အရေးပေါ်လူနာများနှင့် မီးဖွားသူများ အခမဲ့ ဆေးဝါးကုသမှု ခံယူနိုင်မည်

အရေးပေါ်လူနာများနှင့် မီးဖွားသူများ အခမဲ့ ဆေးဝါးကုသမှု ခံယူနိုင်မည်

အစိုးရက ယခုဘဏ္ဍာနှစ်အတွင်း ဆေးရုံ အသုံးစရိတ်များ တိုးမြှင့်ပေးလိုက်သဖြင့် အစိုးရဆေးရုံများ
သို့ လာရောက်သည့် အရေးပေါ်လူနာများနှင့် ကလေးမီးဖွား သူတိုင်းအား အခမဲ့ ဆေးဝါးကုသပေး
တော့မည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"အခုလို တိုးမြှင့်လိုက်တဲ့အတွက် အစိုးရကလည်း ဆေးဝါးစရိတ်မတတ် နိုင်တဲ့သူ၊ အကျဉ်းသား၊
ဘာသာရေး ပုဂ္ဂိုလ်တွေနဲ့ အရေးပေါ်လူနာတွေကို အခမဲ့ကုသပေးဖို့ မူဝါဒချမှတ်ထားပါ တယ်"ဟု
၎င်းတာဝန်ရှိသူက ပြောသည်။

၂၀၁၂ ခုနှစ်မှစတင်ပြီး အစိုးရက ကျန်းမာရေးအတွက် ဆေးဝါးဝယ်ယူရန် အသုံးစရိတ် ကျပ် ၆၃
ဒသမ ၈ ဘီလျံ ချမှတ်ပေးခဲ့ပြီး ထိုအထဲမှ ၁၆ ခုတင် အထက် ဆေးရုံများတွင် လိုအပ်သည့် ဆေးဝါး
များကို ပုဂ္ဂလိက ဆေးကုမ္ပဏီများထံမှ သီးသန့်ဝယ်ယူရန် ကျပ် ၁၃,၈၉၈ ဒသမ ၈ သန်း ပေးအပ်ခဲဲ့
ကြောင်း ကျန်းမာရေးဦးစီးဌာန၏ ဘဏ္ဍာရေးဌာနမှ စုံစမ်းသိရှိရသည်။

ထို့ပြင် လာမည့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ် အတွက်လည်း ကျန်းမာရေးအတွက် ဆေးရုံအသုံးစရိတ်များ
တိုးမြှင့်ချထား ပေးမည်ဖြစ်ကြောင်း သိရသည်။

ဆေးရုံများအတွက် အသုံးပြုရန် ကျန်းမာရေးအသုံးစရိတ် မတိုးမြှင့်မီ လွန်ခဲ့သည့်ဘဏ္ဍာနှစ်က
ဆေးဝါးများ ၀ယ်ယူရန် ကျပ်သုံးဘီလျံကျော်သာ အသုံးပြုခဲ့ပြီး ဆေးရုံသုံးပစ္စည်းများ အတွက်
ကျပ်တစ်ဘီလျံသာ အသုံးပြုခဲ့ကာ ယခုနှစ်တွင် ကျပ် ၉၅ ဒသမ ရ၇ ဘီလျံ အသုံးပြုကြောင်း
အဆိုပါဌာနမှ သိရသည်။

အစိုးရက ဆေးဝါးစရိတ်ချထားပေးမှုသည် ဆေးရုံတစ်ရုံနှင့်တစ်ရုံ တူညီမှုမရှိဘဲ ဆေးရုံ၏လိုအပ်ချက်
ပေါ်မူတည်ပြီးချပေးခြင်းဖြစ်ကြောင်း သိရသည်။

"အစိုးရက အရင်တုန်းက လိုအပ်တဲ့ ဆေးတွေကို ဗဟိုဆေးသိုလှောင်ရုံကနေ ပေးပါတယ်။ ဒါပေမဲ့
မလုံလောက်ဘူးဆိုရင် ဆေးရုံရဲ့ ဆေးပဒေသာပင်ထဲကနေ ကုမ္ပဏီဆေးတွေကို တင်ဒါခေါ်ပြီး
၀ယ်ခဲ့ရပါတယ်"ဟု ရန်ကုန် ကလေး ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းထိုက်က ပြော
သည်။

သို့သော် အစိုးရက ချထားပေးသော ဆေးဝါးစရိတ်များသည် လူနာများအား ဆေးဝါးအားလုံး အခမဲ့
ပေးနိုင်မည်် မဟုတ်ဟု ၎င်းက ပြောသည်။

အစိုးရဆေးရုံအများစုသည် ယခင် အစိုးရများ လက်ထက်တွင် ဆေးဝါး ထောက်ပံ့မှု အနည်းအကျဉ်း
သာရရှိသဖြင့် ပြင်ပအလှူငွေများနှင့် လူနာများ ထံမှ ဆေးဝါးများအတွက် ကုန်ကျငွေ ကောက်ခံကာ
ဆေးရုံ၏လိုအပ်ချက်များ ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပြီး ရပ်တည်ခဲ့ရသည်ဟု သိရသည်။

ယခုချိန်တွင် အစိုးရ၏ထောက်ပံ့မှုကို ရရှိနေသော်လည်း မလုံလောက်သေးသဖြင့် ဆက်လက်ရပ်
တည်ရန်မှာလည်း ပြင်ပအလှူရှင်များ၏ ကူညီမှုလိုအပ် နေဦးမည်ဟု ဆိုသည်။

"အစိုးရကချထားပေးသော ဆေးဝါးအသုံးစရိတ်က ကျွန်တော်တို့ဆေးရုံအတွက် သုံး၊ လေးလစာ
လောက်ပဲ ဆေးဝါးသုံးစွဲလို့ရနိုင်မည်" ဟု ရန်ကုန် စိတ်ကျန်းမာရေးဆေးရုံမှ ဆေးရုံအုပ်ကြီး
ဒေါက်တာကျော်စိုးက ပြောကြားသည်။

ရန်ကုန် ကလေးဆေးရုံကြီးသို့ ကျပ် သိန်း ရ၅၀ နှင့် ရန်ကုန် စိတ်ကျန်းမာရေး ဆေးရုံအတွက်
ကျပ်သိန်း ၄၅၀ စသဖြင့် ဆေးများဝယ်ယူရန် အသုံးစရိတ်များ သတ်မှတ်ချပေးထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး