ထောင်တွင်း ကိုယ်ဝန်ဆောင်နှင့် သားသည် မိခင်များအား ထောက်ပံ့မည်

ထောင်တွင်း ကိုယ်ဝန်ဆောင်နှင့် သားသည် မိခင်များအား ထောက်ပံ့မည်

ထောင်တွင်း အကျဉ်းကျခံနေရသော ကိုယ်ဝန်သည် မိခင်များ၊ သားသည် မိခင်များ၊ ကလေး
များ၏စာရင်း တိတိ ကျကျရသည်နှင့် တစ်ပြိုက်နက် လိုအပ် သည့်ပစ္စည်းများကို ကူညီ
ထောက်ပံ့ ပေးသွားမည်ဟု နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့ (နိုင်ကျဉ်းရေးရာ
ကော်မတီဝင်) ဦးထွန်းကြည်က မြန်မာ တိုင်း(မ်)သို့ ပြောသည်။

ထို့ပြင် ကိုယ်ဝန်သည် ဆိုသည်မှာလည်း အရပ်သူဖြစ်စေ၊ နိုင်ကျဉ်းဖြစ်စေ လူသားချင်း စာနာ
ထောက်ထားသော အဖွဲ့ဖြစ်သဖြင့် ကူညီမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
မြန်မာပြည်သို့ ရောက်ရှိနေသည့် ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်
ရှောက်ရေးအသင်း မြန်မာမှ တွဲဖက်အတွင်းရေးမှူး ကိုဘို ကြည်က ၎င်းတို့အဖွဲ့အနေဖြင့်
နိုင်ငံရေး အကျဉ်းသားနှင့် နိုင်ငံရေးအကျဉ်းသား ဟောင်းများကိုသာ ထောက်ပံ့မည် ဖြစ်ကြောင်း
ပြောသည်။

" အခုလောလောဆယ် ဇန်နဝါရီ ၂၃ ရက်နေ့ မန္တလေးမှာ နိုင်ငံရေးအကျဉ်း သားဟောင်း
မိသားစုရဲ့ ကလေးစုစုပေါင်း ၃၃ ယောက်ကို တစ်ယောက် တစ်သိန်းနှုန်းနဲ့ ပညာရေးထောက်ပံ့
ကြေးပေးခဲ့ပါတယ်"ဟု ၎င်းကပြော သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး