အင်န်အယ်လ်ဒီ ပါတီဝင်များအကြား အငြင်းပွားမှုများ ဆက်လက် ဖြစ်ပေါ်နေ

အင်န်အယ်လ်ဒီ ပါတီဝင်များအကြား အငြင်းပွားမှုများ ဆက်လက် ဖြစ်ပေါ်နေ

အင်န်အယ်လ်ဒီပါတီတွင်း၌ အာဏာ ရှင်စနစ်ကို ကျင့်သုံးနေသူများ၊ ဆရာမွေးတပည့်မွေး
ပြုလုပ်နေသူများရှိနေပြီး ပါတီဝင်များအတွင်း မမျှတမှုနှင့် ပဋိပက္ခ များကို ပါတီထိပ်ပိုင်း
ခေါင်းဆောင်များ သိရှိနိုင်ရန် မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ်လေးမြို့နယ်မှ ပါတီဝင်များစု
ပေါင်းကာ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ရန်  စီစဉ်နေကြောင်း သိရသည်။

မန္တလေးမြို့ရှိ အန်န်အယ်လ်ဒီပါတီ တိုင်းရုံးရှေ့၌ ပါတီဝင်များစုဝေးကာ ဆန္ဒဖော်ထုတ်သွားရန်
ရည်ရွယ်သည့် အဆိုပါအစီအစဉ်တွင် မန္တလေးတိုင်း ဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်၊ မြင်းခြံ
မြို့နယ်၊ တံတားဦးမြို့နယ်နှင့် နွားထိုးကြီး မြို့နယ်တို့မှ ပါတီဝင်များစုပေါင်းပါ၀င် မည်ဖြစ်ကြောင်း
ပါတီဝင်တစ်ဦးဖြစ်သူ ဦးကိုကိုအောင်က ယခုလ ၂၃ ရက်နေ့ တွင် ပြောသည်။

ဦးကိုကိုအောင်အပါ အဝင် ပြည်ကြီးတံခွန်မြို့နယ်မှ ပါတီဝင် ခုနစ်ဦးမှာ မကြာမီက ပြည်ကြီး
တံခွန်မြို့ နယ်အတွင်း ကျင်းပပြီးခဲ့သော ရပ်/ကျေးညီလာခံများတွင် ညီလာခံ ကိုယ်စားလှယ်
များအဖြစ် ရွေးချယ်ခံခဲ့ရပြီးနောက် ပါတီတွင်းပဋိပက္ခများကြောင့် ပါတီဝင်အဖြစ်မှ ခေတ္တရပ်
ဆိုင်းခံထားရ သူများဖြစ်သည်။

"ဆန္ဒဖော်ထုတ်ကြမဲ့ အဓိက အကြောင်းအရင်းကတော့ ပါတီတွင်းမှာ အာဏာရှင်စနစ်ထက်
ဆိုးတဲ့ စနစ်တွေကို ကျင့်သုံးနေတဲ့သူတွေကို ကျွန်တော်တို့ အောက်ခြေပါတီဝင်တွေက မကျေ
နပ်လို့ပါ။ မညီမျှမှုတွေကို ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို သိစေချင်ပါတယ်။ ဒီကိစ္စတွေကို
ပါတီတွင်း ထိပ်ပိုင်းက ခေါင်းဆောင်တွေကို အသိပေးခဲ့ပေမဲ့ လက်မခံခဲ့ကြပါဘူး"ဟု ဦးကိုကို
အောင် က ပြောသည်။

ဆန္ဒဖော်ထုတ်ခွင့်ရပါက ပါတီဝင် အင်အား ၂,၀၀၀ ကျော်ရှိနိုင်မည်မှန်း သော်လည်း ချမ်းအေး
သာစံမြို့နယ် ရဲစခန်းသို့ ဆန္ဒဖော်ထုတ်ခွင့်အတွက် ယခုလ ၂၃ ရက်နေ့က သွားရောက်
လျှောက်ထားရာ၌ တာဝန်ရှိသူများကလူ ၁၀၀ သာပါ၀င်ခွင့်ပြုနိုင်မည်ပြော ကြောင်း ဆက်
လက်ပြောသည်။

"ဆန္ဒဖော်ထုတ်ရမဲ့ နေရာက ကျွန် တော်တို့ပြချင်တဲ့နေရာမှာ ပြခွင့်မရဘဲ မန္တလေးဘူတာကြီး
အနောက်မှာပဲ ပြလို့ ရမယ်ပြောပါတယ်။ အချိန်က နှစ်နာရီပဲ ပြရမယ်။ ကျွန်တော်တို့ လျှောက်
ထားတဲ့ အပေါ်မှာ အာဏာပိုင်တွေက သုံးသပ် စဉ်းစားပေးမယ်လို့လည်း ပြောတယ်။ အဲဒီခွင့်ပြု
ပေးချက်အပေါ် မူတည်ပြီး ကျွန်တော်တို့က ဆက်အကောင်အထည် ဖော်သင့်မဖော်သင့် စဉ်းစား
သွားမှာပါ။ ဆန္ဒဖော်ထုတ်ခွင့်ကတော့ တင်သွားမယ်ဒီလ ၂၅ ရက်နေ့မှာ ဖော်ထုတ်ခွင့် တောင်း
မှာပါ"ဟု၊ဦးကိုကိုအောင်က၊ပြောသည်။

မြင်းခြံမြို့နယ်မှ ပါတီဝင် ဒေါက်တာ ၀င်းနိုင်ကမူ မြင်းခြံမြို့နယ် အင်န် အယ်လ်ဒီ ပါတီရုံးရှေ့တွင်
ယခုလ ၂၄ ရက်(ယနေ့) မွန်းလွဲတစ်နာရီ၌ လူအင် အား ၁,၀၀၀ ခန့်ဖြင့် စုဝေးဆန္ဒဖော်ထုတ်
သွားမည်ဖြစ်ကြောင်း ယခုလ ၂၃ ရက်တွင် တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ၌
ပြောသည်။

"ကျွန်တော်တို့က ပါတီကို ဆန္ဒပြတာ မဟုတ်ပါဘူး။ ပါတီတွင်းမှာ ဒီမိုကရေစီ နည်းလမ်းတကျ
မလုပ်တဲ့သူတွေကို မကျေနပ်တာကြောင့်ပါ။ ဒီမှာ ရပ်/ကျေး ညီလာခံကျင်းပရာမှာလည်း
တရားမျှတ မှုမရှိတာကို တိုင်းကော်မရှင်က အတည် ပြုလိုက်တယ်။ အဓိကမကျေနပ်တာက
တိုင်းအဆင့်ကိုပါ။ မြို့နယ်ညီလာခံကို ဒီလ ၂၇ ရက်နေ့မှာ ဆက်ကျင်းပတော့မှာ ဖြစ်တာ
ကြောင့် အဲဒီနေ့အထိ ဆက်ပြီး ဆန္ဒဖော်ထုတ်သွားမယ်"ဟု ဒေါက်တာဝင်းနိုင်က ပြောသည်။

မြင်းခြံမြို့နယ်၌ မမျှတမှုများကို မကျေ နပ်သည့် ပါတီဝင်အင်အား ရ,၀၀၀ ကျော်ရှိကြောင်းနှင့်
မန္တလေးမြို့တွင် ဆန္ဒ ဖော်ထုတ်ပွဲဖြစ်မြောက်ပါက ဆက်လက် ပူးပေါင်းမည်ဖြစ်ကြောင်း
ပြောသည်။ နိုင်ငံလုံးဆိုင်ရာ အထွေထွေညီလာခံ ကြီးပြုလုပ်ရန် တစ်လခန့်သာလိုတော့သည့်
အချိန်တွင်ပင် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီအတွင်း ပါတီဝင် အချင်းချင်း မညီညွတ်မှုများ
ဆက်လက် ဖြစ်ပေါ်လျက်ရှိနေသည့် သတင်းများ ဆက်လက်ထွက်ပေါ်လာသည်။

လာမည့် ဖေဖော်ဝါရီလကုန်ပိုင်းတွင် ကျင်းပရန်ပြင်ဆင်ထားသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့
ချုပ်၏ ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ အထွေထွေညီလာခံ မကျင်းပမီကာလတွင် မြို့နယ်
များ၌ အကြိုညီလာခံများ ကျင်းပလျက်ရှိနေရာ ထိုညီလာခံများပြုလုပ်ရန်အတွက် ကော်မရှင်
အဖွဲ့များ ရွေးချယ်ခန့်ထားမှုတွင် ပါတီဝင်အချင်းချင်းအကြား အငြင်း ပွားမှုများ ဖြစ်ပေါ်လာခဲ့ခြင်း
ဖြစ်သည်။

ဇန်နဝါရီလ ၁၇ ရက်နေ့ကလည်း ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် တွင် ညီလာခံ
ကျင်းပရေးကော်မရှင်အဖွဲ့ မှ တာဝန်ရှိသူတစ်ဦး၏ လုပ်ဆောင် ချက်များကို ကျေနပ်မှုမရှိ
သောကြောင့် ပါတီဝင်အချို့က ဆန္ဒထုတ်ဖော်ပြပွဲဖြစ်ပေါ်ခဲ့သည်။

မအူပင်မြို့နယ်နှင့် အနီးဝန်းကျင်ရှိ ရွာပေါင်း ၅၀ နီးပါးခန့်မှ ပါတီဝင် ၈၀၀ နီးပါးခန့်ပါ၀င်ပြီး
အခြားလေ့လာသူ ၈၀၀ ခန့်ပါ၀င်သည့် ဆန္ဒပြမှုသည် ထိုနေ့ ညနေ ၆ နာရီခွဲခန့်မှ ပြီးဆုံးသွား
ခဲ့ကြောင်း မအူပင်မြို့ခံများက ပြောသည်။

ထိုနေ့က ဖြစ်ပေါ်ခဲ့သော ဆန္ဒထုတ် ဖော်ပြသပွဲမှာ မအူပင်မြို့ပေါ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး
ဆန္ဒထုတ်ဖော်သူများက ပိုစတာများကိုင်စွဲကာ တစ်နေ ကုန် ဆန္ဒထုတ်ဖော်နေခဲ့ခြင်းဖြစ်
ကြောင်း၊ ရပ်မိရပ်ဖများနှင့် လူမှုရေးအဖွဲ့ ၁၀ ဖွဲ့ ကျော်က ဖြေရှင်းပေးခဲ့ရသည်။

ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်း ခန့်ကလည်း အလားတူ မြို့နယ်ညီလာခံ များပြုလုပ်ရန်
ကော်မရှင်အဖွဲ့ဝင်များ ရွေးချယ်ရာတွင် အမှန်တကယ် အလုပ် လုပ်သူများ မပါ၀င်ဘဲ ဗဟိုဦးစီး
စနစ်ဖြင့် ရွေးချယ်သွားသည်ဟူသော အချက်များ ဖြင့် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ
မြို့နယ်နှင့်အနီးမှ ပါတီဝင် ၁၅၀ ကျော် ခန့် နုတ်ထွက်သွားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး