စီးပွားရေး အခွင့်အလမ်းများ တိုးပွားလာသည်နှင့်အမျှ ပြည်တွင်းလူကုန်ကူးမှု ဖြစ်ပေါ်နိုင်ခြေများကို တားဆီးရန်လို

စီးပွားရေး အခွင့်အလမ်းများ တိုးပွားလာသည်နှင့်အမျှ ပြည်တွင်းလူကုန်ကူးမှု ဖြစ်ပေါ်နိုင်ခြေများကို တားဆီးရန်လို

မြန်မာနိုင်ငံ၏ စီးပွားရေးအခွင့်အလမ်း များ ပိုမိုပွင့်လင်းလာသည်နှင့် အမျှ ပြည်တွင်းလူကုန်ကူးမှုများ
ဖြစ်ပေါ်လာ နိုင်သည့် အခြေအနေများကိုလည်း မျက်ခြည်မပြတ် စောင့်ကြည့်တားဆီး သွားရန်
လိုအပ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနမှ အငြိမ်းစားရဲမှူးကြီး ရာလျန်မုန်းက
လွန်ခဲ့ သော သီတင်းပတ်အတွင်းတွင် ရန်ကုန်မြို့ ၌ ကျင်းပသော လူကုန်ကူးမှု အသိပညာ ပေးရေး
ဆိုင်ရာ ဟောပြောပွဲတွင် ပြောကြားသည်။

"ကျွန်တော်တို့နိုင်ငံက ပိုပွင့်လင်းလာတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ပြဋ္ဌာန်းလာတယ်။ ကုမ္ပဏီ
ပေါင်းများစွာ ၀င်လာတယ်။ အထည်ချုပ်လုပ်ငန်းတွေ အများကြီးပါလာပါပြီ။ အဲဒီအခါကျရင်
ကျွန်တော်တို့ပြောနေတဲ့ ထိုင်းနိုင်ငံမှာလို အလုပ်ရုံတွေမှာ ဈေးနှုန်းသက်သာအောင် ကလေးတွေ
ခိုင်းစားတာတို့၊ လုပ်အားခကို လျှော့ပေးတာတို့၊ ဒါမျိုး တွေ အများကြီး ဖြစ်လာပါလိမ့်မယ်။ မလွဲ
မသွေ ဖြစ်လာပါလိမ့်မယ်။ ထိုင်းမှာ၊ မလေးရှားမှာ ကျွန်တော်တို့ပြောပြောနေတာမှန်သမျှ ပြည်တွင်း
မှာလည်း မကြာခင်တော့ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ဒီဟာကိုလည်း ကျွန်တော်တို့ဦးစားပေးပြီး
အခုကတည်းက စက်ရုံအလုပ်ရုံတွေ မှာ အလုပ်ရှင်များကို ပညာပေးဖို့လိုသလို အလုပ်သမားများကို
လည်း ပညာပေးဖို့ လိုအပ်ပါတယ်" ဟု ၎င်းကပြောသည်။

လူကုန်ကူးမှု တိုက်ဖျက်ရေးတွင် လုပ်ငန်းရှင်များ၊ စီးပွားရေးအဖွဲ့အစည်းများ ပူးပေါင်းပါ၀င်လာသည်
နှင့် အမျှ ဈေးကွက်တွင် ခေတ်သစ်ကျွန်စနစ်နှင့် လွတ်ကင်းသော ကုန်ပစ္စည်းများပေါ် ပေါက်လာရေး
အတွက်လည်း ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု
တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ တွဲဖက် အတွင်းရေးမှူး ရဲမှူးချုပ် ခင်မောင်စီက ပြောသည်။

၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ လူကုန်ကူးမှုဖြစ်စဉ်များအား လေ့လာရာတွင် ရ၀ရာခိုင်နှုန်းသည်
တရုတ်နိုင်ငံသို့ လည်းကောင်း၊ ၂၀ ရာခိုင်နှုန်းသည် ထိုင်း နိုင်ငံသို့လည်းကောင်း ဦးတည်နေပြီး
ပြည်တွင်းလူကုန်ကူးမှုမှာ ၁၀ ရာခိုင်နှုန်း ခန့်ရှိကြောင်း လူကုန်ကူးမှုကာကွယ် တားဆီးရေးအထူး
အဖွဲ့မှ ဒုတိယ ရဲမှူးကြီး ညွန့်လှိုင်က ပြောသည်။

"ပြည်တွင်းလူကုန်ကူးမှုနဲ့ ပတ်သက် ပြီးတော့ ဖြစ်တဲ့ဖြစ်စဉ်တွေမှာ ကြည့်လိုက်မယ်ဆိုရင် အိမ်ဖော်
လုပ်ငန်းမှာ မသိလိုက် မသိဘာသာနဲ့ အိမ်ဖော်အဖြစ် လာတဲ့လူတွေရဲ့ လုပ်အားကို အမြတ်ထုတ်
နေတဲ့ အပြုအမူတွေ ဖြစ်နေ ကောင်း ဖြစ်နေတတ်ပါတယ်။ ဒါတွေက လူကုန်ကူးမှုမြောက်နေပါ
တယ်။ တချို့ကိစ္စတွေမှာ အိမ်ဖော်ကလေးကို လူသားမဆန်တဲ့ ပြုမူဆက်ဆံမှုတွေနဲ့ နှိပ်စက်တာ
တွေ ရှိပါတယ်။ ဒါတွေကို စိစစ်လိုက်တဲ့အခါ ထိုက်တန်တဲ့ လုပ်အားခ၊ အကျိုးအမြတ်မရှိဘဲ
လုပ်အား ကို အမြတ်ထုတ်တဲ့အတွက် လူကုန်ကူးမှု ဥပဒေနဲ့ အရေးယူရတာတွေ ရှိပါတယ်" ဟု
ရဲမှူးချုပ် ခင်မောင်စီက ပြောကြားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး