မြန်မာနိုင်ငံရှိ လူဦးရေ ၁ ဒသမ ၁ သန်း ခန့်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ သတ်မှတ်ချက်ဖြစ်
သော အာဆင်းနစ်ဓာတ် အများဆုံးပါ၀င်မှု ပမာဏထက် ကျော်လွန်သော ရေများကို သုံးစွဲနေကြရ
သည်ဟု ၂၀၀၄ ခုနှစ်မှ ၂၀၁၁ ခုနှစ် အထိ ပြုလုပ်ခဲ့သော အာဆင်းနစ် အန္တရာယ် လျော့ပါးရေးအစီ
အစဉ်အရ သိရသည်။
အဆိုပါ ခုနစ်နှစ်တာအစီအစဉ်ကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရေအရင်း
အမြစ် အသုံးချ ရေးဦးစီးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) တို့ ပူးပေါင်း၍
မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၆၆ မြို့နယ်တွင် ဆောင်ရွက်ခဲ့သည်။
မြို့နယ်ပေါင်း ၆၆ မြို့နယ်ရှိ ရေနမူနာ ပေါင်း နှစ်သိန်းငါးသောင်းကျော်ကို အာဆင်းနစ်ဓာတ်ပါ၀င်မှု
စစ်ဆေးချက်အရ ရေနမူနာပေါင်း ရှစ်သောင်းကျော်ခန့်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်
ချက်ထက် ကျော်လွန်နေပြီး ရေနမူနာ တစ်သောင်းရှစ်ထောင်ကျော်ခန့်သည် မြန်မာနိုင်ငံမှ သတ်
မှတ်ထားသည့်စံနှုန်းထက် ကျော်လွန်နေသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ သတ်မှတ်ချက်အရ ရေတွင် အာဆင်းနစ်ပါ၀င်မှုပမာဏယူနစ် ၁၀ ppb
(သုည ဒသမ ၀၁ မီလီဂရမ်/လီတာ) ထက်ကျော်လွန်ပါ က အန္တရာယ်ရှိသည်ဟု သတ်မှတ်ထား
ပြီး မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ သတ်မှတ်ထားသော ရေတွင် အာဆင်းနစ်အများဆုံး
ပါ၀င်နိုင်သော ပမာဏမှာ ၅၀ ppb (သုည ဒဿမ ၀၅ မီလီဂရမ်/လီတာ)ဖြစ်သည်။
မြန်မာနိုင်ငံရှိရေတွင် အာဆင်းနစ် ဓာတ်ပါ၀င်မှုကို ဧရာဝတီနှင့် ပဲခူးတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်
တို့၌ အများဆုံး တွေ့ရှိရသည်ဟု ရေအရင်းအမြစ် အသုံးချရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးကြည်ထွဋ်ဝင်းက ဇန်နဝါရီလ ၂၂ ရက်နေ့က မြန်မာနိုင်ငံ သောက်သုံးရေ တွင် အာဆင်းနစ်ပါ၀င်မှု
အသုံးချ သုတေသနစာတမ်းဖတ်ပွဲတွင် ပြောသည်။
"သုံးစွဲနေတဲ့ရေထဲမှာ အာဆင်းနစ်ပါ၀င်မှုနဲ့ အာဆင်းနစ်ရဲ့အန္တရာယ်တွေ ကို ပြည်သူလူထုက သိရှိမှု
အားနည်းနေ သေးတယ်"ဟု ၎င်းက ရန်ကုန်တက္ကသိုလ် ၀ိဇ္ဇာခန်းမ၌ ပြုလုပ်သော စာတမ်းဖတ်ပွဲ
တွင် ပြောသည်။
အာဆင်းနစ်ပါ၀င်မှု များပြားသော ရေကို ကြာရှည်စွာသောက်သုံးခြင်း၊ ထိတွေ့ခြင်းများကြောင့်
ကင်ဆာရောဂါများ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြော ရောဂါများ၊ အရေပြားတွင် အသားမာတက်
ခြင်းနှင့် အစက်အပြောက်များ ဖြစ် ပေါ်နိုင်ခြင်း၊ သွေးကြောများနှင့် အာရုံ ကြောများ၏ လုပ်ငန်းများ
ပျက်စီးစေခြင်း ဖြင့် နောက်ဆုံးတွင် အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်သည်။
"အာဆင်းနစ်ဟာ အရောင်အဆင်း အနံ့အရသာ မရှိတဲ့အတွက် မသိဘဲ သောက်မိတတ်ကြတယ်။
ကြာရှည် သောက်သုံးမိရင် ရောဂါတွေဖြစ်ပွားစေ နိုင်တဲ့ အတွက် သတိပြုဖို့ လိုအပ်ပါတယ်" ဟု
သုတေသနပညာရှင်တစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။
ရေအရင်းအမြစ် အသုံးချရေးဦးစီးဌာနသည် အဆင့်မြင့်ပညာဦးစီးဌာနနှင့် ပူးပေါင်း၍ မြေအောက်ရေ
တွင်းများ တွင် အာဆင်းနစ်ပါ၀င်မှုအခြေအနေကို ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ပြီး အာဆင်းနစ်
ပါ၀င်မှုများသော ရေများကို ဆက်လက်သုံးစွဲခြင်းမပြုရန် ပိတ်သိမ်း ခြင်းနှင့် ရေတွင်းအသစ်များ
တူးဖော် ပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံ၌ သောက်သုံးရေ အရည် အသွေးစံနှုန်း သတ်မှတ်ထားခြင်း မရှိသေးဘဲ စံနှုန်းတစ်ခု
အနေဖြင့် သတ်မှတ်သွားရန်စီစဉ်နေသည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြော
သည်။
















