ဘားအံ-သထုံရထားလမ်း လယ်မြေအတွက် လျော်ကြေး ပြန်ပေးမည်

ဘားအံ-သထုံရထားလမ်း လယ်မြေအတွက် လျော်ကြေး ပြန်ပေးမည်

သံလွင်မြစ်အနောက်ကမ်းရှိ ဘားအံမြို့နယ် လှာကာ(ဖားပု)နှင့် သထုံမြို့တို့သို့ ပြေးဆွဲသည့် ရထား
လမ်းအတွက် နိုင်ငံတော်က လယ်ယာမြေများ ပိုမိုသိမ်း ယူထားခဲ့ကြောင်း၊ သံလွင်မြစ်ကူးတံတား
ထိုးအပြီး ၁၉၉၇ ခုနှစ်နောက်ပိုင်းတွင် အဆိုပါ လမ်း၌အပြည့်အဝပြေးဆွဲမှုမရှိ တော့သဖြင့် ၎င်းလယ်
မြေများကို မူလ လယ်ပိုင်ရှင်များထံ ပြန်ပေးရန် အစီအစဉ်ရှိ မရှိ ဘားအံမဲဆန္ဒနယ်ပြည်သူ့ လွှတ်
တော်ကိုယ်စားလှယ် ဒေါ်နန်းစေအွာ ၏အမေးကို ရထားပို့ဆောင်ရေးဒုတိယဝန်ကြီးဦးချန်မောင်က
ဖြေကြားရာတွင် လယ်မြေလျော်ကြေးများ ပြန်လည်ပေး လျော်သွားမည်ဟု ပြောကြားခဲ့သည်။

"ကျွန်တော်တို့ မြန်မာ့မီးရထားအနေ နဲ့ ရှေးယခင်က မြေသိမ်းဆည်းခဲ့တာ တွေ ရှိပါတယ်။ တချို့
လည်း မြေလျော်ကြေး ပေးအပ်ခဲ့ပါတယ်။ အခုတင်ပြတဲ့ မီး ရထားလမ်းနဲ့ ပတ်သက်ပြီးတော့ ယခင်
က မြေလျော်ကြေးပေးခဲ့ခြင်းမရှိတာ စစ်ဆေးတွေ့ရှိရပါတယ်။ အဲဒီအတွက် မြေလျော်ကြေးပေးနိုင်
ရေးကို သက်ဆိုင် ရာအဖွဲ့အစည်းများနဲ့ ညှိနှိုင်းစိစစ်ပြီး တော့ ဆက်လက်ဆောင်ရွက်သွားပါမယ်"
ဟု ဦးချန်မောင်က ဇန်နဝါရီလ ၂၄ ရက်နေ့က ပြည်သူ့လွှတ်တော်ဆဋ္ဌမ ပုံမှန်အစည်းအဝေး၌ ဖြေ
ကြားခဲ့သည်။

ဒုတိယဝန်ကြီးဖြေကြားချက်၌ ၂၃ မိုင် ကျော် ရှည်လျားသည့် လှာကာ-မြိုင် ကလေး-ဒူးရင်းဆိပ်-
သထုံရထားလမ်းပိုင်း၌ လှာကာ-မြိုင်ကလေးလမ်းပိုင်းတွင် ရထားစီးသူနည်းပါးသဖြင့် ၂၀၀၉ ခုနှစ်မှ
စ၍ ရထားပြေးဆွဲမှု မရှိတော့ ကြောင်း၊ မြိုင်ကလေး-သထုံလမ်းပိုင်း တွင်မူ ယနေ့အထိ ကုန်ရထား
များ ပြေးဆွဲလျက်ရှိကြောင်း၊ နောင်တစ်ချိန်၌ ဒေသတွင်း ဖွံ့ဖြိုးမှု ပိုများလာသည့်အခါ လှာကာ-
မြိုင်ကလေး-သထုံရထားလမ်းတွင် ခရီးသည်တင်ရထားများ ပြန်လည် ပြေးဆွဲပေးရမည်ဖြစ်သော
ကြောင့် ၁၉၉၄ ခုနှစ်က သိမ်းယူထားခဲ့သည့် ရထားလမ်းလယ်မြေများကို ပြန်လည် ပေးအပ်ရန်
အစီအစဉ်မရှိကြောင်းလည်း ပါ၀င်ခဲ့သည်။

ထိုသို့ဖြေကြားအပြီး "နစ်နာဆုံးရှုံး သွားတဲ့ လယ်သမားများအတွက် လယ် မြေများ ပြန်လည်ပေး
အပ်ခြင်းမရှိပါက လယ်မြေများကို ကာလပေါက်ဈေးဖြင့် ပြန်လည်လျော်ကြေးပေးစေလိုပါတယ်ရှင့်"
ဟု ဒေါ်နန်းစေအွာက ဆက်လက် တောင်းဆိုလိုက်သည့်အခါတွင် ဦးချန်မောင်က ပြန်လည်ပေး
လျော်နိုင်ရန် စိစစ်ညှိနှိုင်းပြီး ဆောင်ရွက်သွားမည်"ဟု ဆက်လက်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက "ညှိနှိုင်းပြီးတဲ့အခါမှာ အခု တင်ပြချက်နဲ့ ပတ်သက်ပြီး
တော့ မြေသိမ်းခံရတဲ့ လယ်သမားများကို ဘယ်ကာလအပြီး ပြန်လည်လျော်ကြေးပေးနိုင်မယ်ဆိုတဲ့
အဖြေ ထပ်လိုချင်ပါတယ်"ဟု ပြောကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး