ဟောင်ကောင်အခြေစိုက် Studer Trust လူမှုကူညီရေးအဖွဲ့အစည်းက ယခုနှစ်တွင် အစိုးရကျောင်း
နှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၅၁ ကျောင်းအား ပညာသင်ဆု၊ ဆရာဖြစ် သင်တန်း၊
အင်္ဂလိပ်စာသင်တန်းနှင့် ကွန်ပျူတာသင်တန်းများကို ပံ့ပိုးပေးသွားမည်ဟု သိရသည်။
နိုင်ငံဖွံ့ဖြိုးရေးအတွက် အင်္ဂလိပ်စာ နှင့် ကွန်ပျူတာကျွမ်းကျင်မှုမှာ ကလေး များအတွက် အဓိကကျ
သည်ဟု Studer Trust မှ တာဝန်ရှိသူ Werner Kuendig က ပြောကြားသည်။
အဆိုပါအဖွဲ့မှာ ၂၀၀၄ မှ စတင်ပြီး အစိုးရကျောင်းပေါင်း ၂၆ ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာ
ရေးကျောင်း ၂၅ ကျောင်းကို ဆောက်လုပ်လှူဒါန်းခဲ့သည်။
"ဆရာဖြစ်သင်တန်းကျောင်း ဆက်ဖွင့်မယ်။ အင်္ဂလိပ်စာသင်တန်းတွေဖွင့် ပေးမယ်။ ကွန်ပျူတာ ပံ့ပိုး
ပေးပြီး သင်တန်းတွေဖွင့်ဖြစ်မယ်။ ကျောင်းတွေကို လှူဒါန်းတဲ့နေရာ စံနှုန်းတွေရှိတယ်။ ပညာသင်
ထောက်ပံ့ရေး အစီအစဉ်အရ ဆင်းရဲပြီး လိုအပ်နေတာ ဖြစ်ရမယ်။ ကျောင်းသား၊ ကျောင်းသူအနည်း
ဆုံး ၁၀၀ ကျော်ရှိရမယ်။ ကျောင်းဘက်က ပူးပေါင်းပါ၀င်မှုကို အဓိကကြည့်တယ်။ ဆရာဖြစ်
သင်တန်းကို လက်ရှိလှူထားတဲ့ ဘုန်းတော်ကြီးသင် ပညာသင်ကျောင်း တွေမှာ ပေးမယ်။ ပညာသင်
ဆုကို ကျောင်းတစ်ကျောင်းမှာ သုံးယောက်က နေ ငါးယောက်ကို မှန်းထားပါတယ်"ဟု Studer
Trust မှ မန်နေဂျာဖြစ်သူ ဒေါ်ချိုချိုသွင်က ပြောသည်။
"လှူဒါန်းထားတဲ့ ကျောင်းတွေမှာပဲ ဆက်လက်ပေးမယ်။ စာရေးကိရိယာဖိုး၊ ကျောင်းစရိတ်၊ ကျူရှင်
စရိတ်၊ နေထိုင် မကောင်းရင် ပေးတဲ့စရိတ်တွေပါ ပါ၀င်မယ်"ဟု ဒေါ်ချိုချိုသွင်က ပြောကြားသည်။
အခြားမှ ဆက်သွယ်လာသော ကျောင်းများအား ဆက်လက်လှူဒါန်း သွားမည်ဖြစ်သည်။
၎င်းတို့၏ လှူဒါန်းမှုများမှာ ကျောင်းဆောင်ဆောက်လုပ်မှုများ ဖြစ်သည်။















