ရာသက်ပန် အေအေတက္ကစီယာဉ်များအား ကနဦးမှတ်ပုံတင်ခြင်းကို ယခင်က ကုန်းလမ်းပို့ဆောင်
ရေး ညွှန်ကြားမှုဦးစီးဌာန(က.ည.န)၏ မြင်သာရုံး၌ ဆောင်ရွက်ပေးခဲ့ပြီး ယခုအခါ နှစ်တန်နှင့်
အထက် ယာဉ်ကြီးများ ကနဦး မှတ်ပုံတင်ဌာန (ရွာသာကြီး)တွင် ဖေဖော်ဝါရီ လ ၁ ရက်နေ့မှစတင်
၍ ပြောင်းရွှေ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။
"ယာဉ်ပိုင်ရှင်တွေအနေနဲ့ ကနဦး မှတ်ပုံတင်ဌာန (ရွာသာကြီး)မှာ ကညန၊ စည်ပင်၊ အာမခံ အခွန်
အခတွေပေးသွင်းပြီး အမှုတွဲအပ်နှံတဲ့ရက်မှ နှစ်ရက်၊ သုံးရက်အကြာမှာ ယာဉ်မှတ်ပုံတင် စာအုပ်နဲ့
၀ှီးတက်တွေကို ထုတ်ပေးသွားမှာ ဖြစ်ပါတယ်"ဟု ယင်းဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး
ဦးသိန်းထွဋ်က ပြောသည်။
"အေအေ တက္ကစီယာဉ်တွေဟာ အငှားယာဉ်တွေဖြစ်တဲ့အတွက် ကျန် ရုံးလုပ်ငန်းတွေဖြစ်တဲ့
စီအင်န်ဂျီရရှိရေး ကိစ္စ၊ လုပ်ငန်းလိုင်စင်ပြုလုပ်ရေးကိစ္စ တွေ အချိန်မီဆောင်ရွက်စေနိုင်ဖို့ မြင်သာ
ကနေ ရွာသာကြီးကို ပြောင်းရွှေ့လိုက် တာပါ"ဟု ၎င်းက ပြောသည်။
ကနဦးမှတ်ပုံတင်ဌာန (ရွာသာကြီး) သို့ မပြောင်းရွှေ့မီ မူသေမှတ်ပုံတင် နံပါတ်ယူထားသော
ဆောင်ရွက်ဆဲ အေအေတက္ကစီ မော်တော်ယာဉ်များ အား ကနဦးမှတ်ပုံတင်ဌာန (မြင်သာ)ရုံး ၌ပင်
ဆောင်ရွက်ပေးသွားမည်ဟု ၎င်းက ပြောသည်။
ကနဦးမှတ်ပုံတင်ဌာန (မြင်သာ)တွင် ယခုလ ၂၄ ရက်နေ့အထိ အေအေ တက္ကစီယာဉ်များ မှတ်ပုံ
တင်ပြုလုပ်ပြီးသည့် စီးရေ ၉,၅၉၂ စီး ရှိသည်ဟု မြင်သာ(က.ည.န)ရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူး
ဦးမိုးမြင့်က ပြောသည်။
၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့ မှစ၍ နှစ်တန်နှင့်အထက် ယာဉ်ကြီးများ ကနဦးမှတ်ပုံတင်ဌာန
ကို ရွာသာကြီးသို့ ပြောင်းရွှေ့ခဲ့သည်။
ပြောင်းရွှေ့ခဲ့ပြီး တစ်လအတွင်း ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ နှစ်တန်နှင့်အထက်
ယာဉ်ကြီးများ မူသေနံပါတ်ပေးပြီး ယာဉ် စီးရေ ၁,၈၅၅ စီး၊ ယာဉ်စစ်ဆေးပြီး စီးရေ ၁,၈၅၈ စီး၊
ယာဉ်မှတ်ပုံတင်စာအုပ် ထုတ်ယူပြီးသည့် စီးရေ ၁,၄၆၆ စီးရှိကြောင်း အဆိုပါဌာန၏ ထုတ်ပြန်ထား
သော စာရင်းဇယားများအရ သိရသည်။
ကနဦးမှတ်ပုံတင်ဌာန (ရွာသာကြီး)၌ တစ်ရက်လျှင် ပျမ်းမျှ ယာဉ်စီးရေ ၉၀ ကျော် နံပါတ်ပေးလျက်
ရှိပြီး အစီးရေ ရ၀ ကျော် မှတ်ပုံတင်စာအုပ် ပြုလုပ်ပေးလျက်ရှိသည်။















