ဆက်သွယ်ရေးကဏ္ဍ၏ ဂယက်များက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို မထိခိုက်နိုင်ဟု အိုင်တီလုပ်ငန်းရှင်များ သုံးသပ်

ဆက်သွယ်ရေးကဏ္ဍ၏ ဂယက်များက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို မထိခိုက်နိုင်ဟု အိုင်တီလုပ်ငန်းရှင်များ သုံးသပ်

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေမှုများသည်နှင့် ပတ်သက်၍
မှန်ကန်ကြောင်း သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ယခုလ ၂၃ ရက်နေ့က အတည်ပြု
ပြောကြားခဲ့သည်။

"မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို စုံစမ်းစစ်ဆေးမှုတွေလုပ်နေတာ မှန်ပါတယ်။ ဒါပေမယ့် စုံစမ်း
ဆဲကိစ္စဖြစ်လို့ အသေးစိတ် ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးပါဘူး"ဟု ၎င်းကပြောသည်။

အဆိုပါ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ၀န်ထမ်းများအား စုံစမ်းမေးမြန်းမှုများ ပြုလုပ်နေသည်
ဆိုသည့် ကောလာဟလများမှာ ထွက်ပေါ်ခဲ့ပြီး ဆိုရှယ်မီဒီယာဖြစ်သည့် ဖေ့ဘုတ် (Facebook)
တွင်လည်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း ရာထူးမှ နုတ်ထွက်သွားသည်ဟု တရားဝင်
ကြေညာပြီးချိန်တွင် ဦးသိန်းထွန်းနာမည်နှင့် ဖုန်းနံပါတ်ပါ၀င်သည့် ငွေလွှဲဘဏ်ချလန်  ဓာတ်ပုံ
များ ထွက်ပေါ်လာခဲ့သည်။

ထို့နောက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးသိန်းဦး၊ မိုဘိုင်းအင်ဂျင်
နီယာချုပ် ဦးဌေးဝင်းနှင့် ဒုတိယ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးစိုးအောင်တို့အား ဖုန်းဖြင့်
ဆက်သွယ် မေးမြန်းရာ ဖုန်းပိတ်ထားသဖြင့် ဆက်သွယ်မရခဲ့သည်ကို တွေ့ရသည်။

အဆိုပါဂယက်များနှင့် ပတ်သက်၍ ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုများဝင်
လာလျှင် နိုင်ငံတကာ၏ လုပ်ထုံးလုပ်နည်း သဏ္ဌာန်ပြောင်းဖို့လိုအပ်ကြောင်း၊ ယခင်က
အစိုးရ၏ မူဝါဒမှာ တံခါးပိတ်မူဝါဒဖြစ်ပြီး ယခုအခါ နိုင်ငံတကာနှင့် ညှိနှိုင်းလုပ်ကိုင်ရသော
ကြောင့် ပူးပေါင်းရေးဝါဒကဲ့သို့ Regulatory Bodyလို နေရာမျိုးတွင် ၀င်ရမည်ဖြစ်သဖြင့်
၎င်းအတွက် အဆင်သင့် မဖြစ်နိုင်သေးသည်လည်း ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ
အသင်းချုပ်မှ  အလုပ်အမှုဆောင်ဖြစ်သူ ဦးရဲမြတ်သူက ပြောသည်။

"ဒီ ရင်းနှီးမြှုပ်နှံမှုတွေက လူပေါ်မူတည်ရတဲ့ စနစ်မဟုတ်ဘူး။System ပေါ် မူတည်ရတဲ့စနစ်
ပေါ့။ System ကောင်းကောင်း Institution ကောင်း ကောင်းရှိဖို့နဲ့ ဒါကို လက်တွေ့အလုပ်
လုပ်ဖို့ပဲ အရေးကြီးပါတယ်"ဟု ဦးရဲမြတ်သူက  ပြောသည်။

ရွှေပြည်တံခွန်ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ ဦးလွင်နိုင်ဦးက ၎င်းတို့အနေဖြင့်
လတ်တလောအချိန်တွင် EOI (Expression of Interest) တင်ရန် စီစဉ်နေကြောင်း၊
ဆက်သွယ်ရေးကဏ္ဍတွင် Teledensity မှာ နိမ့်နေသဖြင့် ရင်းနှီးမြှုပ်နှံမှု ပိုပြီးများလာနိုင်
ကြောင်း၊ ယခုလက်ရှိ ဆက်သွယ်ရေးကဏ္ဍတွင် ဖြစ်ပေါ်နေသော အခြေအနေများသည်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ထိခိုက်နိုင်မည်မထင်ကြောင်း ဇန်နဝါရီလ ၁၃ ရက်နေ့တွင်
ပြောသည်။

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးဇော်မင်းဦးက
"ဆက်သွယ်ရေး လုပ်ငန်းက ဘီလျံချီပြီးလုပ်ရတဲ့ စီးပွားရေးပါ။ တရင်းတနှီးလုပ်ရတဲ့ စီးပွားရေး
ပါ။ နဂိုကတည်းက ၀င်မယ်လို့ ဆုံးဖြတ် ချက်ချထားရင် ဒီဆက်သွယ်ရေး ကဏ္ဍရဲ့ အချက်
အလက်ကို ကြိုလေ့လာပြီးမှ လုပ်လာတာဖြစ်တဲ့အတွက် ဒီရက်ပိုင်း လောက်နဲ့တော့ သူတို့ရဲ့
ဆုံးဖြတ်ချက် ဟာ ပြောင်းလဲသွားစရာမရှိပါဘူး။ တကယ့်ဆက်သွယ်ရေးဥပဒေ ပြီးသွားတဲ့
အချိန်ကိုပဲ ကြည့်ရမှာပါ။ ဆက်သွယ်ရေး ဥပဒေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကိုသာကြည့်ပြီး
ဆုံးဖြတ်မှာပါ"ဟု ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး