ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနှင့် ကရင်အဖွဲ့အစည်း ခေါင်းဆောင်များ နိုင်ငံရေးအဆင့်ဆွေးနွေးရန် အလွတ်သဘောတွေ့ဆုံ

ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနှင့် ကရင်အဖွဲ့အစည်း ခေါင်းဆောင်များ နိုင်ငံရေးအဆင့်ဆွေးနွေးရန် အလွတ်သဘောတွေ့ဆုံ

ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့သည် ယခုလ
၂၁ ရက်နှင့် ၂၂ ရက်တို့ တွင် ကရင်အဖွဲ့အစည်းခေါင်းဆောင် များနှင့် နိုင်ငံရေးအရဆွေးနွေးရန်
ကရင် ပြည်နယ်သို့ သွားရောက်ကာ အလွတ်သဘော ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရ
သည်။

ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသော
ကရင် ငြိမ်းချမ်းရေးကောင်စီ၊ ကရင်အမျိုးသား အစည်းအရုံး(ကေအင်န်ယူ)နှင့် တိုးတက် သော
ကရင်အမျိုးသား ဗုဒ္ဓဘာသာ အမျိုးသားတပ်မတော်(ဒီကေဘီအေ) တို့နှင့် တွေ့ဆုံကာ ရှေ့ဆက်
ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် နိုင်ငံရေးအရဆွေးနွေးမှုများပြုလုပ်ရန် သွားရောက်
တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

"၂၁ ရက်နေ့ ဘားအံမှာ ကရင် ငြိမ်းချမ်းရေးကောင်စီနဲ့တွေ့တယ်။ ၂၂ ရက်နေ့ မြဝတီမှာ ဒီကေ
ဘီအေနဲ့ မနက် ပိုင်းတွေ့ပြီး ညနေပိုင်းမှာ ကေအင်န်ယူနဲ့ တွေ့ပါတယ်။ နိုင်ငံရေးအရတွေ့ဆုံဖို့
သူတို့အနေနဲ့ အစည်းအဝေးလုပ်စရာ တွေ၊ ညှိနှိုင်းစရာတွေ ရှိပါလိမ့်မယ်။ သူတို့ဘက်က ပြင်ဆင်ပြီး
လို့ အစိုးရကို အကြောင်းပြန်ရင် ဆွေးနွေးဖြစ်မှာပါ။ ဖေဖော်ဝါရီလလောက်တော့ ဖြစ်နိုင်မယ် ထင်
တယ်"ဟု အဆိုပါ ခရီးစဉ်တွင် ပါ၀င်ခဲ့သူ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေက ပြောသည်။

ကေအင်န်ယူသည် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးသဘောတူညီ
ချက် လက်မှတ် ရေးထိုးခဲ့ပြီး စက်တင်ဘာလအတွင်း ဒုတိယအကြိမ်တွေ့ဆုံမှုတွင် နှစ်ဖက် စစ်တပ်
များ လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းများကို သဘောတူ လက်မှတ် ရေးထိုးခဲ့သည်။

ထို့ပြင် ကေအင်န်ယူ၏ ဥက္ကဋ္ဌအသစ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး သည် ဒီဇင်ဘာလတွင် သမ္မတ
ဦးသိန်းစိန် အားလာရောက်တွေ့ဆုံခဲ့ကာ ထာဝရ ငြိမ်းချမ်းရေးရရှိရန် အစိုးရနှင့် အတူတကွ ပူးပေါင်း
ဆောင်ရွက်ရန်ဆန္ဒရှိ ကြောင်း ပြောကြားခဲ့သည်။

အစိုးရနှင့် ၂၀၁၁ ခုနှစ်၊ နို၀င်ဘာလ တွင် အပစ်အခတ်ရပ်စဲရေးသဘော တူညီချက်ရေးထိုးခဲ့သော
ဒီကေဘီအေ အနေဖြင့် ကရင်ပြည်နယ် ငြိမ်းချမ်းရေး သာမက ကချင်ပြည်နယ်တွင်လည်း ငြိမ်းချမ်း
ရေးဖော်ဆောင်ရန် လိုအပ် ကြောင်းပြောသည်။

အစိုးရနှင့် မကြာမီ နိုင်ငံရေးအရ ဆွေးနွေးနိုင်ရန်လည်း ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း ဒီကေ
ဘီအေမှ ဗိုလ်မှူးကြီး စန်းအောင်က ပြောသည်။

"နိုင်ငံရေးစကားလည်း မပြောရသေးဘူး။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကလည်း
ဘယ်အချိန် ဖြစ်သင့် တယ်လို့ ပြောလို့မရဘူး"ဟု ဗိုလ်မှူးကြီး စန်းအောင်က ပြောကြားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး