မော်တော်ယာဉ်သစ်များ ကနဦး မှတ်ပုံတင်လုပ်ငန်းကို ကြန့်ကြာမှု မရှိအောင် ဆောင်ရွက်နေဟုဆို

မော်တော်ယာဉ်သစ်များ ကနဦး မှတ်ပုံတင်လုပ်ငန်းကို ကြန့်ကြာမှု မရှိအောင် ဆောင်ရွက်နေဟုဆို

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှု ဦးစီးဌာနမှ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုစနစ်အရ ပြည်ပ
မှအစားထိုး တင်သွင်းလာသော မော်တော်ယာဉ် အသစ်များအား ကမ-၃ အဝိုင်း မှတ်ပုံတင်စာအုပ်
ရရှိရန် ကနဦးမှတ်ပုံတင်လုပ်ငန်းများအား အဆင့် ငါးဆင့်ဖြင့် လျင်မြန်စွာ ဆောင်ရွက်ပေးလျက်ရှိပြီး
ကြန့်ကြာမှုများမရှိအောင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာန(က.ည.န) က ပွင့်လင်းမြင်
သာစွာ လုပ်ဆောင်သွားမည်ဟု ညွှန်ကြားရေးမှူး ဦးသောင်းလွင်က ပြောကြားသည်။

"ကျွန်တော်တို့ က.ည.န မှာ နှစ်လဲ မှတ်ပုံတင်လုပ်ငန်းနဲ့ ယာဉ်သစ်တွေ အတွက် ကနဦး မှတ်ပုံတင်
လုပ်ငန်းဆိုပြီး နှစ်ပိုင်းရှိပါတယ်။ အဲဒီနှစ်ပိုင်းမှာ ကနဦး မှတ်ပုံတင်လုပ်တဲ့နေရာမှာ မလိုအပ်ဘဲ
ကြန့်ကြာနေတာတွေ ရှိပါတယ်။ ဌာနအနေနဲ့ ကမ-၃ အဝိုင်း ပေးတာကို ၂၁ ရက်အတွင်း အချိန်မီ
ပေးနိုင်အောင် လုပ်ပေးနေပါတယ်" ဟု ဦးသောင်းလွင်က ပြောသည်။

ကနဦးမှတ်ပုံတင်လုပ်ငန်း လုပ် ဆောင်ရာတွင် ကနဦးမူသေနံပါတ် ရယူခြင်း၊ ယာဉ်စစ်ဆေးခြင်း၊
စည်ပင် အခွန်နှင့် အာမခံကျသင့်ငွေ FEC နှင့် မြန်မာကျပ်ငွေ ပေးသွင်းခြင်း၊ အမှုတွဲ လက်ခံခြင်းနှင့်
ကမ-၃ အဝိုင်း မှတ်ပုံတင် စာအုပ်ထုတ်ပေးခြင်းဟူ၍ အဆင့် ငါးဆင့်ဖြင့် က.ည.န မှ ဆောင်ရွက်
ပေးလျက်ရှိသည်။

မူသေအမှတ် ရွေးချယ်မှုအပိုင်းတွင် က.ည.န အနေဖြင့် ကနဦး မော်တော်ယာဉ်များကို မူသေနံပါတ်
သတ်မှတ် ပေးရာတွင် ပေါင်းခြင်း ၁၀၊ ၁၃ ဂဏန်း များ လုံးဝ(လုံးဝ) မပါစေဘဲ ရောက်ရှိ နံပါတ်
အစဉ်အတိုင်း ယခင်ကကဲ့သို့ပင် ထုတ်ပေးလျက်ရှိသည်ဟုဆိုသည်။

ယာဉ်ပိုင်ရှင်များအနေဖြင့် မိမိစိတ် ကြိုက်ယာဉ်အမှတ် ရွေးချယ်လိုပါက လည်း နိုင်ငံတော်အား
တရားဝင် ငွေသွင်း ရွေးချယ်ဝယ်ယူခွင့်ပြုထားသည်။

"မူသေနံပါတ်ပေးပြီး ယာဉ်စစ်ဆေးမှု အတွက် ငွေပေးသွင်းတဲ့အခါ နှစ်ပတ်၊ သုံးပတ်ပဲ ကြာပါတယ်။
ငွေသွင်းရက်စွဲ၊ အမှုသွင်းရက်စွဲတွေကို သုံးပတ်အတွင်း အပြီးလုပ်ပေးတာဖြစ်လို့ တစ်လပဲကြာပါ
တယ်။ ဒီထက်ပိုမကြာပါဘူး။ ဒီထက် ပိုကြာတယ်ဆိုတာကလည်း ပုံမှန်ငွေ မသွင်းကြလို့ပဲဖြစ်ပါ
တယ်" ဟု က.ည.န မှ ဒုတိယညွှန်ကြားရေးမှူး ဦးမိုးမြင့်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး