ရဲတံခွန် (မြောက်) စတုတ္ထမြောက် ရေနံတူးစင်ဆောက်ရန်စာချုပ်ချုပ်

ရဲတံခွန် (မြောက်) စတုတ္ထမြောက် ရေနံတူးစင်ဆောက်ရန်စာချုပ်ချုပ်

ရဲတံခွန် ကမ်းလွန်ရေနံတူးဖော်ရေး လုပ်ကွက်အတွင်း စတုတ္ထမြောက် သဘာဝဓာတ်ငွေ့
တူးဖော်စင် တည် ဆောက်ရန်အတွက် အဆိုပါ ရဲတံခွန် ရေနံတူးဖော်ရေးအား တာဝန်ယူ
ဆောင်ရွက်နေသောPC Myanmar (Hong Kong) Ltd နှင့် အဆိုပါ သဘာဝ ဓာတ်ငွေ့တူး
ဖော်ရေးစင်အား တည် ဆောက်ပေးမည့် LARSEN & TOUBRO LTDတို့အကြား သဘောတူ
စာချုပ်ချုပ်ဆိုပွဲကို ယခုလ ၂၃ ရက်နေ့က ParkRoyal ဟိုတယ်၌၊ကျင်းပခဲ့သည်။

ရဲတံခွန် ကမ်းလွန်ရေနံတူးဖော်ရေး လုပ်ကွက်အတွင်းတွင် လက်ရှိ သဘာဝဓာတ်ငွေ့ တူးဖော်
ရေးစင် A, B နှင့်  C ဟု သုံးခု တည်ဆောက်ပြီး ဖြစ်ပြီး ယခုထပ်မံတည်ဆောက်မည့်စင်သည်
ရဲတံခွန် သဘာဝဓာတ်ငွေ့ တူးဖော်ရေးစင် D ဖြစ်သည်။

အဆိုပါ သဘာဝဓာတ်ငွေ့ တူးဖော်ရေးစင် D အား အိန္ဒိယကုမ္ပဏီ ဖြစ်သောLARSEN &
TOUBRO Ltd က တည်ဆောက်ပေးမည်ဖြစ်သည်။ "ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ သဘာဝ
ဓာတ်ငွေ့ တူးဖော်ရေးစင်တည်ဆောက်မှုမှာ အတွေ့အကြံုရှိပြီးသား ဖြစ်ပါတယ်။ လက်ရှိလည်း
ဇောတိက ရေနံတူးဖော်ရေးပိုက်လိုင်းအတွက် ရေနံတူးဖော်စင် သုံးခုကို တည်ဆောက်ပေး
နေပါတယ်။ အဆိုပါ ရေနံတူးဖော်စင်သုံးခုအနက် တစ်ခုကို တပ်ဆင်ပြီးဖြစ်ပါတယ်။

အခု ကျွန်တော်တို့အနေနဲ့ တည်ဆောက်နေတဲ့ ဇောတိကသဘာဝဓာတ်ငွေ့ တူးဖော်ရေးစင်
တည်ဆောက်ချိန်က  အချိန် ၁၄ လနီးပါး အချိန်ယူရပါတယ်။ ဒါပေမဲ့ ဒီရဲတံခွန်စီမံကိန်း
အတွက်တော့ အချိန် ၁၃ လပဲ ရပါတယ်"ဟု ရဲတံခွန်ရေနံတူးဖော်စင် D အား လက်ခံ
တည်ဆောက်မည့် LARSEN & TOUBRO Ltd မှ Senior Vice President Mr. Udaya
Dasgupta က မြန်မာတိုင်း(မ်)ကို ပြောသည်။

"ရဲတံခွန်သဘာဝဓာတ်ငွေ့ တူးဖော်ရေးစင် D က ရေအောက်ကို မီတာ ၁၀၀အနက်ပေ
တည်ဆောက်ပေးရမှာပါ။ ပရောဂျက် အချိန်နည်းပေမဲ့ ဇောတိကရေနံတူးဖော်စင်ထက်တော့
အရွယ် အစား သေးပါတယ်။ ရေနံစင်ကို အိန္ဒိယမှာ တည်ဆောက်ပြီး မြန်မာပြည်မှာလာ
ရောက် တပ်ဆင်မှာပါ။ အခုနောက် တိုးချဲ့တည်ဆောက်မဲ့ ဓာတ်ငွေ့ တူးဖော်ရေးစင်က
နဂိုမူလရှိပြီးသား တူးဖော်ရေးစင် သုံးခုရဲ့ ၁၁ ကီလိုမီတာ အဝေးမှာ ထပ်မံတည်ဆောက်
သွားမှာ ပါ"ဟု ၎င်းက ပြောသည်။

အဆိုပါ သဘာဝဓာတ်ငွေ့ တူးဖော်ရေးစင် ထပ်မံတည်ဆောက်ခြင်းအား ဖြင့် ရေနံတူးဖော်မှု
ပမာဏကို မြှင့်တင် သွားနိုင်မှာ ဖြစ်သည်။ ရဲတံခွန်(မြောက်) စီမံကိန်းသည် မြန်မာ့ရေနံနှင့်
သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် ထုတ်လုပ်မှု ခွဲဝေခံစားရေးသဘောတူညီထားသည့် M12,
M13 နှင့် M14 လုပ်ကွက်များဖြစ်သည်။

ယခု ထပ်မံတည်ဆောက်မည့် ရဲတံခွန် (မြောက်) သဘာဝဓာတ်ငွေ့ တူးဖော်ရေးစင် အသစ်
သည် ရေအောက်ပိုက်လိုင်း တည်ဆောက်ခြင်းနှင့် ကမ်းလွန် သဘာဝဓာတ်ငွေ့တူးဖော်ရေး
စင် အပါအဝင် စီမံကိန်းအား တာဝန်ယူတည်ဆောက် နေသော PETRONAS ကုမ္ပဏီ၏
သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါရေတံခွန်(မြောက်) စီမံကိန်းသည် Myanmar Inc၊   မြန်မာ့ရေနံနှင့် သဘာဝ
ဓာတ်ငွေ့လုပ်ငန်း PTTEP Inter-national Ltd နှင့် JX Nippon Oil Exploration
(Myanmar) Ltdတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်သော စီမံကိန်းဖြစ်ပြီး PC Myanmar
(Hong Kong) Limited မှ တာဝန်ယူဆောင် ရွက်နေခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး