လာရောက်မဆောင်ရွက်သည့် အမှု ၃,၀၀၀ ခန့် က.ည.န ၌ ကျန်ရှိ

လာရောက်မဆောင်ရွက်သည့် အမှု ၃,၀၀၀ ခန့် က.ည.န ၌ ကျန်ရှိ

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် တင်သွင်းလာသည့် မော်တော်ယာဉ်စီးရေ
တစ်သိန်းကျော်ကို မှတ်ပုံတင်ပေးပြီးဖြစ်ကာ ယာဉ်ပိုင်ရှင်များက လာရောက်ဆောင်ရွက်ခြင်း
မရှိသည့် အမှုတွဲများလည်း ၃,၀၀၀ ကျော် ရှိသည်ဟု အဆိုပါဌာနမှ သိရသည်။

ကနဦးမှတ်ပုံတင်ခ၊ FEC မြန်မာကျပ်ငွေတွက်ချက်ပြီးသော်လည်း ကုမ္ပဏီသို့မဟုတ် ပိုင်ရှင်
များမှ  လာရောက် ငွေပေးသွင်းခြင်းမရှိသည့် အမှုတွဲ ယာဉ် စီးရေ ၂,၀၀၉ စီး၊ ယာဉ်စစ်
တွေ့ရှိချက် အရ အကောက်ခွန်သို့ မေးမြန်းပြီး ပြန်ကျအမှုတွဲများအား ယာဉ်ပိုင်ရှင် များမှ
လာရောက်ဆောင်ရွက်ခြင်းမရှိ သည့် ကြန့်ကြာ အမှုတွဲယာဉ် ၅၀၁ စီး၊ ဌာနအားလုံး
ဆောင်ရွက်ပေးပြီး သော်လည်း ကမ-၃ အဝိုင်း လာရောက် ထုတ်ယူမှုမရှိသည့် ယာဉ်စီးရေ
၉၈၇ စီး ရှိပြီး ကနဦးမှတ်ပုံတင်ပြီးသည့် ယာဉ်စီး ရေပေါင်း ၁၀၉,၅၈၈ စီးရှိသည်ဟု ယခု လ
၁၂ ရက်နေ့အထိ က.ည.န မှ ထုတ်ပြန်ထားသော စာရင်းဇယားများ အရ သိရသည်။

"အချိန်မီ ငွေပေးချေမှုမရှိတဲ့ သူတွေကိုလည်း ဒဏ်ကြေးအနေနဲ့ ယာယီမှတ်ပုံတင်လုပ်တဲ့
ယာဉ်တွေကို တစ်ရက်ကို ကျပ်သုံးထောင်၊ ယာယီ မဟုတ်တဲ့ ယာဉ်တွေကို တစ်ရက်ကို
ကျပ်ငါးထောင်ဆိုပြီး သတ်မှတ်ထားပါ တယ်"ဟု ရွာသာကြီးရုံးခွဲ၊ ( နှစ်တန်နှင့် အထက်
ကားကြီးများ ကနဦး မှတ်ပုံတင် ဌာန) မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းထွဋ်က
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး