သန်းခေါင်စာရင်းတွင် ကိုယ်ရေးအချက်အလက် ထုတ်ဖော်မည်မဟုတ်

သန်းခေါင်စာရင်းတွင် ကိုယ်ရေးအချက်အလက် ထုတ်ဖော်မည်မဟုတ်

သန်းခေါင်စာရင်း ကောက်ယူရာတွင် ကောက်ယူရရှိသည့် နိုင်ငံသားတိုင်း၏ ကိုယ်ရေး
အကြောင်းအရာများကို လုံခြံုစိတ်ချရစေရန်အလေးထား ဆောင်ရွက်မည်ဟု နိုင်ငံတကာ
သန်းခေါင်စာရင်း ကျွမ်းကျင်သူများက ဇန်နဝါရီလ ၁၈ ရက် နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သော
သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။ 

မကြာမီထွက်ရှိလာမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဥပဒေနှင့်အညီ
စာရင်းကောက်ယူ ရရှိ သည့် အချက်အလက်များကိုတစ်ဦး တစ်ယောက်ချင်းအနေဖြင့်
ထုတ်ဖော်မည်မဟုတ်ဘဲ အခြေခံစာရင်းဇယား အနေဖြင့်သာ အသုံးပြုသွားမည်ဟု
အပြည်ပြည်ဆိုင်ရာနည်းပညာ အကြံပေး ဘုတ်အဖွဲ့  (ITAB)မှ သန်းခေါင်စာရင်း ကျွမ်းကျင်သူ
များက ပြောသည်။  

"ကောက်ယူရရှိတဲ့ အချက်အလက် တွေကို နိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ
ဆောင်ရွက်ရာမှာ စာရင်း ဇယားအနေနဲ့ပဲ အသုံးပြုသွားမှာပါ" ဟု  လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့ အင်အားဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူး ဒေါက်တာညီညီက ပြောသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် တည်နေရာပြ အကြောင်းအရာများ၊ အိမ်ထောင်စုအခြေ
အနေ၊ အိမ်ပိုင်ဆိုင်မှု အခြေအနေများ အစရှိသဖြင့် မေးခွန်း ၄၁ မျိုးကို အခြေခံ၍ ကောက်ယူ
မည်ဖြစ်သည်။

လူဦးရေနှင့် သန်းခေါင်စာရင်း ဥပဒေကြမ်းကို ဒီဇင်ဘာလ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်
ကြေညာခဲ့သည်။ ဥပဒေအရ ကောက်ယူသည့် အချက်အလက်များကို သန်းခေါင်စာရင်းဆိုင်ရာ
ကိစ္စမှတစ်ပါး အခြားမည်သည့်ကိစ္စအတွက်မျှ အသုံးပြုခွင့်၊ သို့မဟုတ်စစ်ဆေးခွင့် မရှိစေရဟု
ပါရှိသည်။  

မြန်မာနိုင်ငံ၌  ပြည်လုံးကျွတ် သန်း ခေါင်စာရင်းကောက်ယူရာတွင် နိုင်ငံ တကာစံချိန်စံညွှန်းများ
နှင့်အညီ ကျင်းပနိုင်ရန် နည်းပညာအကြံပေး ဘုတ်အဖွဲ့ ဖြစ်သည့် ITAB အဖွဲ့ကို လူဝင်မှု
ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံ ပေးပုဂ္ဂိုလ် မစ္စတာဗီဂျေးနမ်ဘီယားတို့ အပြန်အလှန် စာ
ဆက်သွယ်ခဲ့ကြပြီး ၂၀၁၂ ဧပြီလတွင် ဖွဲ့စည်းခဲ့သည်။

နိုင်ငံတကာ အဖွဲ့ဝင်  ၁၄  ဦး ပါ၀င်သော အဆိုပါဘုတ်အဖွဲ့က သန်းခေါင်စာရင်း ကောက်ယူရာ
တွင် နိုင်ငံတကာ အဆင့်မီ စေရန်နှင့် အားလုံးပါ၀င်နိုင်စေရန် ဆောင်ရွက်မည်ဟု ဒုတိယသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်းနှင့် နေပြည်တော်၌ ဇန်နဝါရီလ ၁၆ ရက်နှင့် ၁၇ ရက် တို့တွင် တွေ့ဆုံ
ခဲ့အပြီး ပြောသည်။

"သန်းခေါင်စာရင်း ကောက်တယ်ဆိုတာ တစ်နိုင်ငံလုံးကို အုပ်စုလိုက် ဓာတ်ပုံ ရိုက်လိုက်သလို
ဖြစ်မှာပါ။ ဘာကိုဆိုလို  တာလဲဆိုတော့ စာရင်းကောက်ယူမယ့် အချိန်အတွင်း မြန်မာနိုင်ငံ
နယ်နိမိတ် အတွင်းမှာရှိနေသူတွေအားလုံး ပါသွားမှာပါ"ဟု ကုလသမဂ္ဂ လူဦးရေရန်ပုံငွေ
အဖွဲ့  (UNFPA) ၏ မြန်မာနိုင်ငံ ကိုယ်စားလှယ် Mohamed Abdel-Ahad  က ပြောသည်။

UNFPA ၏ နည်းပညာအကြံပေး အရာရှိချုပ် Mr. Fredrick Okwayoက မြန်မာနိုင်ငံ၌
နောက်ဆုံးပြုလုပ်ခဲ့သော သန်းခေါင်စာရင်းကောက်ယူမှုမှာ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်က
ဖြစ်၍ ပြည်သူများ၏ သန်းခေါင်စာရင်းဆိုင်ရာ ဗဟုသုတများ အားနည်းနေသေးသည်ဟု
ဆိုသည်။  

"သန်းခေါင်စာရင်း ကောက်ယူဖို့ ပြင်ဆင်ထားပြီးတဲ့ အခြေအနေတွေကို ကျွန်တော်တို့ကျေနပ်
မိပါတယ်။ အထူးသဖြင့် အကြိုသန်းခေါင်စာရင်းကောက် ယူဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ"
ဟု UNFPA ၏ အရှေ့ဥရောပဒေသ ဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Werner Haug က
ပြောသည်။

အကြိုသန်းခေါင်စာရင်း ကောက်ယူ ခြင်းကို ယခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့
အထိ မြို့နယ်ပေါင်း ၂၀ တွင် ပြုလုပ်မည်ဖြစ်သည်



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး