မိုးကြောင့် အပျက်အစီးရှိခဲ့သော စပါး ရေမြုပ်တောင်သူများအတွက် ဘဏ်ချေးငွေ ပြန်လည်
ပေးဆပ်မှုကို မေလအထိ နောက်ဆုတ်ပေးထားမည်ဖြစ်သည်ဟု ဇန်နဝါရီလ ၂၂ ရက်နေ့က
နေပြည်တော်၌ ကျင်းပသည့် မြန်မာနိုင်ငံ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲတွင်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဌာနဝန်ကြီး ဦးမြင့်လှိုင်က ပြောကြားလိုက်ကြောင်း အစည်း
အဝေးတက် ရောက်ခဲ့သည့် မြန်မာနိုင်ငံ တောင်သူ လယ်သမားအသင်း(ဗဟို)မှ အတွင်း ရေးမှူး
ဦးသိန်းအောင်က ပြောသည်။
"အစည်းအဝေးမှာ မတ်လမကုန်ခင် လယ်ယာမြေ မှတ်ပုံတင်လုပ်ပေးမယ့်အပြင် စိုက်ပျိုးရေးဘဏ်
မှာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လအတွင်းက လယ်သမားတွေ ယူထားတဲ့အကြွေးကို မေလထိ နောက်ဆုတ်
ပေးထားမယ်လို့ ပြောကြားလိုက်ပါတယ်။ နောက်ဆုတ် ပေးတယ်ဆိုတာက ရေမြုပ် အပျက်အစီး
ရှိတဲ့ လယ်မြေ တွေအတွက်ပဲ ဖြစ်ပါတယ်"ဟု ၎င်းကပြောကြားသည်။















