ်"ဟု မြန်မာနိုင်ငံ၏ ဌာနေကိုယ်စားလှယ်ဖြစ်သော
မစ္စတာ Georges Paclisanu က ပြောသည်။
ကချင်ပြည်နယ်နှင့်အတူ မြန်မာနိုင်ငံ၏ ရှေ့ပိုင်းနယ်စပ်ဒေများကိုပါ အကူအညီပေးသွားမည်ဖြစ်
သည်ဟု ICRC ၏ ဥက္ကဋ္ဌဖြစ်သော မစ္စတာ Maurer က ပြောသည်။
နေပြည်တော်၌ သမ္မတဦးသိန်းစိန် နှင့်အတူ အခြားသောဝန်ကြီးများနှင့် တွေ့ဆုံခဲ့စဉ် တင်ပြခဲ့ရာ
အပေါင်း လက္ခဏာဆန်သော တုံ့ပြန်မှုများရရှိခဲ့ ကြောင်းလည်း ၎င်းကပြောသည်။
မြန်မာနိုင်ငံအတွက် ICRC ၏ အသုံးစရိတ်မှာ ၂၀၁၂ မှ ၂၀၁၃ အတွင်း ခန့်မှန်းခြေ ဒေါ်လာငါး
သန်းမှ ခုနစ်သန်းအထိ တိုးမြင့်လာခဲ့ကာ လုပ်ငန်းများအဆင်ပြေသည်နှင့်အမျှ သုံးစွဲငွေများ
တိုးမြှင့်မည်ဖြစ်သည်။
မြန်မာနိုင်ငံ၌ ၁၉၉၉ ခုနှစ်က စတင်ခါ လုပ်ငန်းများလုပ်ဆောင်ခဲ့ရာ၂၀၀၅ ခုနှစ်တွင် အစိုးရနှင့်
သဘောထား ကွဲလွဲမှုဖြင့် လုပ်ငန်းများရပ်ဆိုင်းခဲ့ရပြီး လွန်ခဲ့သည့်နှစ်တွင် ပြန်လည်စတင်ခွင့်
ရရှိခဲ့သည်။
















