၂၀၁၃ အာဆီယံပညာသင်ဆု အတွက် ၀င်ခွင့်ခေါ်ယူ
၂၀၁၃ အတွက် အာဆီယံ ပညာသင်ဆုများကို စင်ကာပူနိုင်ငံက စတင်ခေါ်ယူနေပြီဖြစ်ရာ လျှောက်
ထားနိုင်ပြီဖြစ်သည်။
၎င်းပညာ သင်ဆုကို အာဆီယံနိုင်ငံများမှ လျှောက်ထားနိုင်မည်ဖြစ်ပြီး နန်ယန်း နည်းပညာ
တက္ကသိုလ် (Nanyang Technological University)၊ စင်ကာပူအမျိုးသား တက္ကသိုလ် (National
University of Singapore) နှင့် စင်ကာပူ စီမံခန့်ခွဲမှုတက္ကသိုလ် (Singapore Management
University) တို့တွင် ဆေးပညာရပ်၊ သွားဘက်ဆိုင်ရာဆေးပညာရပ်၊ ဗိသုကာပညာရပ်နှင့် ဥပဒေ
ပညာရပ် တို့မှအပ အခြားဘာသာရပ်များကို လျှောက်ထားနိုင်မည်ဖြစ်သည်။
လျှောက်လွှာများကို ဇန်နဝါရီလ ၉ ရက်မှ ဖေဖော်ဝါရီလ ၅ ရက်အတွင်း လျှောက်ထားနိုင်မည်ဖြစ်
သည်။
အသေးစိတ်သိရှိလိုပါက ဒေါ်လှလှသန်း၊ ညွှန်ကြားရေးမဈး၊ နိုင်ငံခြား စီးပွားဆက်ဆံရေးဦးစီးဌာန
ဖုန်း ၀၆၇၄၀၇၃ ၄၂၊ ၀၆၇၄၀၇၀၂၇ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။
ထိုပညာသင်ဆုကို ၁၉၉၉ ခုနှစ်က စတင်ခေါ်ယူခြင်းဖြစ်သည်။
ယွန်းနှင်း
အမျိုးသမီးခေါင်းဆောင်မှု သင်တန်း အခမဲ့ဖွင့်လှစ်မည်
သန္ဓိသင်တန်းကျောင်းသည် အမျိုးသမီးများ၏ စွမ်းရည်နှင့် ခေါင်းဆောင်မှုစွမ်းရည် မြင့်မားစေရန်
အတွက် အမျိုးသမီးခေါင်းဆောင်မှု သင်တန်းကို အမှတ်စဉ်(၂)အဖြစ် ဖွင့်လှစ်မည်ဖြစ်သည်။
ယင်းသင်တန်း ကို ဖေဖော်ဝါရီလ၂၄ ရက်မှစတင်ခါ ဧပြီ လ ၆ ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး
ဖေဖော်ဝါရီလ ၈ ရက် နေ့ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်သည်။
ဖုန်း ၃၈၀၁၅၁၊ ၀၉၇၃၀ ရ၄၂၁၉ အပြင် အမှတ် (၂၅၆/၂၆၆) (၂-လွှာ)၊ ဆိပ်ကမ်းသာလမ်း(အပေါ်
ဘလောက်) သို့ စုံစမ်းနိုင်သည်။
ယွန်းနှင်း















