တောင်ကုတ် ကားမှောက်မှု ၁၄ ဦးသေဆုံး

တောင်ကုတ် ကားမှောက်မှု ၁၄ ဦးသေဆုံး

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၌   ဇန်နဝါရီလ ၂၃ ရက်နေ့က ခရီးသည်တင် ဖူဆိုအမှတ်တံဆိပ်
လေအိတ်ကားတစ်စီး ဘရိတ်ပေါက်၍ ချောက်ထဲသို့ ကျဆင်း တိမ်းမှောက်ခဲ့ရာ လူ ၁၄ ဦး
သေဆုံးကာ ၁၃ ဦးခန့် ဒဏ်ရာရှိခဲ့ကြောင်း ထိုယာဉ်လိုင်း၏ တောင်ကုတ် မြို့မှတာဝန်ရှိသူက
မြန်မာတိုင်း(မ်)အားတယ်လီဖုန်းဖြင့် ပြောသည်။

"သေဆုံးသူက အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး ခုနစ်ဦးပါ။ ဒဏ်ရာပြင်းထန် သူက နှစ်ဦးပါ။
သူတို့ထဲက တစ်ယောက် ကို မနက်ဖြန် ရန်ကုန်ကိ ုလေယာဉ်နဲ့ပို့ဖို့ စီစဉ်ထားတယ်"ဟု ၎င်းက
၊ပြောသည်။

"သေဆုံးနဲ့ ဒဏ်ရာရှိသူတွေအားလုံး အတွက် ကျွန်တော်တို့ တာဝန်ယူလုပ်ဆောင်ပေးသွား
မှာပါ"ဟု ရန်ကုန် ဂိတ်မှူး ဦးမောင်မောင်နိုင်က ပြောသည်။

ရန်ကုန်မှ သံတွဲသို့ ပြေးဆွဲသည့်အောင်သစ္စာယဉ်လိုင်းမှ ကားနံပါတ် ၉ခ\၃၅၁၆  သည်
တောင်ကုတ်မြို့နှင့် မိုင်၂၀ အကွာတွင် တည်ရှိသော နေပူတောင် အဆင်းတွင် ဘရိတ်ပေါက်၍
ဘေးရှိ ပေ ၆၀ ခန့်ရှိသော ချောက်ထဲသို့ နံနက် ၁ နာရီခွဲခန့်တွင်ကျဆင်းခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာရှိသူများအား တောင်ကုတ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်းလည်း၎င်းက ပြောသည်။
စုစုပေါင်းခရီးသည် ၃၄ ဦး ပါ၀င်ကာ ဒရိုင်ဘာ ဦးဇော်မြင့်နိုင်နှင့် စပယ်ယာ ကိုဇော်မင်းတို့လည်း
သေဆုံးသူစာရင်းတွင် ပါ၀င်ခဲ့ကြောင်းနှင့် ဒရိုင်ဘာမှာ အတွေ့အကြံုရှိသော ကျွမ်းကျင်ကား
မောင်းသမားတစ်ဦးဖြစ်ကြောင်းလည်းဦးမောင်မောင်နိုင်က ပြောသည်။

"ကျွန်တော်တို့ယာဉ်လိုင်း အဲဒီဘက်မှာ ဆွဲလာတာ နှစ် ၄၀၊ ၅၀ လောက်ရှိပါပြီ။ ကျွန်တော်တို့
အပါအဝင် အဲဒီဘက်က ယာဉ်လိုင်းတွေအားလုံး သုံး၊ လေးယောက် သေတဲ့ကားမှောက်တာ
လိုမျိုး ကြံုဖူးပေမဲ့ ဒီလောက်ဆိုးတာမျိုး မကြံုဖူးပါဘူး"ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး