ကချင်ပြည်နယ်၌ ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများအတွင်း ဖမ်းဆီးရမိခဲ့သော တပ်မတော်မှ
အသက်မပြည့်သေးသည့် ကလေးစစ်သား ရှစ်ဦးကို ယခုလစော စောပိုင်းအတွင်း ကချင်လွတ်
မြောက် ရေးတပ် (ကေအိုင်အေ)မှ ပြန်လွှတ်ပေး ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့
(ILO)မှ အတည်ပြုပြောကြားခဲ့သည်။
အသက်မပြည့်သေးသော ကလေးအရွယ်တွင် တပ်မတော်မှ ခေါ်ဆောင်သွားခဲ့ပြီး ယခုအချိန်၌ ၁၈
နှစ်ကျော်နေပြီဖြစ်သော စစ်သားရှစ်ဦးကို ဇန်နဝါရီ လ ၁၄ ရက်နေ့တွင် လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
အစိုးရနှင့် ကချင်အကြား ILO က ကြားဝင်ဆောင်ရွက်သူအဖြစ် ၎င်းတို့ အား တရားဝင်ထွက်ခွင့်ရ
ရေး အစိုးရနှင့် လုပ်ဆောင်လျက်ရှိသည်။
"စစ်အကျဉ်းသားအဖြစ် ကေအိုင် အေက ထိန်းသိမ်းထားခဲ့တဲ့ အသက်မပြည့်သေးတဲ့ တပ်မတော်
စစ်သည် ရှစ်ဦးကို ကေအိုင်အေထံမှ လက်ခံရရှိ ခဲ့ကြောင်း ILO မှ အတည်ပြုပြောကြားလိုပါတယ်"
ဟု ILO ဆက်သွယ်ရေး အရာရှိ Mr. Steve Marshall က ရန်ကုန် မြို့၌ ဇန်နဝါရီ ၂၀ ရက်က
မြန်မာတိုင်း(မ်)သို့ အီးမေးလ်ဖြင့် ပြောကြားခဲ့သည်။
"သူတို့ပြန်လာရင် လူမှုဝန်ထမ်းဝန်ကြီးဌာနမှ တိုက်ရိုက်အထောက်အပံ့ တွေ ပေးနိုင်အောင် မြန်မာ့
တပ်မတော် နဲ့ အစိုးရက ပူးပေါင်းကူညီခဲ့ကြပါတယ်။
ဒီကလေးတွေ တရားဝင်ထွက်ခွင့် စာရွက်စာတမ်းတွေရရှိရေး ILO က လောလောဆယ် အစိုးရနဲ့
လုပ်ဆောင် နေပါတယ်။ ယူနီဆက်ဖ်နဲ့ သူတို့ရဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကလည်း သူတို့ကို
ပြန်လည်ထူထောင်ရေးအထောက်အပံ့တွေ ပေးပါမယ်။
"ဒီကလေးတွေ ဘေးကင်းရန်ကင်းနဲ့ ပြန်လာနိုင်တာ၊ သူတို့တစ်တွေ ပုံမှန်ဘဝ ပြန်လည်ရလာ
အောင် အခွင့်အလမ်းတွေ ရလာတာ တွေ့မြင်ရတာ အလွန် အားရကျေနပ်ဖို့ ကောင်းပါတယ်။
ဒါဟာ ကေအိုင်အေနဲ့ မြန်မာအစိုးရနဲ့ တပ်မတော်တို့ရဲ့ အပြုသဘောလုပ်ဆောင် ပေးမှုတွေကြောင့်
ပါ။ သူတို့သာ မကူညီ ခဲ့ရင် ဒါတွေဖြစ်လာမှာ မဟုတ်ပါ။ ဒီ အတွက် အသိအမှတ်ပြု ချီးကျူးရမှာပါ။
"အလွန်သိမ်မွေ့တဲ့ကိစ္စ ဖြစ်တာ ကြောင့် ဒီကလေးတွေဟာ ကေအိုင်အေ ထိန်းသိမ်းမှုအောက်မှာ
ဘယ်လောက် ကြာကြာ နေခဲ့ကြရတယ်၊ ဘယ်မှာနေခဲ့ ကြတယ် ဆိုတာတွေကို မပြောနိုင်ပါ" ဟု
Mr. Marshall က ဆိုသည်။
ကေအိုင်အေ ပြောခွင့်ရပုဂ္ဂိုလ် ဦးလာ နန်းကမူ အကျဉ်းသားများကို ရန်ကုန်မှ ILO အရာရှိတွေ
ရောက်လာသည်အထိ တရုတ်-မြန်မာ နယ်စပ်ရှိ မူဆယ်တွင် ထိန်းသိမ်းထားခဲ့သည်ဟု ပြောသည်။
မြန်မာနိုင်ငံ၌ ကလေးစစ်သား ခန့်မှန်း ခြေ ၅,၀၀၀ ရှိသည်ဟု ယုံကြည်ရ ကြောင်း၊ ၎င်းတို့လွတ်
မြောက်ရေး လုပ် ဆောင်မှုများ အရှိန်ရလျက်ရှိကြောင်း မကြာမီက ILO သတင်းထုတ်ပြန်ရေးနှင့်
တွေ့ဆုံမေးမြန်းရာတွင် Mr. Marshall က ပြောကြားခဲ့သည်။
"ကျွန်တော်တို့ဟာ ၂၀၀၇ ခုနှစ်ကစပြီး တိုင်တန်းမှုတွေ စလုပ်ခဲ့ပါတယ်။ ၂၀၀၇ နဲ့ ၂၀၁၁ ခုနှစ်
အတွင်း ကလေး ၂၆၀ လောက်ကို စစ်တပ်ထဲက ပြန်ထုတ်ပေး နိုင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်က ယနေ့
အထိ ၆၀ လောက် ထုတ်ပေးခဲ့ပြီးပါပြီ။ ဒါ ကြောင့် ပြန်ထုတ်ပေးနိုင်တဲ့အရေအတွက်လည်း တိုးနေ
ပါတယ်"ဟု နို၀င်ဘာလအတွင်းက ပြောခဲ့သည်။
ဇွန်လနှောင်းပိုင်းအတွင်း တပ်မတော် မှ ကလေးစစ်သားစုဆောင်းမှုနှင့် အသုံး ပြုနေမှုများကို
တားမြစ်ရန်နှင့် အသက်မပြည့်သေးသည့် ကလေးစစ်သားများကို တပ်မှ ပြန်ထုတ်ခွင့်ပြုရေး လုပ်
ဆောင်ရန် အစီအစဉ်တစ်ခုကို ကုလသမဂ္ဂနှင့် အစိုးရအကြား လက်မှတ်ရေးထိုးခဲ့ကြသည်။
သို့သော် မြန်မာနိုင်ငံ၌ ကလေးစစ်သား အသုံးပြုနေကြသည်မှာ တပ်မတော်တစ်ခုတည်းမဟုတ်ပေ။
၂၀၁၁ ခုနှစ် ကုလသမဂ္ဂအစီရင်ခံစာတစ်ခုအရ ကေအိုင်အေ အပါအဝင် အခြားလက်နက်ကိုင်အဖွဲ့
ခုနစ်ဖွဲ့တို့သည်လည်း အသက်မပြည့်သေးသော ကလေး စစ်သည်များကို စုဆောင်းအသုံးပြုနေ
ကြသည်ဟု ယုံကြည်ရသည်။
ထိုလက်နက်ကိုင်အဖွဲ့များမှာ တိုးတက်သော ကရင်အမျိုးသား ဗုဒ္ဓဘာသာ တပ်မတော် (DKBA)၊
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်၏ ငြိမ်းချမ်းရေး
ကောင်စီ၊ ကရင်နီတပ်၊ ရှမ်းပြည်နယ် တောင်ပိုင်းတပ်နှင့် '၀' ပြည်နယ် ညီညွတ် ရေးတပ်တို့ ဖြစ်ကြ
သည်။
တင်မက္ကလင်















