ဆီးဂိမ်းအကြိုဆန်းစစ်ပွဲကို ဖေဖော်ဝါရီ ၁၉ တွင် ကျင်းပမည်

ဆီးဂိမ်းအကြိုဆန်းစစ်ပွဲကို ဖေဖော်ဝါရီ ၁၉ တွင် ကျင်းပမည်

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မကျင်းပမီ နိုင်ငံတွင်းရှိ တိုင်းနှင့်ပြည်နယ် ၁၄ ခုအပါအဝင်
နေပြည်တော်တိုင်းဒေသကြီးတို့ရှိ အားကစားသမားများ အကြို လက်ရည်စမ်းပွဲကို ဖေဖော်ဝါရီ
၁၉ ရက်နေ့မှ ၂၆ နေ့အထိ ကျင်းပသွားမည်ဟု အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးတင့်ဆန်းက ပြောသည်။

ဆီးဂိမ်းအကြို ဆန်းစစ်ပွဲတွင်လည်း နိုင်ငံတကာနှင့် ယှဉ်ပြိုင်မည့် အားကစား နည်းများအတိုင်း
၂၉ နည်းခန့် ကစား သွားမည်ဖြစ်သည်။ ထိုအားကစားပွဲကို ပြည်ထောင်စုအစိုးရဖလားအဆင့်
ဟု သတ်မှတ်ကစားမည်ဟု  ဇန်နဝါရီ ၉ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်
၎င်းကပြောသည်။

"အားလုံး အတွေ့အကြံုရှိအောင် စီစဉ်ထားပါတယ်။ စားသောက်နေထိုင် မှုတွေကအစ ဆီးဂိမ်း
ကျင်းပစဉ်မှာ နေရမယ့်အတိုင်း ထားသွားမယ်"ဟု ဦးတင့်ဆန်းက ပြောသည်။

အရှေ့တောင်အာရှအားကစားပြိုင်ပွဲ တွင် မြန်မာရွှေတံဆိပ်ဆုအများဆုံးရရှိ ရေးအတွက်
နယ်မြေကျွမ်းကျင်မှု၊ ရာသီဥတု ကျွမ်းဝင်မှုများ ရရှိရေးကိုဦးတည် ကျင်းပခြင်းဖြစ်သည်။
နေပြည်တော်တွင် ကျင်းပမည့် အကြိုဆီးဂိမ်းကို ၀ဏ္ဏသိဒ္ဓိအားကစားရုံတွင် ဖွင့်ပွဲ၊ ပိတ်ပွဲများ
ကို ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲများကိုမူ လေ့ကျင့်ရေးစင်တာများတွင် ယှဉ်ပြိုင် မည်ဟု အားကစား
၀န်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

"အမည်စာရင်းပေးထားတဲ့ ကစားသမား ၅,၀၀၀ ၀န်းကျင်လောက်ရှိတယ်။ ဒီကြားထဲ အရည်
ချင်းစစ်ပြီး အလျော့ အတင်းတော့ ရှိပါဦးမယ်။ ကစားသမား တွေနေထိုင်ရေးကိုလည်း
အားကစားရွာ မှာ ထားသွားပါမယ်"ဟု အဆိုပါ အရာရှိက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး