လွတ်လပ်သော ဗဟိုဘဏ်အဖွဲ့အစည်းဖြစ်လာရန် ဆောင်ရွက်နေ

လွတ်လပ်သော ဗဟိုဘဏ်အဖွဲ့အစည်းဖြစ်လာရန် ဆောင်ရွက်နေ

လွတ်လပ်သော ဗဟိုဘဏ်အဖွဲ့အစည်းအဖြစ် အမြန်ဆုံးအကောင် အထည်ပေါ်လာရန် လွှတ်တော်
တွင်း ဆွေးနွေးမှုများလည်းရှိနေပြီဖြစ်သည်။ ယင်းအတွက် နိုင်ငံတကာဘဏ္ဍာရေး အဖွဲ့အစည်းများ
၏ အကြံဉာဏ်ရယူကာ ပြင်ဆင်နေမှုနှင့်ပတ်သက်၍ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၏ ဒုတိယ ညွှန်
ကြားရေးမှူးချုပ် ဦးသိန်းဇော်ကို မေးမြန်းထားပါသည်။

* ဗဟိုဘဏ်အနေနဲ့ လွတ်လပ်သော အဖွဲ့အစည်းဖြစ်ဖို့ ဘယ်တော့ လောက် ရည်မှန်းထားပါ
သလဲ။

ယခုကျင်းပနေတဲ့ လွှတ်တော်အစည်း အဝေးမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေကို ပြဋ္ဌာန်းနိုင်ဖို့
လွှတ်တော်က စီစဉ်ဆောင်ရွက်နေပါတယ်။ ဒီဥပဒေ ပြဋ္ဌာန်းပြီးတာနဲ့ ဒီဥပဒေနဲ့အညီ ဗဟိုဘဏ်ရဲ့
လုပ်ငန်းတာဝန်တွေကို စတင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒီဥပဒေ အရ Autonomous Central
Bank ဖြစ်လာမှာ ဖြစ်ပါတယ်။

* ဖြစ်ပေါ်လာမယ့် အနာဂတ်ဗဟိုဘဏ်ဟာ လက်ရှိဗဟိုဘဏ်နဲ့ ဘယ်လိုကွာခြားသွားမှာပါလဲ။

မြန်မာနိုင်ငံမှာ fiscal policy နဲ့ monetary policy ကို အဖွဲ့အစည်း တစ်ခုက မူဝါဒချမှတ်ပြီး
အကောင် အထည်ဖော်ခဲ့ပါတယ်။ ဗဟိုဘဏ်ဥပဒေသစ် ပြဋ္ဌာန်းပြီးတဲ့အခါမှာတော့ fiscal policy နဲ့
monetary policy ကို အဖွဲ့ အစည်းနှစ်ခုက သီးခြားစီ မူဝါဒချမှတ်ပြီး တစ်ခုနဲ့တစ်ခု အပြန်အလှန်
ထိန်းကျောင်းသွားမှာ ဖြစ်ပါတယ်။ monetary policy ကို အဓိက တာဝန်ယူရမယ့် အဖွဲ့အစည်း
ဟာ ဗဟိုဘဏ်ဖြစ်လာပါမယ်။ ဒါဟာပစ္စုပ္ပန်ဗဟိုဘဏ်နဲ့ အဓိက ခြားနားသွားတဲ့အချက် ဖြစ်ပါ
တယ်။

* အနာဂတ်ဗဟိုဘဏ်ရဲ့ တာဝန်တွေထမ်းဆောင်ဖို့ ဆရာတို့ဗဟိုဘဏ် ၀န်ထမ်းတွေ
အသင့်ဖြစ်ရဲ့လား။

အလွန်မေးသင့်တဲ့မေးခွန်း ဖြစ်ပါ တယ်။ အခုထွက်လာမယ့် ဗဟိုဘဏ် ဥပဒေအသစ်ကို ဒီနှစ်မှာ
ပြဋ္ဌာန်းခဲ့ရင် ဗဟိုဘဏ်ဥပဒေ ၂၀၁၃ ဖြစ်လာမှာ ဖြစ်ပါတယ်။ လက်ရှိဗဟိုဘဏ်ဥပဒေ ကိုတော့
ဗဟိုဘဏ်ဥပဒေ ၁၉၉၀ လို့ ခေါ်ပါတယ်။ Autonomous Central Bank တည်ထောင်ဖို့ ယခု
အစိုးရနဲ့ လွှတ်တော်က စတင်ပြောဆို လမ်းညွှန်မှု ပေးလာတာ ဖြစ်ပါတယ်။ ကျွန်တော် ဘဏ်မှာ
အလုပ်လုပ်လာတာ ၃၆ နှစ်ရှိပါပြီ။ အစိုးရအမျိုးမျိုးရဲ့အောက်မှာ ဘဏ် ၀န်ထမ်းတစ်ဦးအနေနဲ့
အလုပ်လုပ်လာ ခဲ့ပါတယ်။ ဘယ်အစိုးရကမှ ဒီ idea မရှိခဲ့ ပါဘူး။ ဒီလို policy မျိုးမချခဲ့ပါဘူး။

ရေမရှိရင် သစ်ပင်မရှင်သန်နိုင်သလို ဘဏ်လုပ်ငန်းမဖွ့ံဖြိုးတဲ့ တိုင်းပြည်ဟာ ဘယ်လိုမှ စီးပွားရေး
မတိုးတက်နိုင်ပါဘူး။ လက်ရှိအစိုးရနဲ့ လွှတ်တော်ဟာ ဒီအချက်ကို ကောင်းကောင်းသိပုံရပါတယ်။
ဒါကြောင့် Autonomous Central Bank တည်ထောင်ဖို့ လမ်းညွှန် ခဲ့ပါတယ်။ ထက်ထက်မြက်
မြက်ရှိမယ့် Autonomous Central Bank သာ ဘဏ်လုပ်ငန်းစနစ် ဖွံ့ဖြိုးအောင်လုပ် နိုင်မှာ ဖြစ်ပါ
တယ်။ 

Autonomous Central Bank တည်ထောင်ဖို့ လမ်းညွှန်မှုနဲ့အတူပူးတွဲ ပါလာတာက အမြန်ဆုံး
တည်ထောင်ဖို့ ပါလမ်းညွှန်လာပါတယ်။ လက်ရှိဗဟို ဘဏ် ဥပဒေ၁၉၉၀ နဲ့ လုပ်မယ်ဆိုရင် လုပ်
နိုင်ကိုင်နိုင်တဲ့ အခွင့်အလမ်းတချို့ရှိပေမယ့် ဗဟိုဘဏ်ဥပဒေသစ်ရေးဆွဲပြီးလုပ် မှသာ စံမီတဲ့
Autonomous Central Bank ဖြစ်မှာမို့ ဗဟိုဘဏ်ဝန်ထမ်းတွေ ဟာ ဗဟိုဘဏ်ဥပဒေသစ်ကို
တစ်ဖက် ကရေးဆွဲရင်း တစ်ဖက်ကလည်း ၀န်ထမ်း ဖွဲ့စည်းပုံအသစ် ရေးဆွဲခဲ့ပါတယ်။ ဌာနများ
ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ ဌာနအသစ်များ ဖွဲ့စည်းခဲ့ပါတယ်။ ဥပဒေသစ် မထွက်ပေါ်ခင် ဗဟိုဘဏ်
ဥပဒေ၁၉၉၀ ထဲက လုပ်နိုင်သမျှအလုပ်တွေကိုလည်း လုပ်ခဲ့ပါတယ်။ ဒါတွေအားလုံးကို လက်ရှိ
ဗဟိုဘဏ်ဝန်ထမ်းတွေအားလုံး စုပေါင်းလုပ်ခဲ့တာဖြစ်ပါတယ်။

* လက်ရှိ ဗဟိုဘဏ်ဝန်ထမ်းတွေ စု ပေါင်းရေးလိုက်တဲ့ ဗဟိုဘဏ်ဥပဒေသစ်ဟာ နိုင်ငံတကာစံ
မီပါ့မလား ဆရာ။

ဒီမေးခွန်းအတွက်လည်း ကျေးဇူးတင်ပါတယ်။ နိုင်ငံတကာစံမီပါ့မလား ဆိုတာနဲ့ ပတ်သက်လို့ပြော
ရရင် Autonomous Central Bank ချင်း တူပေမယ့် တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူ နိုင်ပါဘူး။ ဘယ်လို
ပြောရမလဲဆိုရင် မဟာဗျူဟာမှာတူပေမယ့် နည်းဗျူဟာ မှာတော့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ တစ်ထပ်
တည်း မတူကြပါဘူး။ မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ဝင်နိုင်ငံဖြစ်ပါ
တယ်။ ဒါကြောင့် IMF Article IV အရ IMF က ၀န်ထမ်းတွေဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ငွေရေး
ကြေးရေးအခြေ အနေကို နှစ်စဉ်လာရောက် လေ့လာပါတယ်။ IMF ၀န်ထမ်းတွေလာတိုင်း အစိုးရ
ဌာန၊ သမဝါယမဌာန၊ ပုဂ္ဂလိကဌာနတွေ အားလုံးတွေ့ဆုံပါတယ်။ သူတို့တောင်း တဲ့ data အားလုံး
ကိုလည်း ဌာနအားလုံး ကလည်း ပေးရပါတယ်။ သူတို့ကလည်း နှစ်စဉ် အကြံပြုတဲ့စာတမ်းတွေ
ထုတ်ပြန် ပါတယ်။

ကျွန်တော်ပြောချင်တာက IMF မှာ မြန်မာနိုင်ငံရဲ့ ခေတ်အဆက်ဆက်က data တွေရှိပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ငွေရေးကြေးရေး အခြေအနေကိုသိတယ်။ ဗဟိုဘဏ် ဥပဒေသစ်ကို ဗဟို
ဘဏ်ဝန်ထမ်းတွေ ရေးဆွဲစဉ်ကာလ တစ်လျှောက်လုံးမှာ data က ဗဟိုဘဏ်ကို အကြိမ်ကြိမ်လာ
ပြီး လေ့လာသုံးသပ်တယ်။ အကြံပြုတယ်။ ဗဟိုဘဏ်ဝန်ထမ်းတွေ ရေးဆွဲတဲ့ ဥပဒေကြမ်းဟာ
မြန်မာနိုင်ငံရဲ့ငွေရေးကြေးရေးနဲ့ စီးပွားရေးအခြေအနေအရ သင့်တော်မှုရှိတဲ့ Autonomous
Central Bank တစ်ခုထူထောင်ဖို့ ပြည့်စုံ တဲ့ ဥပဒေတစ်ခုဖြစ်တယ်လို့ IMF က လက်ခံတယ်။ ဗဟို
ဘဏ်ဝန်ထမ်းတွေ ရေးဆွဲတဲ့ ဥပဒေကြမ်းကို သတင်းစာက နေတစ်ဆင့် ပြည်သူတွေဆီချပြပြီး
အကြံ ဉာဏ်တွေယူခဲ့တယ်။ ရှေ့နေချုပ်ရုံးကိုလည်း တင်ပြခဲ့တယ်။ အစိုးရအဖွဲ့ကိုလည်း တင်ပြခဲ့
တယ်။ လွှတ်တော်ကိုလည်း တင်ပြခဲ့တယ်။ လွှတ်တော်မှာလည်း ပညာရှင်တွေနဲ့ဖွဲ့ထားတဲ့ ကော်
မတီရှိပါတယ်။ experience ရှိတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ ဒီလိုအဆင့်ဆင့် ဖြတ်သန်းပြီးမှ ထွက်ပေါ်
လာမယ့် ဥပဒေဖြစ်ပါတယ်။

* ခုနကဆရာပြောသွားတယ်။ ဗဟိုဘဏ်ဥပဒေအသစ်ရေးဆွဲစဉ်မှာ ဗဟိုဘဏ်ကဌာနအသစ်တွေ
ဖွဲ့စည်းခဲ့တယ်လို့ ပြောတယ်။ ဘယ်လိုဌာနတွေပါလဲ ဆရာ။

အသစ်ထွက်လာမယ့် ဗဟိုဘဏ်ဥပဒေအရ လုပ်ရမယ့်အလုပ်အသစ်တွေ အတွက် မရှိသေးတဲ့ဌာန
အသစ်တွေ ဖွဲ့ရတာဖြစ်ပါတယ်။ ဥပမာအားဖြင့် ငွေရေးကြေးရေးမူဝါဒဌာန (Monetary Policy
Affairs) တို့၊ ငွေရေးကြေးရေး ဈေးကွက်ဌာန (င်္Financial Market)တို့ ဖြစ်ပါတယ်။ ပြင်ဆင်ဖွဲ့စည်း
တဲ့ဌာနတွေ ကတော့ ငွေကြေးလုပ်ငန်းစီမံခန့်ခွဲမှု ဌာန (Currency Management)တို့၊ ငွေရေး
ကြေးရေး အဖွဲ့အစည်းများကြီး ကြပ်စစ်ဆေးရေးဌာန (Financial Management) တို့၊ ငွေပေးချေမှု
နှင့် စာရင်းရှင်းလင်းရေးဌာန (Payment & Settlement System)တို့၊ ဘဏ်တွင်း စာရင်းစစ်ဌာန
(Internal Audit) တို့ ဖြစ်ပါတယ်။ Internal Audit ဟာ Autonomous Central Bank အတွက်”
အလွန်အရေးကြီးပါတယ်။

Independent ဖြစ်အောင် ပြင်ဆင် ဖွဲ့စည်းရပါတယ်။ သူက Internal Audit ဖြစ်ပါတယ်။
External Audit လည်းရှိရ ပါမယ်။ ဥပဒေသစ်အရ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက External
Auditor ဖြစ်လာမှာဖြစ်ပါတယ်။

* ဗဟိုဘဏ်ဥပဒေသစ် မထွက်ခင် ဗဟိုဘဏ်ဥပဒေ ၁၉၉၀ နဲ့ လုပ်လို့ ရတာတွေကိုလည်း
လုပ်ခဲ့
တယ်လို့ ဆရာပြောခဲ့ပါတယ်။ ဘာတွေလုပ် ခဲ့တာပါလဲ။

ကျွန်တော်ရှေ့မှာပြောခဲ့သလို လွှတ် တော်က Autonomous Central Bank ကို ထူထောင်ဖို့
လမ်းညွှန်မှုနဲ့ အတူ အမြန်ထူထောင်ဖို့ဆိုတာပါ ပါလာပါတယ်။ အမြန်ထူထောင်နိုင်ဖို့ ဘဏ်ဝန်ထမ်း
တွေဟာ ဥပဒေအသစ်ရေးဆွဲ ရင်း ဗဟိုဘဏ်ဥပဒေ ၁၉၉၀ ကတည်းက လုပ်နိုင်တာတွေလုပ်ခဲ့ပါ
တယ်။ ထင်ရှား တာ တစ်ခုပြောရရင် တစ်ချိန်က မြန်မာ ကျပ်ငွေဟာ အမေရိကန်ဒေါ်လာနဲ့
လဲလှယ်ရာမှာ အစိုးရကဈေးတစ်မျိုး၊ အပြင်ဈေးကတစ်မျိုး၊ အခွန်အခတွေ ပေးဆောင်တော့ တစ်မျိုး
နဲ့ အမျိုးမျိုးဖြစ် နေပါတယ်။ နှစ်ပေါင်း ၅၀ လောက် ကမောက်ကမ ဖြစ်ခဲ့တဲ့နိုင်ငံခြားငွေလဲနှုန်း
exchange rate တွေကို အခုအခါမှာတော့ တစ်မျိုး တည်းဖြစ်အောင်လုပ်နိုင်ခဲ့ပါပြီ။

* ဗဟိုဘဏ်ဥပဒေသစ် ထွက်လာရင် ဘယ်လုပ်ငန်းတွေကို အရင်ဆုံး လုပ်ရမှာလဲ ဆရာ။

ဗဟိုဘဏ်ဥပဒေအသစ်က ၂၀၁၃ မှာ ထွက်လာရင် ဗဟိုဘဏ်ဥပဒေ ၂၀၁၃ လို့ သတ်မှတ်ရမှာဖြစ်
ပါတယ်။ ဥပဒေထွက် ထွက်ချင်း ဥပဒေသစ်မှာပါတဲ့လုပ်ငန်း အားလုံးကိုချက်ချင်းလုပ်လို့ရမှာ
မဟုတ် သေးပါဘူး။ transactional period တစ်ခုကိုဖြတ်သန်းရဦးမှာဖြစ်ပါတယ်။ ဗဟိုဘဏ်
ဥပဒေ ၂၀၁၃ အရ စတင်လုပ် နိုင်တဲ့ အလုပ်တွေကို စတင်လုပ်ရမှာဖြစ် သလို မလုပ်နိုင်သေးတဲ့
အလုပ်တွေကို တော့ ဗဟိုဘဏ်ဥပဒေ ၁၉၉၀ အရ လုပ်ကိုင်ရင်း transactional period ကို
ဖြတ်သန်းရမှာဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး