တိုင်းရင်းဆေးတက္ကသိုလ်၌ ပါရဂူဘွဲ့များကို ပေးအပ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ပြည်သူ့လွှတ်တော်၌ လွန်ခဲ့သည့်ရက်သတ္တပတ်က ပြောကြား
ခဲ့သည်။
တိုင်းရင်းဆေးပညာနှင့် ပတ်သက်ကာ တိုင်းရင်းဆေးပညာဦးစီးဌာနရာထူးများတွင် တိုင်းရင်းဆေး
ပညာရှင်များ ခန့်အပ်တာဝန်ပေးရန်အစီစဉ်ရှိ၊ မရှိနှင့် နိုင်ငံခြားဆေးပညာသင်တော်များ၊ အလုပ်ရုံ
ဆွေးနွေးပွဲများ၊ လေ့လာရေးခရီးများ စေလွှတ်ရာတွင် တိုင်းရင်းဆေး ဆရာများအား ဦးစားပေးစေ
လွှတ်သည့်မူ ရှိ မရှိကို သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦး က မေးမြန်းခဲ့ခြင်းနှင့်ပတ်သက်ပြီး ဒေါက်တာ
၀င်းမြင့်က ပြန်လည် ဖြေကြား ပေးခဲ့ခြင်းဖြစ်သည်။
ဆက်လက်ပြီး တိုင်းရင်းဆေးကို မယုံကြည်၊ စိတ်မဝင်စားသူ၊ မကျွမ်းကျင်သူများက တိုင်းရင်းဆေး
ပညာဦးစီးဌာန၌ ရာထူးကြီးများယူကာ စီမံခန့်ခွဲအုပ်ချုပ် နေခြင်းမှာ လူမှန် နေရာမှန်နှင့် လွန်စွာ
လွဲချော်နေသည်ကို တွေ့ရပြီး အုပ်ချုပ်သူများမှာ ဆရာဝန်ကြီးများဖြစ်သော်လည်း ၎င်းတို့ မယုံ
ကြည်သော၊ အကျွမ်းမဝင် သော တိုင်းရင်းဆေးလောကကို စီမံခန့်ခွဲ ရသည်မှာ ပင်ပန်းခက်ခဲသည်
ဟု ဦးမြင့်ဦးက ဆွေးနွေးခဲ့သည်။
တိုင်းရင်းဆေးတက္ကသိုလ်တွင် ၂၀၀၀ ပြည့်နှစ်မှစတင်ပြီး မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ (B.M.T.M)
ကို ချီးမြှင့်ခဲ့ကာ ၂၀၁၁ ခုနှစ်မှစပြီး မြန်မာ့တိုင်းရင်းဆေး ပညာမဟာသိပ္ပံဘွဲ့ (M.M.T.M) ပေါင်းကူး
သင်တန်းများ ဖွင့်လှစ်ပြီး၊ ဘွဲ့အပ်နှင်း ရေးအတွက် ဆောင်ရွက်နေကြောင်း ဒေါက်တာဝင်းမြင့်က
ပြောကြားသည်။
ပါရဂူဘွဲ့များအတွက် သင်ရိုးညွှန်းတမ်း နှင့် သင်တန်းဆရာများကို ပြင်ဆင်လျက်ရှိကာ တိုင်းရင်း
ဆေးလောကတွင် အောင်မြင်ပြီး သမားစဉ်ဆက်ကုသလာသူများကို သက်ဆိုင်ရာ တိုင်းရင်းဆေး
ဆရာများမှ စိစစ်၍ တိုင်းရင်းဆေးဆရာ မှတ်ပုံတင်လက်မှတ် (တဆ) ထုတ်ပေးရန် ဆောင်ရွက်
လျက်ရှိသည်။
တိုင်းရင်းဆေးတက္ကသိုလ်သို့ တက် ရောက်ခွင့်ရရှိသူများသည် သင်တန်းကို ပြီးဆုံးအောင် တက်
ရောက်ရမည်ဖြစ် သည်။ ဘွဲ့ရရှိပြီးနောက် နိုင်ငံတော်မှ လိုအပ်သောအချိန်တွင် နိုင်ငံဝန်ထမ်းအဖြစ်
အနည်းဆုံး သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ရမည်ဟု ၀န်ခံကတိရေးထိုး ရမည်ဖြစ်သည်။
ခံဝန်ချုပ်ကို လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်ပါက လျော် ကြေးငွေ ကျပ်လေးသိန်းတိတိ
ပေးလျော်ရန်နှင့် တည်ဆဲတရားဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်သည်။
တိုင်းရင်းဆေးတက္ကသိုလ်သို့ တစ်နှစ်လျှင် ကျောင်းသား ၁၀၀ ခန့် တက်ရောက်ကြသည်။















