လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး
ကော်မတီနှင့် ကေအိုင်အို (ကချင်လွတ်မြောက်ရေးတပ်မတော်)တို့ သီးခြားတွေ့ဆုံဆွေးနွေးမှု
မပြုလုပ်ဘဲ UNFC (ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ)၏ ဆုံး
ဖြတ်ချက်အတိုင်း အစိုးရနှင့် UNFC တို့ ဆွေးနွေးသွားလျှင် ပိုမိုသင့်တော်မည်ဖြစ်ကြောင်း
အစိုးရ၏ ကမ်းလှမ်းချက်အပေါ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ပြန်လည် အကြောင်းပြန်ခဲ့သည်။
အစိုးရအနေဖြင့် UNFC အား ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးကိစ္စများ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်း
ထားရာ ယခုဇန်နဝါရီလအတွင်း တွေ့ဆုံနိုင်ရန်မူ အားဖြင့် သဘောတူထားသည်။ "ဦးအောင်မင်း
ဘက်ကတော့ နိုင်ငံ ရေးအရ ဆွေးနွေးဖို့ ့ြ င်္ဃ ကို ကမ်း လှမ်းပြီးသားပါ။ UNFC ကတော့ ဒီလ
၂၇၊၂၈ မှာ သူတို့ အစည်းအဝေးလုပ်မယ် ပြောတယ်။ အစည်းအဝေးပြီးတော့ အစိုးရနဲ့
တွေ့ဖြစ်မယ်ထင်တယ်။ ဇန်နဝါရီလ မကုန်ခင်တော့ ဆွေးနွေးပွဲ ဖြစ်မှာပါ"ဟု ငြိမ်းချမ်းရေး
အကျိုးဆောင် ဦးလှမောင်ရွှေက ပြောသည်။
ကေအိုင်အိုအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော UNFC
သည် စစ်မှန်သော ပြည်ထောင်စုတည်ဆောက်ရေး၊ တိုင်းရင်းသားများ၏ တန်းတူရေးနှင့်
ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အတွက် ပူးပေါင်းဆောင်ရွက်ရန် ၂၀၁၁ ခုနှစ်တွင် ထိုင်းနိုင်ငံနယ်စပ်
မြို့၌ စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။
အစိုးရသည် လက်ရှိတွင် ကေအိုင်အေမှလွဲ၍ အခြားလက်နက်ကိုင်တိုင်းရင်းသား အဖွဲ့များနှင့်
အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီးကာ ယခုတစ်ဖန် UNFC အနေဖြင့် နိုင်ငံရေးအရ
ဆွေးနွေးရန် ဖိတ်ခေါ်ထားခြင်းဖြစ်ကြောင်း သိရသည်။ UNFC သည် အစိုးရ၏ ကမ်းလှမ်း
ချက်အား လက်ခံကာ တတိယနိုင်ငံတွင် တွေ့ဆုံဆွေးနွေးနိုင်ရန် အကြောင်းပြန်ထားပြီး
ကချင်အရေးကိစ္စများကို ဦးစားပေးဆွေးနွေးမည်ဖြစ်သည်။















